မဲဆောက်မှာ ပွဲလာတက်သော မေမြင့်မိုရ် ဆန္ဒပြခံရ
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ ကော်ဖီမိတ်ဆက်ပွဲတက်ရောက်ခဲ့သည့် မင်းသမီး မေမြင့်မိုရ် ပွဲ၌ ဆန္ဒပြခံခဲ့ရသည်။ ဇူလိုင် ၂၀ ရက်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ Robinson ကုန်တိုက်၌ ပြုလုပ်သည့် ကော်ဖီ မိတ်ဆက်ပွဲကို စစ်အာဏာသိမ်းခေါင်းဆောင် သမီး၏ ရုပ်ရှင်ထုတ်လုပ်ရေး 7 Sense နှင့် စစ်ကောင်စီလက်အောက်ခံ MRTV 4 တို့၏ မင်းသမီး မေမြင့်မိုရ်တတ်ရောက်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီ နှင့်ဆက်စပ်သော သအနုပညာရှင်ဖြစ်သောကြောင့် ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည့် မသင်းသင်းနွယ်၏ ဖေ့စ်ဘွတ်ခ်၌ရေးသားထားသည်။ “ငါဆိုတာက သူများနိုင်ငံမှာမို့ ဒီလောက်ပဲပညာပြတာ။ ငါ့နိုင်ငံထဲဆို ဒီလိုမြေပြင်မှာဘောမကိုတွေ့ကြည့်ပါလား…ငါ့မျက်စိအောက်တင်အငွေ့ပျံတယ်” ဟု မသင်းသင်းနွယ်ကရေးသားထားသည်။ ကော်ဖီမိက်ဆက်ပွဲပြုလုပ်စဉ် မသင်းသင်းနွယ်က ပရိသတ်ကြားထဲမှ စစ်ကောင်စီဆန့်ကျင်ရေးသင်္ကေတ လက်သုံးချောင်းထောင်၍ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။ “ကရင်မလေးနှစ်ယောက်က ဓာတ်ပုံရိုက်ချင်လို့ဆိုပြီး စင်ပေါ်ကဆင်းလာတော့ခေါ်တာ မလာရဲဘူး။ စင်ရှေ့မှာပဲရိုက် ၊ … Read more