တော်လှန်ရေးကာလ ဘား ၊ ကလပ်၊ KTV များတွင် ပျော်ပါးနေခြင်းမှာစစ်ကောင်စီကို သွယ်ဝိုက်ပြီးထောက်ပံ့နေသလိုဖြစ်နေကြောင်း ရန်ကုန်တိုင်းပြည်သူ့တပ်မဟာပြော
တော်လှန်ရေးကာလ ဘား၊ ကလပ်၊ KTV များတွင် ပျော်ပါးနေခြင်းမှာစစ်ကောင်စီကို သွယ်ဝိုက်ပြီးထောက်ပံ့နေသလိုဖြစ်နေကြောင်း ရန်ကုန်တိုင်းပြည်သူ့တပ်မဟာပြော တော်လှန်ရေးကာလ၌ ဘား ၊ နိုက်ကလပ် နှင့် ကေတီဗီများတွင် ပျော်ပါးနေခြင်းသည် စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို သွယ်ဝိုက်သည့်နည်းဖြင့် ထောက်ပံ့နေခြင်းဖြစ်နေကြောင်း ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာ၏ ပြောရေးဆိုခွင့်ရှိသူ တာဝန်ခံ Vivienne က လူထုနွေဦးသို့ပြောသည်။ “ဒီလူတွေကို ပြည်သူတွေက ပိုက်ဆံသွားပေးနေသလိုပဲ။ထောက်တိုင်တွေရဲ့ လုပ်ငန်းတွေကို သွားပြီးတော့ အားပေးနေတယ်။ အဲဒီ့လူတွေရဲ့ လုပ်ငန်းကို အားပေးတာက ပိုက်ဆံတွေနဲ့အားပေးနေတာလေ။ အဲဒီလိုပိုက်ဆံတွေနဲ့သွားအားပေးတာက ဘယ်ကိုရောက်လဲဆိုတော့ စစ်ကောင်စီဆီကိုပဲရောက်သွားတာ။ စီးဆင်းသွားတာ။ စစ်ကောင်စီသက်ဆိုးရှည်ဖို့ ဒီပိုက်ဆံတွေနဲ့ ကျားကန်နေတာ။ ရန်ကုန်ပြည်သူလူထုက နားလည်ထားရမှာ ။ ကျွန်မတို့ကိုနှိပ်စက်ဖို့ ထောက်ပံ့ပေးနေတယ်ဆိုတာ နားလည်ဖို့သင့်တယ်။ ဒါလေးကို တစ်ချက်ပြန်ပြီးစဉ်းစားဖို့လိုအပ်တယ်။ ပြည်သူတွေ အရမ်းကိုမနေနိုင်လို့ မွန်းကြပ်လို့ ဘားတွေ … Read more