ငါတို့ပြည်သူသားကောင်းတွေ ချစ်တဲ့သူရှိလား အောင်သပြေနဲကြိုမှာလား (ရုပ်သံ)

လူငယ်ဆိုတာ ကမ္ဘာကြီးရဲ့ဧည့်ခန်းပဲ…. သူတို့မပြုံးရင် ပန်းမျိုးတုန်းသွားလိမ့်မယ်။ ကိုအင်းဝ စစ်သားစုဆောင်းရေးက စုဆောင်းလို့ ငါတို့ ဝင်တာမဟုတ်ဘူး အာဏာရှင် စစ်တပ်ကိုတော်လှန်ဖို့ ငါတို့သဘောနဲ့ ငါတို့ ကြိုးစားကြတာဖြစ်တယ် ငါတို့ရဲ့ဘဝကို ငါတို့ပိုင်တယ် ငါတို့ရဲ့ဘဝကို ဘယ်အာဏာရှင်ကမှလာပြီး ထိန်းချုပ်ခွင့်မပေးဘူး ငါ့တို့ပြည်သူနဲ့ ငါတို့တစ်သားထဲရှိကြမယ် ပြည်သူအားလုံးလွတ်လပ်စေရမယ် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်၊ စစ်ဗျူဟာအမှတ် -၂ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်ခဲ့… ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်၊ စစ်ဗျူဟာအမှတ် -၂ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာလအတွင်း ပြုလုပ်ကျင်းပခဲ့တယ်လို့ မုဆိုး – The Hunter က ထုတ်ပြန်ပါတယ်။ သင်တန်းဆင်းပွဲမှာ ပြင်းပြင်းထန်ထန် စစ်ရေးလေ့ကျင့်သင်ကြားထားတဲ့ ရဲဘော်သစ်အင်အားပေါင်းများစွာနဲ့အတူ မုဆိုးသစ်‌ပေါင်းများစွာတို့လည်း စစ်သင်တန်းဆင်းခဲ့တာပဲ ဖြစ်ပါတယ်။ ရှေ့တန်းစစ်မျက်နှာပြင်မှာ လက်ရှိ တပ်ရင်း တပ်ဖွဲ့ပေါင်းစုံတို့ရဲ့ ရဲဘော်တို့က မြေပြင်တိုက်ပွဲဝင်နေကြတဲ့အချိန် … Read more

သစ္စာဖောက်ခံရပြီး ၁၄ နှစ်အကြာတွင် ဖုန် ဆွေမျိုးစု လက်စားချေခြင်း

၂၀၀၉ ခုနှစ်တွင် စစ်ဘုရင် ဖုန်ကြားရှင် သစ္စာဖောက်ခံရပြီး မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းမှ သူ ဆယ်စုနှစ်များစွာ အုပ်ချုပ်ခဲ့သည့် ကိုးကန့်ဒေသကို ထိန်းချုပ်မှု ဆုံးရှုံးခဲ့သည်။ သို့သော် ယခု ၁၄ နှစ်ကြာသောအခါ မြန်မာ့တော်လှန်ရေးနှင့် ဆိုက်ဘာလိမ်လည်မှုကို တရုတ်က စစ်ဆင်ရေးအတွင်း ဖုန် ဆွေမျိုးစုသည် နောက်ဆုံးတွင် လက်စားချေခွင့် ရတော့မည်ဖြစ်သည်။ ပြင်းထန်သော တိုက်ပွဲရက်များစွာအပြီး ၎င်းတို့၏ တပ်သည် ကိုးကန့်အုပ်ချုပ်ရေး မြို့တော် လောက်ကိုင်ကို မိုးနေသည့် သေနင်္ဂဗျူဟာကျသည့် အဓိက စခန်းတခုဖြစ်သော လေးမျက်နှာ ဘုရားကုန်းကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။ ဖုန် ဆွေမျိုးစု၏ ပန်းတိုင်ကို မြင်တွေ့နေရပြီဖြစ်သည်။ “ဒီကိစ္စမှာ မိသားစု ရန်ငြိုးကိစ္စတွေလည်း ပါတယ်” ဟု လွတ်လပ်သော မြန်မာ့အရေး သုတေသီ ဒေးဗစ် မက်သီဆန် က … Read more

