Tag: Feature

  • ကရင်နီတွင် စစ်ကောင်စီတပ်များအနေဖြင့်  “ချေမှုန်းခံမလား၊ လက်နက်ချမလား။ ကြိုက်တဲ့လမ်းရွေး။ ချေမှုန်းခံမယ်ဆိုရင် ရယ်ဒီလုပ်ထားပါ” ဟု KNDF ဒုစစ်ဦးစီးချုပ် မာဝီ သတိပေး

    ကရင်နီတွင် စစ်ကောင်စီတပ်များအနေဖြင့် “ချေမှုန်းခံမလား၊ လက်နက်ချမလား။ ကြိုက်တဲ့လမ်းရွေး။ ချေမှုန်းခံမယ်ဆိုရင် ရယ်ဒီလုပ်ထားပါ” ဟု KNDF ဒုစစ်ဦးစီးချုပ် မာဝီ သတိပေး

    ကရင်နီပြည်နယ်တွင် စစ်ကောင်စီတပ်များအနေဖြင့် “ချေမှုန်းခံမလား၊ လက် နက်ချမလား။ ကြိုက်တဲ့လမ်းရွေး။ ချေမှုန်းခံမယ်ဆိုရင် ရယ်ဒီလုပ်ထားပါ” ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF ဒုစစ်ဦးစီးချုပ် မာဝီ သတိပေး ပြောဆိုလိုက်သည်။ ယနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတစ်ဆင့် သတိ ပေးချက် ဗီဒီယိုထုတ်ပြန်၍ အထက်ပါအတိုင်း KNDF ဒုစစ်ဦးစီးချုပ် မာဝီက စစ်ကောင်စီတပ်များကို သတိပေးလိုက်ခြင်းဖြစ်သည်။ “လူထုနဲ့ပူးပေါင်းပြီးတော့ လက်နက်ချမလား၊ ချေမှုန်းခံမလား၊ လမ်း ၂ လမ်းရှိတယ်။ ကြိုက်တဲ့လမ်းရွေး။ နောက်တစ်လှိုင်းထပ်လာမယ်။ ချေမှုန်းခံမယ်ဆိုရင် ရယ်ဒီလုပ်ထားပါ ” ဟု မာဝီက သတိပေးသည်။ KNDF ဒုစစ်ဦးစီးချုပ် မာဝီ၏ ဗီဒီယိုတွင် မာဝီ အပါအဝင် KNDF ရဲဘော်များက စက်သေနတ်များ၊ ငါးကြင်းမြီး…

  • အရှက်ပြေသဘောနဲ့  “ခွာစစ်”တဲ့

    အရှက်ပြေသဘောနဲ့ “ခွာစစ်”တဲ့

    နေပူတော် စစ်ရုံးချုပ်က မအလ ဘာတွေပြောပြီး ဘယ်လိုပြင်ဆင်နေပါသလဲ.. 🤔 ဆိုတော့ နမ့်ခမ်းက တပ်မမှူး နဲ့ စစ်သည်တွေကို ထုတ်ဖော် ချီးကျူးနေပါသတဲ့။ အရှက်ပြေ ဖြစ်မယ်။ ခွာစစ်တော်လို့ ဆိုဘဲ 😂😂😂😂။တကယ်က ဆုတ်ဖို့လမ်းရှင်းပေးပြီး မဟာ မိတ်အဖွဲ့ကတောင် ကားငှားပေးလိုက်ရသေးတယ်ဆိုတာသိရင် မူးတောင်လဲသွားအူးမယ်။ နောက်တစ်ခါကျရင် အသေး စိတ်လေး ဆက်ပြောပြပါ့မယ်။၁၀၁ တပ်မမှူး နဲ့ ကွမ်လုံက အဖွဲ့တွေကိုတော့ DSA အပါတ်စဉ် 40 က သောက်ပဲ့တွေချည်းဘဲဆိုပြီး ဆဲနေတယ်လို့ သိရပါတယ်။ ဘာတွေပြင်ဆင်နေလဲဆိုတော့ စကစတပ် အလဲလဲ အကွဲ ကွဲကြောက်ရတဲ့ ဒရုန်းအတွက် တန်ပြန်တိုက်စစ်စဖို့ ကြိတ်ပြင်ဆင်ပြီး ကာမိကာဇေ ဒရုန်းသင်တန်းတွေလုပ်နေတယ်။ အခု သင်တန်းဆင်းလာပြီလို့ သိရပါတယ်။ကရင်နီဘက်မှာတောင် ရှဟတ် လို့ခေါ်တဲ့ ကာမိကာ​ဇေ စသုံးလာပြီဖြစ်ပါတယ်။…

