အမြန်လမ်းကို စိုးမိုးခြင်း

မြန်မာနိုင်ငံမှာ အမြန်လမ်းမကြီး တခုသာရှိပါတယ်။ စီးပွားရေးမြို့တော် ရန်ကုန် နဲ့ အထက်မြန်မာပြည်မြို့တော် မန္တလေးကို ဆက်သွယ်‌ပေးထားတဲ့ အမြန်လမ်းဖြစ်တယ်။ အဲဒီလမ်းမကြီးကနေပဲ ကုန်စည် ကူးသန်းမှု၊ သွားလာမှု နဲ့ စစ်ရေးအရ တပ်ရွှေ့ပြောင်းမှုတွေကို အဓိက လုပ်ဆောင်နေရပါတယ်။ နိုင်ငံရဲ့ တောင် နဲ့ မြောက် ဒေသတွေကို ဆက်သွယ်ပေးထားပြီး နိုင်ငံအလယ်ပိုင်းမှာ မဟာဗျူဟာမြောက်တည်ရှိနေတာပဲဖြစ်ပါတယ်။ စစ်တိုက်တဲ့အခါ ဆက်သွယ်ရေးလမ်းကြောင်း (Line of Communication) တွေကို ထိန်းချုပ်နိုင်သူကပဲ အသာစီးရလေ့ရှိပါတယ်။ ယခုအခါ နိုင်ငံရဲ့ အရေးကြီးလှတဲ့ အမြန်လမ်းမကြီး အနီးမှာပါ ပြည်သူ့ ကာကွယ်ရေး တပ်မတော် နဲ့ မဟာမိတ်အဖွဲ့တွေက စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲနေသလို အမြန်လမ်းမကြီးနဲ့ ဆက်စပ်ဒေသတွေမှာလဲ မြို့သိမ်း၊ စခန်းသိမ်းပွဲတွေ၊ စစ်ရေးလှုပ်ရှားမှုတွေကို လုပ်ဆောင်နေပါပြီ။ အမြန်လမ်းဆက်စပ်ဒေသလို့ ပြောလို့ရတဲ့ … Read more

အောင်ပွဲ များ ဆင့်ကဲ ဆင့်ကဲ

မနေ့က ပြုလုပ်သည့် တရုတ် နိုင်ငံခြားရေးဝန်ကြီး ဌာန အပတ်စဉ် သတင်းစာ ရှင်းလင်းပွဲတွင် ပြောခွင့်ရ ဝမ် ဝင်းဘင် မှ ဂျပန် သတင်းဌာန NHK ၏ အမေးကို ဖြေကြားရာတွင် သဘောတူညီချက်များကို အမြန် အကောင်အထည် ဖေါ်ကြဖို့၊ အစွမ်းကုန် ချုပ်ဝာည်းကြဖို့ လိုသည်ဟု ပြောသွားခဲ့သည်။ ၎င်းပြောသလို သဘောတူညီချက် ရှိခဲ့သည် ဆိုလျှင်ပင် စာရွက်ပေါ်မှာ သာ ဖြစ်သည်မှာ ပေါ်လွင်နေပေသည်။ လက်ရှိတွင် အာဏာသိမ်းပြီး နောက်ပိုင်း နိုင်ငံတွင်း တရုတ် ရင်းနှီး မြုပ်နှံသည့် စီမံကိန်းများ ဟူ၍ ဆိုလာပြား ထုတ်သည့် အသေးစား စက်ရုံ ငါးခု နှင့် ဓါတ်ငွေ့ စက်ရုံငယ် တခုသာ ရှိသည်ဟု Frontier Myanmar … Read more

