ပြည်သူတွေကို အာရုံပြောင်းဖို့ကြိုးစားနေသည့် 7th Sense ၏ ကိုယ်ပွားခြေလှမ်းများ
V7 Entertainment ၊ W Entertainment ၊M Entertainment Channel ၊ မီးမီးမွှေးကုမ္ပဏီ ၊SM Winner ၊ဆုံမှတ်၊ Hey Play စသဖြင့် ထုတ်လုပ်ရေးလုပ်ငန်းများစွာကို အမည်ခွဲများစွာဖြင့် ပြန်လည်လှုပ်ရှားလာသည်။ အထူးသဖြင့် အာဏာသိမ်းထားမှု အနည်းငယ်ကြာလာသောအခါ လူထုကို အာရုံပြောင်းလှည့်စားရန်ပိုလုပ်လာခြင်းဖြစ်သည်။ 7th Sense ရုပ်ရှင်ထုတ်လုပ်ရေးသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သမီးဖြစ်သူ ခင်သီရိသက်မွန်ဦးဆောင်၍ စစ်တပ်အပေါင်းအပါများ၊ ခရိုနီများပူးပေါင်း တည်ထောင်ထားသောရုပ်ရှင် ထုတ်လုပ်ရေးဖြစ်သည်။ စစ်အုပ်စုအာဏာသိမ်းမှု ကြောင့် မင်းအောင်လှိုင်နှင့် သားသမီးများ ပိုင်ဆိုင်သော စီးပွါးရေး လုပ်ငန်းများကို အမေရီကန် အစိုးရက ၂၀၂၁ မတ်လတွင် ပထမဆုံးအသုတ် အဖြစ်အရေးယူပိတ်ဆို့ဒဏ်ခတ်ခဲ့ရာ 7th Sense ထုတ်လုပ်ရေးလည်းပါဝင်ခဲ့သည်။ ပြည်သူများကလည်း ဝိုင်းဝန်း သပိတ်မှောက် ခဲ့ကြသည်။ … Read more