  • နဂါးကို အားမနာတမ်းဖဲ့လိုက်တဲ့ ပန်ဆယ်လို

    နဂါးကို အားမနာတမ်းဖဲ့လိုက်တဲ့ ပန်ဆယ်လို

    မေ့လောက်ပြီထင်မှ မီဒီယာအင်အားသုံးပြီး အရင်စောက်ချိုး ပြန်ချိုးလာလို့ ပြောမှဖြစ်တော့မယ်။ NUG က သူ့လူတွေကို ဖမ်းထားပါတယ်ဆိုတဲ့ကိစ္စ မီဒီယာကနေတဆင့် နဂါးက ရာဇသံပေးတယ်။ ကြောက်ဖုတ်ကောင်းလိုက်တာဟဲ့။ အဲ့ဇာတ်လမ်းလေး ပြောရအောင်။ နဂါးက သူ့မှာ အင်အား၃၀၀၀ လောက်ရှိတယ် ပြောတယ်။ ယူနီဖောင်း ၃၀၀၀ စာ သိန်းပေါင်းတစ်သောင်းလှူပါဘာညာ။ အဲ့ဒါက ထောက်ပို့သူတွေရဲ့ စဉ်းစားနိုင်စွမ်းပေါ် မူတည်တယ်၊ ကိုယ်နဲ့ မဆိုင်ဘူး။ အင်အား ၃၀၀၀ လောက် ရှိတယ်ပြောပေမယ့် ပုလဲမှာရှိတဲ့ ပျူရွာနှစ်ရွာကို အလှထိုင်ကြည့်နေတယ်။ ဒီကာလမှာ စစ်ကိုင်းထဲမှာ ရှိတဲ့ အဖွဲ့အသေးတွေတောင် စစ်စခန်းသွားမတိုက်နိုင်သေးရင်တောင်မှ ပျူရွာတွေကို ရရင်ရသလို တိုက်ခိုက်နေချိန်မှာ အင်အား၃၀၀၀ ဆိုတဲ့ မိုးလားကဲလားအဖွဲ့ကြီး အခြေစိုက်တဲ့ဒေသမှာ ပျူရွာတွေက ပန်းပန်လျက်ပဲ။ ပုလဲမှာ စစ်ခွေးတွေ စစ်ကြောင်းထိုးလို့ ပြည်သူတွေ…

  • အောင်ပွဲ များ ဆင့်ကဲ ဆင့်ကဲ

    အောင်ပွဲ များ ဆင့်ကဲ ဆင့်ကဲ

    မနေ့က ပြုလုပ်သည့် တရုတ် နိုင်ငံခြားရေးဝန်ကြီး ဌာန အပတ်စဉ် သတင်းစာ ရှင်းလင်းပွဲတွင် ပြောခွင့်ရ ဝမ် ဝင်းဘင် မှ ဂျပန် သတင်းဌာန NHK ၏ အမေးကို ဖြေကြားရာတွင် သဘောတူညီချက်များကို အမြန် အကောင်အထည် ဖေါ်ကြဖို့၊ အစွမ်းကုန် ချုပ်ဝာည်းကြဖို့ လိုသည်ဟု ပြောသွားခဲ့သည်။ ၎င်းပြောသလို သဘောတူညီချက် ရှိခဲ့သည် ဆိုလျှင်ပင် စာရွက်ပေါ်မှာ သာ ဖြစ်သည်မှာ ပေါ်လွင်နေပေသည်။ လက်ရှိတွင် အာဏာသိမ်းပြီး နောက်ပိုင်း နိုင်ငံတွင်း တရုတ် ရင်းနှီး မြုပ်နှံသည့် စီမံကိန်းများ ဟူ၍ ဆိုလာပြား ထုတ်သည့် အသေးစား စက်ရုံ ငါးခု နှင့် ဓါတ်ငွေ့ စက်ရုံငယ် တခုသာ ရှိသည်ဟု Frontier Myanmar…

  • ရှမ်းမြောက်တိုက်ပွဲတွေမှာ စစ်အုပ်စု စစ်ကူ မပေးနိုင်တော့ဘဲ စခန်းတွေ ထပ်မကျဖို့သာ ခုခံနေ

    ရှမ်းမြောက်တိုက်ပွဲတွေမှာ စစ်အုပ်စု စစ်ကူ မပေးနိုင်တော့ဘဲ စခန်းတွေ ထပ်မကျဖို့သာ ခုခံနေ