စက်သုံးဆီ ပြတ်လပ်၍ ရန်ကုန်သို့ ကုန်စည်အဝင်နည်းပြီး ဈေးတက်

စက်သုံးဆီ ပြတ်လပ်ပြီး ပြင်ပတွင် ဈေးနှုန်းမြင့်တက်ခြင်းကို ရင်ဆိုင်နေရသည့် ရန်ကုန်မြို့ခံများသည် ယခုအခါ နောက်ဆက်တွဲအနေဖြင့် ကုန်စည်အဝင်နည်းပြီး ဈေးနှုန်းတက်သည့်ဒဏ်ကို ခံစားနေရပြီဖြစ်ကြောင်း ရန်ကုန်၏ အဓိက ကုန်စည်ဈေးကွက်ကြီးများဖြစ်သော ဒညှင်းကုန်းဈေးနှင့် ဘုရင့်နောင့်ကုန်စည်ဒိုင်များထံမှ သိရသည်။ ရှမ်းမြောက်ဘက် တိုက်ပွဲများနှင့် ယင်းဒေသဘက်မှ ကုန်တင်ကားများအဝင်နည်းနေခြင်းကြောင့်ဖြစ်သည်ဟု ကုန်သည်များက ဆိုသည်။ “တိုက်ပွဲတွေကြောင့်ရယ်၊ ကုန်ကားတွေက ဆီမရတာနဲ့ ကြန့်ကြာနေတာတွေပေါ့။ ကုန်အဝင်နည်းတယ်။ ရောက်လာတဲ့ကုန်စည်တွေကျတော့ သယ်ယူစရိတ်က အရမ်းများတဲ့အတွက် ဈေးတွေက အရင်တက်နေတာထက် နည်းနည်းတက်ရောင်းရတယ်” ဟု ဘုရင့်နောင်ကုန်စည်ဒိုင်မှ ကုန်သည်တစ်ဦးက ပြောသည်။ ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ဒီဇင်ဘာ လဆန်းပိုင်းမှစတင်၍ စက်သုံးဆီပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့ပြီး မှောင်ခိုဈေးကွက်များတွင် ဈေးကြီးပေးဝယ်နေရ၍ သယ်ယူစရိတ်များကြီးမားပြီး အ‌ခြေခံစားသောက်ကုန်ဈေးနှုန်းများ တက်နေခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် ၂၄ ပြည်ဝင် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၁၈၀,၀၀၀ … Read more

တော်လှန်​ရေးကာလ ဘား ၊ ကလပ်၊ KTV များတွင်​ ပျော်ပါး​နေခြင်းမှာစစ်​ကောင်စီကို သွယ်ဝိုက်ပြီး​ထောက်ပံ့​နေသလိုဖြစ်​နေ​ကြောင်း ရန်ကုန်တိုင်းပြည်သူ့တပ်မဟာပြော

တော်လှန်​ရေးကာလ ဘား၊ ကလပ်၊ KTV များတွင်​ ပျော်ပါး​နေခြင်းမှာစစ်​ကောင်စီကို သွယ်ဝိုက်ပြီး​ထောက်ပံ့​နေသလိုဖြစ်​နေ​ကြောင်း ရန်ကုန်တိုင်းပြည်သူ့တပ်မဟာပြော တော်လှန်ရေးကာလ၌ ဘား ၊ နိုက်ကလပ် နှင့် ကေတီဗီများတွင် ပျော်ပါးနေခြင်းသည် စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို သွယ်ဝိုက်သည့်နည်းဖြင့် ထောက်ပံ့နေခြင်းဖြစ်​နေကြောင်း ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာ၏ ပြောရေးဆိုခွင့်ရှိသူ တာဝန်ခံ Vivienne က လူထုနွေဦးသို့ပြောသည်။ “ဒီလူတွေကို ပြည်သူတွေက ပိုက်ဆံသွားပေးနေသလိုပဲ။ထောက်တိုင်တွေရဲ့ လုပ်ငန်းတွေကို သွားပြီးတော့ အားပေးနေတယ်။ အဲဒီ့လူတွေရဲ့ လုပ်ငန်းကို အားပေးတာက ပိုက်ဆံတွေနဲ့အားပေးနေတာလေ။ အဲဒီလိုပိုက်ဆံတွေနဲ့သွားအားပေးတာက ဘယ်ကိုရောက်လဲဆိုတော့ စစ်ကောင်စီဆီကိုပဲရောက်သွားတာ။ စီးဆင်းသွားတာ။ စစ်ကောင်စီသက်ဆိုးရှည်ဖို့ ဒီပိုက်ဆံတွေနဲ့ ကျားကန်နေတာ။ ရန်ကုန်ပြည်သူလူ‌ထုက နားလည်ထားရမှာ ။ ကျွန်မတို့ကိုနှိပ်စက်ဖို့ ထောက်ပံ့ပေးနေတယ်ဆိုတာ နားလည်ဖို့သင့်တယ်။ ဒါလေးကို တစ်ချက်ပြန်ပြီးစဉ်းစားဖို့လိုအပ်တယ်။ ပြည်သူတွေ အရမ်းကိုမနေနိုင်လို့ မွန်းကြပ်လို့ ဘားတွေ … Read more