ရှမ်း​မြောက်ထိုးစစ်​ရပ်ဖို့ တရုတ်ကိုဒူး​ထောက်ပြီး သစ္စာခံ​တွေကိုထိုး​ကျွေးပြန်တဲ့ စစ်​ကောင်စီ

ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းခေါင်ဆောင်းများဖြစ်သည့် ကိုးကန့်သစ္စာခံများကို တရုတ်အားထိုးကျွေးပြီး ညီနောင်မဟာမိတ်များ၏ စစ်ဆင်ရေးအရှိန် လျော့ကျရန် စစ်ကောင်စီကြိုးပမ်းနေ ပြီးခဲ့သည့်အပတ်အတွင်း စစ်ကောင်စီ၏နိုင်ငံခြားရေး ဝန်ကြီးသန်းဆွေ နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ တွေ့ဆုံပြီးနောက်၊ ဒီအပတ်ထဲတွင် တရုတ်အာဏာပိုင်များက ကိုးကန့်ဒေသရှိ စစ်ကောင်စီ သစ္စာခံ များကို ကျားဖြန့်ငွေလိမ်းဂိုဏ်းများကို ဦးဆောင်သူများအဖြစ် ဖမ်းဆီးရန် ဆုကြေးငွေနှင့် ဖမ်းဝရမ်းထုတ်ခဲ့သည်။ ထို့နောက် ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ၁၀၂၇ စစ်ဆင်ရေးဖြင့်ထိုးစစ်ဆင်နေသည့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီပြန်ကြားရေးအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းထုတ်ပြန်ပြောကြားခဲ့သည်။ ပထမဆုံး ကျားဖြန့်ငွေလိမ်ဂိုဏ်းများသည် တရုတ်နိုင်ငံပြည်သူများအပေါ် ထိခိုက်ဆုံးရှုံးမှုများစွာရှိသည့် ကြီးမားသည့်ပြဿနာဖြစ်သည်ကို သေချာနားလည်သိရှိရန်လိုအပ်သည်။ ပို၍အရေးကြီးသည်မှာ စစ်ကောင်စီနှင့် ထိုငွေလိမ်ဂိုဏ်းများ၏ ပတ်သက်မှုကို ပိုမိုကျယ်ပြန့်စွာ သိရှိရန်အရေးကြီးသည်။ မြန်မာပြည်သူများအနေနှင့် စစ်ကောင်စီ၏ မတရားပြုကျင့်မှု၊ ရက်စက်မှုများကို ခါးသီးစွာသိရှိသော်လည်း၊ တရုတ်ပြည်သူသန်းပေါင်းများစွာအား ဒုက္ခအကြီးအကျယ်ပေးနေသည့် … Read more

“ပြည်သူလူထု တစ်ရပ်လုံးစိတ်ချထားပါ။ ကျနော်တို့ ညီနောင်မဟာမိတ် ၃ ဖွဲ့အနေနဲ့ နွေဦးတော်လှန်ရေး အောင်ပွဲရရှိသည်အထိ အတူတကွ ပူးပေါင်းပါဝင်သွားမှာပါ”