    မြေပြင်က စစ်အုပ်စုတွေ အသက်မသေချင်ရင် အလင်းဝင်ဖို့ ညီနောင်သုံးဖွဲ့ တိုက်တွန်း ရှမ်းပြည်မြောက်ပိုင်းဒေသမှာ ညီနောင်မဟာမိတ် သုံးဖွဲ့ ဖော်ဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲတွေ အတွင်း စစ်အုပ်စုဟာ စစ်ကူ မပေးနိုင်တော့ဘဲ စခန်းတွေ ထပ်မကျဖို့သာ အသည်းအသန် ခုခံနေရတဲ့ အခြေအနေ ဖြစ်တယ်လို့ ညီနောင်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေး (၅၂) ရက်မြောက်နေ့ ထုတ်ပြန်ချက်မှာ ညီနောင်မဟာမိတ် သုံးဖွဲ့က အဲ့ဒီလို ဖော်ပြပြီး အသက်မသေလိုတဲ့ စစ်အုပ်စု တပ်သားတွေ အနေနဲ့ ပြည်သူ့ရင်ခွင် အမြန်ဆုံး ခိုလှုံဖို့ တိုက်တွန်းထားပါတယ်။ စစ်အုပ်စုဟာ တိုက်ပွဲအများစု မှာ စစ်ကူမပေးနိုင်တော့ဘူးလို့ တရားဝင်ထုတ်ပြန် အသိပေးထားတာပါ။ ညီနောင် သုံးဖွဲ့ရဲ့ ထိုးစစ် အရှိန်ကြောင့် စစ်အုပ်စုဟာ စခန်းတွေ တစ်ခုပြီး…

  • အနိုင်ရသည်အထိဆက်၍ တိုက်ပွဲဝင်မည်ဖြစ်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များအချိန်မီ ပြည်သူ့ဘက် ကူးပြောင်းလာရန် CNF တာဝန်ရှိသူ မေတ္တာရပ်ခံ

    အနိုင်ရသည်အထိဆက်၍ တိုက်ပွဲဝင်မည်ဖြစ်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များအချိန်မီ ပြည်သူ့ဘက် ကူးပြောင်းလာရန် CNF တာဝန်ရှိသူ မေတ္တာရပ်ခံ

    စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး စစ်ဆင်ရေးကို မဖြစ်မနေ အနိုင်ရသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ ၁၀၂၇ စစ်ဆင်ရေးဖြစ်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံ တနံတလျား၌ စခန်းသိမ်းတိုက်ပွဲများကို ထိုးစစ်များကို တော်လှန်ရေးတပ်ဖွဲ့များက လုပ်ဆောင်လာနိုင်သည့် အနေအထားရှိနေကြောင်းလည်း ၎င်းက ဆိုသည်။ “အဓိကကတော့ ဒီ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ရဲတပ်ဖွဲ့ဝင်တွေ ပြီးတော့ စစ်ကောင်စီအောက်မှာ လုပ်နေတဲ့ ပံ့ပိုးနေတဲ့ Non CDM သမားတွေကို မေတ္တာရပ်ခံချင်တယ်။ အချိန်မီ ကျနော်တို့နဲ့ ပူးပေါင်းပါဝင်လာကြပါ။ ကျနော်တို့ ပြည်သူ့ဘက်တော်သားအဖြစ် ပြောင်းပြီး ဝင်လာကြပါ။ ကျနော်တို့ စစ်ဆင်ရေးကတော့ မဖြစ်မနေ အနိုင်ရတဲ့အထိ ကျနော်တို့က ဆက်လက်တိုက်ပွဲဝင်သွားမှာ ဖြစ်တဲ့အတွက် အချိန်မီ ဘက်ပြောင်းလာကြပါလို့ အဓိကတော့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေပေါ့နော်”ဟု ဆလိုင်းထက်နီက ပြောသည်။ လူတစ်စုစာ…

  • ပုလဲမှာ စစ်မတိုက်ပဲ ကောလင်း၊ ကန့်ဘလူမှာစစ်တိုက်မယ်ဆိုလို့ NUG က ထိန်းသိမ်းလိုက်တဲ့ ဗိုလ်နဂါးအကြောင်း

    ပုလဲမှာ စစ်မတိုက်ပဲ ကောလင်း၊ ကန့်ဘလူမှာစစ်တိုက်မယ်ဆိုလို့ NUG က ထိန်းသိမ်းလိုက်တဲ့ ဗိုလ်နဂါးအကြောင်း