မီးနေသည် အခန်းထဲထိ တိုးဝင်လာတဲ့ အကြမ်းဖက်မှု (သို့မဟုတ်) စစ်အာဏာသိမ်းမှုအောက်က မလုံခြုံတဲ့ ဘဝတွေ

ကိုယ်အလေးချိန် ရှစ်ပေါင်နီးပါးအထိ ရှိတဲ့ ကျန်းမာသန်စွမ်းတဲ့ သမီးဦးလေးကို အရပ်လက်သည်နဲ့ အောင်မြင်စွာ မီးဖွားနိုင်ခဲ့တဲ့ အညာသူ မမာလာ (အမည်လွှဲ)တစ်ယောက် မီးဖွားပြီးစ အမောမပြေခင် နာရီပိုင်း အတွင်းမှာပဲ စစ်ပြေးရဖို့ အကြောင်းဖန်လာပါတယ်။ စစ်ကိုင်းတိုင်း မြောင်မြို့နယ် ကျောက်ရစ်ရွာ ရဲစခန်းက စစ်အုပ်စု လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး မမာလာတို့ နေထိုင်တဲ့ ငါးရံ့အိုရွာဘက် စစ်ကြောင်းထိုး လာတာကြောင့် မီးဖွားပြီးစ မမာလာဟာ ရုတ်တရက် စစ်ဘေးရှောင် ထွက်ပြေးခဲ့ရပါတယ်။ မီးဖွားပြီးခါစ သွေးနု သားနုနဲ့ စစ်ရှောင်ခဲ့ရတဲ့ မမာလာဟာ ရုတ်တရက် အခြေအနေမှာ ရင်သွေးငယ်အတွက်ရော၊ သူ့အတွက်ပါ ဘာမှ ပြင်ဆင်ချိန်မရဘဲ စစ်အုပ်စု လက်ကလွတ်မြောက်ဖို့ ကလေးနဲ့အတူ ရွာအပြင် တောစပ်ကို ထွက်ပြေးခဲ့ရတာ ဖြစ်ပါတယ်။ ဆေးရုံ၊ ဆေးခန်း မရှိလို့ … Read more

သစ္စာဖောက်ခံရပြီး ၁၄ နှစ်အကြာတွင် ဖုန် ဆွေမျိုးစု လက်စားချေခြင်း

၂၀၀၉ ခုနှစ်တွင် စစ်ဘုရင် ဖုန်ကြားရှင် သစ္စာဖောက်ခံရပြီး မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းမှ သူ ဆယ်စုနှစ်များစွာ အုပ်ချုပ်ခဲ့သည့် ကိုးကန့်ဒေသကို ထိန်းချုပ်မှု ဆုံးရှုံးခဲ့သည်။ သို့သော် ယခု ၁၄ နှစ်ကြာသောအခါ မြန်မာ့တော်လှန်ရေးနှင့် ဆိုက်ဘာလိမ်လည်မှုကို တရုတ်က စစ်ဆင်ရေးအတွင်း ဖုန် ဆွေမျိုးစုသည် နောက်ဆုံးတွင် လက်စားချေခွင့် ရတော့မည်ဖြစ်သည်။ ပြင်းထန်သော တိုက်ပွဲရက်များစွာအပြီး ၎င်းတို့၏ တပ်သည် ကိုးကန့်အုပ်ချုပ်ရေး မြို့တော် လောက်ကိုင်ကို မိုးနေသည့် သေနင်္ဂဗျူဟာကျသည့် အဓိက စခန်းတခုဖြစ်သော လေးမျက်နှာ ဘုရားကုန်းကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။ ဖုန် ဆွေမျိုးစု၏ ပန်းတိုင်ကို မြင်တွေ့နေရပြီဖြစ်သည်။ “ဒီကိစ္စမှာ မိသားစု ရန်ငြိုးကိစ္စတွေလည်း ပါတယ်” ဟု လွတ်လပ်သော မြန်မာ့အရေး သုတေသီ ဒေးဗစ် မက်သီဆန် က … Read more

