မဟာသမ္ဘဝနှင့် စူဠသမ္ဘဝ အမြွှာညီနောင် (ပန်ထွာမင်းသမီး၏ ဝိညာဉ် ကျိန်စာ)
ပန်ထွာမင်းသမီး၏ မျိုးရိုးကား မင်းမျိုးများဖြစ်ကြသည်။ တကောင်းပြည် အဆက်အနွယ်များ ဖြစ်ကြသည်။ တကောင်းမင်း၏ သားတော် “သတိုးမဟာရာဇာ”(သတိုးမင်းဆက် ၁၇-ဆက်မြောက်)နှင့် မိဖုရားကြီးတို့မှ အမြွှာသားတော်၂ ဦး မွေးဖွားရာ ယင်းတို့အား-မဟာသမ္ဘဝ -စူဠသမ္ဘဝဟု မှည့်ခေါ်ခဲ့သည်။ ထိုအမြွှာညီနောင်အား သာသနာသက္ကရာဇ် ၄၀ (ဘီစီ ၅၀၄) တွင် မွေးဖွားသည်ဟု သမိုင်းတွင် အမှတ်အသားထား၏။ထိုအမြွှာညီနောင်မှာ မိဖုရားကြီး ကိုယ်ဝန်ရှိခိုက် နဂါးမျက်သင့်ခံရလေသောကြောင့် မွေးဖွားလာသောအခါ မျက်စိနှစ်ကွင်း အလင်းမရရှာသော “မျက်မမြင်” ကလေးများအဖြစ် လူ့လောကသို့ ခြေချလာခဲ့ရှာလေသည်။ ထိုအခါ သတိုးမင်းကြီးသည် သားတော် ၂-ပါးအတွက် အရှက်ရလေသောကြောင့် မိဖုရားကြီးအား “ယခုဖွားသော သူ၂-ယောက်ကို တစ်ပါးသူတို့ မသိလေအောင် ဖျောက်ဖျက်လေ”ဟုမိန့်တော်မူလေ၏။ သို့သော်လည်း မိဖုရားကြီးသည် ဝမ်းနှင့်လွယ်မွေးခဲ့ရသော မိမိရင်သွေးတော် ကလေး၂-ဦးအား လွယ်လွယ်ဖြင့် မဖျက်ဆီးနိုင်။ ဆိုးသော … Read more