    ဗိုလ်နဂါး ရဲ့ BNRA ဒုရင်းမှူး နဲ့ ၁၅ ဦးကို NUG MOD ကန့်ဘလူခရိုင် တပ်ရင်းက ဖမ်းဆီးထားမှု အပေါ် ပြန်လွှတ်ပေးဖို့ BNRA တောင်းဆို ဗိုလ်နဂါး ရဲ့ BNRA ပြည်သာယာ စစ်ကြောင်း က ဒုရင်းမှူး မြင့်စိုး အပါအဝင် ရဲဘော် ၁၅ ဦး နဲ့ ပြည်သူ တဦးကို NUG MOD ကန့်ဘလူခရိုင် ပကဖ နဲ့ တပ်ရင်း ၄ ကနေ ဖမ်းဆီးထားမှု အပေါ် ဒီကနေ့ ဒီဇင်ဘာ ၁၈ ရက် နောက်ဆုံး ထား ပြန်လွှတ်ပေးဖို့ BNRA ဒု စစ်ဦးစီးချုပ် ကိုအောက်ချင်း က ‘’တိုင်းပြည်သူ့ ကာကွယ်…

  • စက်သုံးဆီ ပြတ်လပ်၍ ရန်ကုန်သို့ ကုန်စည်အဝင်နည်းပြီး ဈေးတက်

    စက်သုံးဆီ ပြတ်လပ်၍ ရန်ကုန်သို့ ကုန်စည်အဝင်နည်းပြီး ဈေးတက်

    စက်သုံးဆီ ပြတ်လပ်ပြီး ပြင်ပတွင် ဈေးနှုန်းမြင့်တက်ခြင်းကို ရင်ဆိုင်နေရသည့် ရန်ကုန်မြို့ခံများသည် ယခုအခါ နောက်ဆက်တွဲအနေဖြင့် ကုန်စည်အဝင်နည်းပြီး ဈေးနှုန်းတက်သည့်ဒဏ်ကို ခံစားနေရပြီဖြစ်ကြောင်း ရန်ကုန်၏ အဓိက ကုန်စည်ဈေးကွက်ကြီးများဖြစ်သော ဒညှင်းကုန်းဈေးနှင့် ဘုရင့်နောင့်ကုန်စည်ဒိုင်များထံမှ သိရသည်။ ရှမ်းမြောက်ဘက် တိုက်ပွဲများနှင့် ယင်းဒေသဘက်မှ ကုန်တင်ကားများအဝင်နည်းနေခြင်းကြောင့်ဖြစ်သည်ဟု ကုန်သည်များက ဆိုသည်။ “တိုက်ပွဲတွေကြောင့်ရယ်၊ ကုန်ကားတွေက ဆီမရတာနဲ့ ကြန့်ကြာနေတာတွေပေါ့။ ကုန်အဝင်နည်းတယ်။ ရောက်လာတဲ့ကုန်စည်တွေကျတော့ သယ်ယူစရိတ်က အရမ်းများတဲ့အတွက် ဈေးတွေက အရင်တက်နေတာထက် နည်းနည်းတက်ရောင်းရတယ်” ဟု ဘုရင့်နောင်ကုန်စည်ဒိုင်မှ ကုန်သည်တစ်ဦးက ပြောသည်။ ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ဒီဇင်ဘာ လဆန်းပိုင်းမှစတင်၍ စက်သုံးဆီပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့ပြီး မှောင်ခိုဈေးကွက်များတွင် ဈေးကြီးပေးဝယ်နေရ၍ သယ်ယူစရိတ်များကြီးမားပြီး အ‌ခြေခံစားသောက်ကုန်ဈေးနှုန်းများ တက်နေခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် ၂၄ ပြည်ဝင် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၁၈၀,၀၀၀…