ရှမ်း​မြောက်ထိုးစစ်​ရပ်ဖို့ တရုတ်ကိုဒူး​ထောက်ပြီး သစ္စာခံ​တွေကိုထိုး​ကျွေးပြန်တဲ့ စစ်​ကောင်စီ

ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းခေါင်ဆောင်းများဖြစ်သည့် ကိုးကန့်သစ္စာခံများကို တရုတ်အားထိုးကျွေးပြီး ညီနောင်မဟာမိတ်များ၏ စစ်ဆင်ရေးအရှိန် လျော့ကျရန် စစ်ကောင်စီကြိုးပမ်းနေ ပြီးခဲ့သည့်အပတ်အတွင်း စစ်ကောင်စီ၏နိုင်ငံခြားရေး ဝန်ကြီးသန်းဆွေ နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ တွေ့ဆုံပြီးနောက်၊ ဒီအပတ်ထဲတွင် တရုတ်အာဏာပိုင်များက ကိုးကန့်ဒေသရှိ စစ်ကောင်စီ သစ္စာခံ များကို ကျားဖြန့်ငွေလိမ်းဂိုဏ်းများကို ဦးဆောင်သူများအဖြစ် ဖမ်းဆီးရန် ဆုကြေးငွေနှင့် ဖမ်းဝရမ်းထုတ်ခဲ့သည်။ ထို့နောက် ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ၁၀၂၇ စစ်ဆင်ရေးဖြင့်ထိုးစစ်ဆင်နေသည့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီပြန်ကြားရေးအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းထုတ်ပြန်ပြောကြားခဲ့သည်။ ပထမဆုံး ကျားဖြန့်ငွေလိမ်ဂိုဏ်းများသည် တရုတ်နိုင်ငံပြည်သူများအပေါ် ထိခိုက်ဆုံးရှုံးမှုများစွာရှိသည့် ကြီးမားသည့်ပြဿနာဖြစ်သည်ကို သေချာနားလည်သိရှိရန်လိုအပ်သည်။ ပို၍အရေးကြီးသည်မှာ စစ်ကောင်စီနှင့် ထိုငွေလိမ်ဂိုဏ်းများ၏ ပတ်သက်မှုကို ပိုမိုကျယ်ပြန့်စွာ သိရှိရန်အရေးကြီးသည်။ မြန်မာပြည်သူများအနေနှင့် စစ်ကောင်စီ၏ မတရားပြုကျင့်မှု၊ ရက်စက်မှုများကို ခါးသီးစွာသိရှိသော်လည်း၊ တရုတ်ပြည်သူသန်းပေါင်းများစွာအား ဒုက္ခအကြီးအကျယ်ပေးနေသည့် … Read more

မဟုတ်တာမှန်သမျှလုပ်ချင်တိုင်းလုပ်နေခဲ့တာတွေကို ကာဗာပေးပြီးရပ်တည်ခဲ့ချိန်က “ဆွေမျိုးနဲ့ ပေါက်ဖော်”

