ဝှေခါဗျူဟာကုန်းတိုက်ပွဲမှာစွမ်းရည်ပြသခဲ့သည့် ကလေးငါးဦးမိခင် PDF ရဲဘော်
ဖားကန့်တွင် ကျောက်စိမ်းမဟုတ်သည့် သက်ရှိအဖိုးတန်ရတနာ ထွက်ရှိလာပြီဟု ဒေသခံများက ဂုဏ်ယူဝင်ကြွားစွာပြောသည်။ ” ဒီနေ့ ကျတော်တို့ ဖားကန့်မှာ သူ့အကြောင်းပဲ ပြောနေကြတာ”ဟု ဖားကန့်ဒေသခံတဦးက ဆိုလေသည်။ သူတို့ပြောနေကြသူက ဖားကန့် KPDF တပ်ဖွဲ့ဝင် မချောစု(ခ)ဂျန်မော်ခေါန်ရှောင် အကြောင်းဖြစ်သည်။KPDF ဆိုသည်မှာ ကချင်ပြည်နယ်မှ KIA လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF ဖြစ်ပါသည်။ မချောစု(ခ)ဂျန်မော်ခေါန်ရှောင်သည် အသက် ၄၇ နှစ်အရွယ်ဖြစ်ပြီး ကလေး ငါးဦးမိခင်ဖြစ်သည်။ မူလက စက်ချုပ် လုပ်ငန်းလုပ်ဖြင့် အသက်မွေးသော်လည်းစစ်တပ်က နိုင်ငံတော် အာဏာသိမ်းသည့်အခါ PDF ထဲသို့ ဝင်ပြီး စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်နေသူဖြစ်ကြောင်း KPDF က ဆိုသည်။ ကချင်လွတ်လပ်ရေးတပ်မတော် KIAနှင့်KPDF ပူးပေါင်းတပ်ဖွဲ့သည် ဝှေခါ ဗျူဟာစစ်တပ်စခန်းကုန်းကို ဇန်နဝါရီလ ၁၈ရက်နံနက် ၄နာရီတွင် စတင်တိုက်ခိုက်ခဲ့ပြီး … Read more