  • အဘသားတေရဲ့ဘဝကလည်းကြားရတာ နားဝင်ကိုချိုလို့ 🤗

    အဘသားတေရဲ့ဘဝကလည်းကြားရတာ နားဝင်ကိုချိုလို့ 🤗

    နမ့်ဆန်မှာ ဖြစ်သွားတာ တော်တော် ရယ်ရတယ်။ ဗျူဟာကုန်းကို စစ်ကူပေးဖို့ ဆိုပြီး တပ်စိတ်တစ်စိတ်ကို ရဟတ်ယာဉ်နဲ့ လာချတာတဲ့။ ရုပ်ရှင်ထဲလို ရဟတ်ယာဉ် ပေါ်ကနေ ကြိုးတွေနဲ့ ဆင်းလာကြတာ ဆိုပဲ။ သူတို့ကိုယ် သူတို့တော့ ကွန်မန်ဒိုတွေ လိုလို ဘာလိုလိုနဲ့ သွေးကြွနေတာပေါ့။ ကံဆိုးတာက အောက်မှာ TNLA တပ်တွေက ရဟတ်ယာဉ်သံ ကြားလို့ အဆင်သင့် လာစောင့် နေတာ သူတို့ မသိလိုက်ဘူး။ အို … ဘာပြောကောင်းမလဲ။ တချို့ဆို မြေကြီးတောင် မနင်းလိုက်ရဘူး။ လေထဲတင် ဘဝတပါး ပြောင်းရွှေ့ သွားကြတာ။ အောက်အထိ ရောက်တဲ့ ကောင်တွေကလည်း ခြေဦးတည့်ရာ စွတ်ရွတ် ပြေးကြတာနဲ့ တပ်ပါပျက်ရော။ ဟိုတလောကမှ DSA ကနေ မင်းအောင်လှိုင် ကျောင်းဆင်း…

  • တော်လှန်​ရေးကာလ ဘား ၊ ကလပ်၊ KTV များတွင်​ ပျော်ပါး​နေခြင်းမှာစစ်​ကောင်စီကို သွယ်ဝိုက်ပြီး​ထောက်ပံ့​နေသလိုဖြစ်​နေ​ကြောင်း ရန်ကုန်တိုင်းပြည်သူ့တပ်မဟာပြော

    တော်လှန်​ရေးကာလ ဘား ၊ ကလပ်၊ KTV များတွင်​ ပျော်ပါး​နေခြင်းမှာစစ်​ကောင်စီကို သွယ်ဝိုက်ပြီး​ထောက်ပံ့​နေသလိုဖြစ်​နေ​ကြောင်း ရန်ကုန်တိုင်းပြည်သူ့တပ်မဟာပြော

    တော်လှန်​ရေးကာလ ဘား၊ ကလပ်၊ KTV များတွင်​ ပျော်ပါး​နေခြင်းမှာစစ်​ကောင်စီကို သွယ်ဝိုက်ပြီး​ထောက်ပံ့​နေသလိုဖြစ်​နေ​ကြောင်း ရန်ကုန်တိုင်းပြည်သူ့တပ်မဟာပြော တော်လှန်ရေးကာလ၌ ဘား ၊ နိုက်ကလပ် နှင့် ကေတီဗီများတွင် ပျော်ပါးနေခြင်းသည် စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို သွယ်ဝိုက်သည့်နည်းဖြင့် ထောက်ပံ့နေခြင်းဖြစ်​နေကြောင်း ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာ၏ ပြောရေးဆိုခွင့်ရှိသူ တာဝန်ခံ Vivienne က လူထုနွေဦးသို့ပြောသည်။ “ဒီလူတွေကို ပြည်သူတွေက ပိုက်ဆံသွားပေးနေသလိုပဲ။ထောက်တိုင်တွေရဲ့ လုပ်ငန်းတွေကို သွားပြီးတော့ အားပေးနေတယ်။ အဲဒီ့လူတွေရဲ့ လုပ်ငန်းကို အားပေးတာက ပိုက်ဆံတွေနဲ့အားပေးနေတာလေ။ အဲဒီလိုပိုက်ဆံတွေနဲ့သွားအားပေးတာက ဘယ်ကိုရောက်လဲဆိုတော့ စစ်ကောင်စီဆီကိုပဲရောက်သွားတာ။ စီးဆင်းသွားတာ။ စစ်ကောင်စီသက်ဆိုးရှည်ဖို့ ဒီပိုက်ဆံတွေနဲ့ ကျားကန်နေတာ။ ရန်ကုန်ပြည်သူလူ‌ထုက နားလည်ထားရမှာ ။ ကျွန်မတို့ကိုနှိပ်စက်ဖို့ ထောက်ပံ့ပေးနေတယ်ဆိုတာ နားလည်ဖို့သင့်တယ်။ ဒါလေးကို တစ်ချက်ပြန်ပြီးစဉ်းစားဖို့လိုအပ်တယ်။ ပြည်သူတွေ အရမ်းကိုမနေနိုင်လို့ မွန်းကြပ်လို့ ဘားတွေ…