မဟုတ်တာမှန်သမျှလုပ်ချင်တိုင်းလုပ်နေခဲ့တာတွေကို ကာဗာပေးပြီးရပ်တည်ခဲ့ချိန်က “ဆွေမျိုးနဲ့ ပေါက်ဖော်” အပေးအယူမတည့်တဲ့အချိန်ရောက်လာတော့ “မအေရိုးပါတဲ့စောက်ဆော်”လို့.ပြောနေကြပြီး သံရုံးရှေ့အထိ.စာတန်းတွေကိုင်. အော်ချင်ရာတွေ သွားအော်ပြီး.ငယ်သံပါနေကြပါပြီ ၁၉၆၇.ဇွန်လ စိန/ဗမာအရေးအခင်းအပြီး သံတမန်ဆက်သွယ်ရေးအနိမ့်ဆုံးအဆင့်ကျခဲ့ရာကနေ ၁၉၇၀မှာ.ထိုစဥ်က. မော်စီတုံးရဲ့ဝန်ကြီးချုပ်ချူအင်လိုင်းက နေဝင်းကို ဖိတ်ကြားခဲ့ပြီး.စိနပြည်ကို.သွားလည်ရာက ပြန်လည်ကောင်းမွန်လာခဲ့တဲ့စိန/မြန်မာဆက်ဆံရေးဟာ ၁၉၈၈မှာ.အာဏာထပ်သိမ်းခဲ့ချိန်ကအစပြုလို့ နိုင်ငံတကာပိတ်ဆို့မှု့တွေကို.စိနအားကိုးနဲ့ရပ်တည်ခဲ့ပြီး ထိုစဥ်ကမီးရထားဝန်ကြီးဖြစ်ခဲ့သူအောင်မင်းက “တရုတ်ကိုကြောက်နေရပါတယ်”လို့ သမိုင်းဝင်စကားနဲ့ဝန်ခံခဲ့ရတဲ့အထိ စိနကို.တပည့်ခံလာခဲ့ပြီးမှ… ဒီတခေါက်.မျောက်ဖိုးစိန်က ဆရာ့.ဆရာကြီးများလမ်းစဥ်ကိုသွေဖည်ပြီး ရိုးရာမပျက်.စိနကိုးကွယ်မှု့ကို.ကာပြန်ခဲ့ကာ အတတ်ဆန်းပြီး.အဝေးကြီးက.ရုရှားကို ပြောင်းလဲပူဇော်လိုက်တဲ့အခါ နတ်ကိုင်ခံရသလို.တစ္ဆေကြီးစိနရဲ့ပြုစားခြင်းတွေကြောင့် ဆောက်တည်ရာမရဖြစ်နေခဲ့ပါပြီ. မျောက်ဖိုးစိန်ဟာ. အာဏာကိုသာအငမ်းမရလိုချင်နေပေမဲ့ စိနနဲ့ပတ်သက်တဲ့.ရာဇဝင်ကြောင်းကိုမေ့ထားခဲ့ပုံပါ စိနဟာ.စိန/ဗမာအရေးအခင်းမတိုင်ခင်ကတည်းက သူ့အကူအညီကိုမယူဘဲ. ထိုစဥ်ကဆိုဗီယက်ပြည်ထောင်စု(အခု.ရုရှား)ဆီက နည်းပညာနဲ့အကူအညီရယူခဲ့မှု့ကြောင့် အစာမကြေဖြစ်ခဲ့ပြီး. စိန/ဗမာအရေးအခင်း.မြစ်ဖျားခံရာပြဿနာဖြစ်တဲ့ တရုတ်ကျောင်းတွေကကျောင်းသားတွေကို မော်စီတုံးတံဆိပ်တပ်ပြီး.ကျောင်းတက်စေခဲ့ခြင်း စိနသံရုံးက.ယဥ်ကျေးမှု့တော်လှန်ရေးရဲ့စာအုပ်နီများကို တရုတ်ကျောင်းသားများကိုဖြန့်ဝေခဲ့ခြင်းတို့ ပြုလုပ်ခဲ့ခြင်းကြောင့် မော်စီတုံးတံဆိပ်တပ်ဆင်ကျောင်းတက်သူများကို. မြန်မာဆရာ/ဆရာမများက တားမြစ်ခဲ့ရာကနေ အခြားသော.ကောလဟဠသတင်းများပါ.ပါလာခဲ့ပြီး စိန/ဗမာအရေးအခင်းကြီးဖြစ်လာခဲ့ပါတယ် ဒီအရေးအခင်းကြီးဖြစ်အောင် စိနကလည်း.တမင်လုပ်ယူခဲ့သလို ထိုစဥ်က အာဏာရှင်နေဝင်းကလည်း နိုင်ငံတွင်းမှာ.သူ့ရဲ့လမ်းစဥ်ညံဖျင်းမှု့များဖြစ်တဲ့ ပြည်သူပိုင်သိမ်းယူမှု့၊..စီးပွားရေးနယ်ပယ်တွေမှာ … Read more

“လက်နက်တွေ ယူနီဖောင်းတွေကို မြှုပ်ပြီးတော့ အရပ်သားအနေနဲ့ ပြေးချင်တာပေါ့”