တရုတ်အစိုးရရဲ့ ကြားဝင်မှုနဲ့ ညီ​နောင်မဟာမိတ်သုံးဖွဲ့နဲ့စစ်​ကောင်စီတို့ တရုတ်နိုင်ငံ၊ကူမင်းမြို့မှာ ဒီက​နေ့ (ဒီဇင်ဘာ ၁၁) မှာတွေ့ဆုံ​ဆွေး​နွေးခဲ့တယ်လို့ သိရပါတယ်။ ​လောက်ကိုင်မြို့က စစ်​ကောင်စီတပ်နဲ့စစ်​ကောင်စီ ဝန်ထမ်း​တွေထွက်ခွာ​ပေးရမှာဖြစ်သလို ၊ဒီက​နေ့ က​နေ ဒီဇင်ဘာလကုန် အထိ့နှစ်ဖက် အပစ်ရပ်ကြမယ်လို့လည်း စုံစမ်းသိရပါတယ် ။ ၁၀၂၇ စစ်ဆင်​ရေးစတင်ပြီး ရက်ပိုင်းအတွင်းမှာ MNDAA က ​ပြော​ရေးဆိုခွင့်ရှိသူကို ဆက်သွယ်​မေးမြန်းထားတာကို ပြန်လည်​ဖော်ပြ​ပေးလိုက်ပါတယ်။ “ပြည်သူလူထု တစ်ရပ်လုံးစိတ်ချထားပါ။ ကျနော်တို့ ညီနောင်မဟာမိတ် ၃ ဖွဲ့အနေနဲ့ နွေဦးတော်လှန်ရေး အောင်ပွဲရရှိသည်အထိ အတူတကွ ပူးပေါင်းပါဝင်သွားမှာပါ” MNDAA ပြောရေးဆိုခွင့်ရှိသူလီကျာဝင်းနဲ့မေးမြန်းခန်း ကိုးကန့်တပ်မတော်(MNDAA)၊ တအာင်းတပ်မတော်(TNLA)၊ ရက္ခိုင်တပ်တော်(AA) သုံးဖွဲ့ ပူပေါင်း ဖော်ဆောင်လာတဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ အောက်တိုဘာ ၂၇ရက်က စတင်ခဲ့ပြီးဒီကနေ့ နိုဝင်ဘာ ၂ရက်မှာ တစ်ပတ်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ညီနောင်သုံးဖွဲ့နဲ့မဟာမိတ်တပ်တွေဟာ ရှမ်းမြောက်ဒေသ … Read more

စစ်​ရေး နိုင်ငံ​ရေး​လေ့လာသူ ဦးသန်းစိုးနိုင်နဲ့ ​မေးမြန်းခန်း

“ဒီလိုအပေးအယူလုပ်ကြတဲ့ကိစ္စဟာ နွေဦးတော်လှန်ရေးကို မထိခိုက်နိုင်တဲ့ သာမာန်ကိစ္စလေးတစ်ရပ်သာ ဖြစ်တယ်လို့ ပြည်သူလူထုက သဘောထားပြီး ကိုယ့်တာဝန်နဲ့ ကိုယ့်တိုက်ပွဲကို ဆက်လက်ပြီး မြဲမြဲမြံမြံ ဆက်လက်အကောင်အထည် သွား၊ မသွားဆိုတာကို ဆက်ပြီး စောင့်ကြည့်ရမှာပေါ့” တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ ညီ​နောင်မဟာမိတ် ၃ ဖွဲ့နဲ့စစ်​ကောင်စီတို့ တရုတ်နိုင်ငံ၊ကူမင်းမြို့မှာ ဒီက​နေ့ (ဒီဇင်ဘာ ၁၁) တွင်​တွေ့ဆုံ​ဆွေး​နွေးခဲ့တယ်လို့ စစ်​ကောင်စီဘက်ကထုတ်ပြန်လာပါတယ်။ ​လောက်ကိုင်မြို့က စစ်​ကောင်စီတပ်နဲ့ စစ်​ကောင်စီ ဝန်ထမ်း​တွေ ဒီက​နေ့ထွက်ခွာ​ပေးရမှာဖြစ်ပြီး စစ်​ကောင်စီနဲ့ MNDAA တို့ကြား ဒီ​ဇင်ဘာလကုန်အထိအပစ်ရပ်တယ်လို့ ကနဦးစုံစမ်းသိထားရပါတယ်။ ဒီ​တွေ့ဆုံ​​ဆွေး​နွေးမှုအ​ပေါ် စစ်​ရေးနိုင်ငံ​ရေး​လေ့လာသူ ဦးသန်းစိုးနိုင်ကို ဆက်သွယ်​မေးမြန်းထားပါတယ်။ မေး – တရုတ်ရဲ့ကြားဝင်မှုနဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ ဆွေးနွေးတယ်လို့ သတင်းကြားရပါတယ်။ ဒီအခြေအနေအပေါ် ဆရာ့အမြင်လေး သိချင်လို့ပါ။ ဘယ်လိုဆက်ဖြစ်နိုင်မလဲ။ ဖြေ – MNDAA … Read more