မြန်မာ-တရုတ်နယ်စပ်တစ်လျှောက်တွင် အစည်ကားဆုံးနှင့် အတိုးတက်ဆုံးမြို့ဖြစ်သော လောက်ကိုင်သည် တရုတ်နိုင်ငံ၏ ကျားဖြန့်နှိမ်နင်းရေးနှင့် မြောက်ပိုင်းမဟာမိတ်တို့၏ စစ်ဆင်ရေးတို့ကြောင့် လူသူကင်းမဲ့ကာ တိတ်ဆိတ်ခြောက်ကပ်သွားသည်။ မကြာမီ စစ်တလင်းဖြစ်တော့မည့် အခြေအနေကြောင့် ထောင်နှင့်သောင်းနှင့်ချီသော မြို့ခံများနှင့် အနယ်နယ်အရပ်ရပ်မှ ရွှေ့ပြောင်းအလုပ်သမားများ လောက်ကိုင်ကို စွန့်ခွာထွက်ပြေးကြရသည်။ ကိုးကန့်ဒေသမြို့တော် လောက်ကိုင်ကို စွန့်ခွာလာသူများအနက် လူငယ်တစ်ဦးကိုဆက်သွယ်မေးမြန်းထားသည်။ ရန်ကုန်မြို့ဇာတိ အသက် ၃၀ အရွယ် ထိုလူငယ်မှာ လောက်ကိုင်ရှိ စားသောက်ဆိုင်တစ်ခုမှ ဝန်ထမ်းဖြစ်သည်။ နိုဝင်ဘာ ၉ ရက်နေ့တွင် လောက်ကိုင်မြို့မှ ထွက်ခွာလာပြီးနောက် သီတင်းနှစ်ပတ် ခက်ခက်ခဲခဲကျော်ဖြတ်ပြီးမှ ရှမ်းပြည်နယ်မြောက်ပိုင်းမြို့တော် လားရှိုးကို ရောက်ရှိခဲ့သည်ဟု ဆိုသည်။ လမ်းခရီးတွင် အရပ်ဝတ်ဖြင့် ထွက်ပြေးရန် ကြိုးစားသည့် စစ်သားများလည်း တွေ့ခဲ့ရသည်ဟု ထိုလူငယ်က ပြောသည်။ ဆက်သွယ်မေးမြန်းထားသည်များအနက် စိတ်ဝင်စားဖွယ်အကြောင်းအရာတချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။ မေး – … Read more

ပြည်သူ​တွေကို အာရုံ​ပြောင်းဖို့ကြိုးစား​နေသည့် 7th Sense ၏ ကိုယ်ပွား​ခြေလှမ်းများ

V7 Entertainment ၊ W Entertainment ၊M Entertainment Channel ၊ မီးမီးမွှေးကုမ္ပဏီ ၊SM Winner ၊ဆုံမှတ်၊ Hey Play စသဖြင့် ထုတ်လုပ်ရေးလုပ်ငန်းများစွာကို အမည်ခွဲများစွာဖြင့် ပြန်လည်လှုပ်ရှားလာသည်။ အထူးသဖြင့် အာဏာသိမ်းထားမှု အနည်းငယ်ကြာလာ​သောအခါ လူထုကို အာရုံ​ပြောင်းလှည့်စားရန်ပိုလုပ်လာခြင်းဖြစ်သည်။ 7th Sense ရုပ်ရှင်ထုတ်လုပ်ရေးသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သမီးဖြစ်သူ ခင်သီရိသက်မွန်ဦးဆောင်၍ စစ်တပ်အပေါင်းအပါများ၊ ခရိုနီများပူး​ပေါင်း တည်​ထောင်ထား​သောရုပ်ရှင် ထုတ်လုပ်ရေးဖြစ်သည်။ စစ်အုပ်စုအာဏာသိမ်းမှု ​ကြောင့် မင်းအောင်လှိုင်နှင့် သားသမီးများ ပိုင်ဆိုင်သော စီးပွါးရေး လုပ်ငန်းများကို အ​မေရီကန် အစိုးရက ၂၀၂၁ မတ်လတွင် ပထမဆုံးအသုတ် အဖြစ်အ​ရေးယူပိတ်ဆို့ဒဏ်ခတ်ခဲ့ရာ 7th Sense ထုတ်လုပ်ရေးလည်းပါဝင်ခဲ့သည်။ ပြည်သူများကလည်း ဝိုင်းဝန်း သပိတ်​မှောက် ခဲ့ကြသည်။ … Read more