ပိတ်ထားသောတံခါး

မင်းနေပြည်တော်၌ လူရွေးပွဲစတင်ပြီဖြစ်သည်။ နေပြည်တော်ဝင်မည့် မြို့တံခါးကြီးမှာ ကြီးကျယ်ခမ်းနားလှသလို ခိုင်ခန့်စွာ တည်ဆောက်ထားသည်။ မြို့တံခါးကို ခတ်ထားသည့် သော့ခလောက်အား ပညာရှင်ပေါင်းများစွာဖြင့် ပြုလုပ်ထားသည်ဆို၏။ သော့ကို လည်း သတ်မှတ်ထားသူက လာပြီးဖွင့်မှသာ ပွင့်နိုင်စေရန် သော့တံကို ကိုင်ထားသည်။ “တိုင်းသူပြည်သား လူအများတို့လေ … နေပြည်တော်တွင် လူစွမ်းကောင်း ရွေးချယ်ပွဲကို ကျင်းပပြုလုပ်မည် ဖြစ်သည်။ နေပြည်တော်မြို့တံခါးကို ဖွင့်နိုင်သည့် မည်သူ့ကိုမဆို နေပြည်တော်၏ လူတော်အဖြစ် ရွေးချယ်ကာ ဆုတော်ငွေများ ချီးမြှင့်မည်ဖြစ်သည်။ တိုင်းပြည်အတွင်းရှိ မည်သူမဆို လူတော်အဖြစ် ဝင်ရောက် ရွေးချယ်ခြင်း ခံယူနိုင်ကြောင်း ကြေညာမောင်းခတ်လိုက်သည်” “ဒူ … ဒူ … ဒူ” တိုင်းပြည်တွင်းက လူတိုင်းစိတ်ဝင်စားစရာဖြစ်သည်။ လူတော်စာရင်းဝင်သွားလျှင် မင်းမှုထမ်းဖြစ်မည်။ မင်းမှုထမ်းဖြစ်လျှင် သူတို့ဘဝအတွက် စိတ်ကူးယဉ်စရာတွေ များလှသည်။ … Read more

အမေစုကတော့ သည်းခံနိုင်စွမ်းရှိပေမယ့် ကိုယ်တွေကတော့ စိတ်နာတယ်

ကန်စွန်းရွက်တစ်စည်း ၃၀၀ ဖြစ်လို့ စောက်ဖောင်းထုတဲ့ မက်အိမ်လုံးတို့၊ ဆီစျေးတက်ပါတယ်ဆိုပြီး ကားပေါ်က ထိုင်အော်တဲ့ ရုပ်ပဲရှိပြီး ဦးနှောက်မပါတဲ့ကောင်တို့၊ ဒေါ်လာစျေး ၁၃၀၀ ကျော်ရင် တိုင်းပြည်ပျက်ပြီဆိုတဲ့ ရွှေနန်းတော်က လောက်မကြီးတို့။ COVID မှာ လူအသေအပျောက် မရှိသလောက်နီးပါး ထိန်းသွားခဲ့တာ။ လက်ဆေးပြရကောင်းလားဆိုပြီး စောက်ဖောင်းထုခဲ့တဲ့ဟာတွေ စောက်ဂျပုလက်ထက် COVID မှာ လူနှစ်သောင်းလောက် သေသွားတာ စောက်သံတစ်ချက် မထွက်ရဲဘူး။ ဒီမိုကရေစီဆိုတဲ့ အရာကို ကိုယ်မရင်းခဲ့ရတိုင်း စောက်အာချောင်တဲ့နေရာမှာ သုံးဖို့သက်သက်လောက် သိခဲ့တဲ့ဟာစားတွေ။ သေနတ်မကိုင်တဲ့ အရပ်သားအစိုးရကျ ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်၊ ဇလီဖားတုံး သွားကြားထိုးမယ်ဆိုတဲ့ဟာတွေက စောက်ပေါက်ရှေ့ ပြောင်းဝတေ့တော့ လျှာလေးနဲ့ ကလိပေးနေကြတယ်။ လေးစားလောက်ပါရဲ့ သတ္တိခဲများ။ ရင်းနှီးပေးဆပ်နေကြချိန်မှာ အတိတ်မေ့သလို ရွှေပျောက်သလို ကြားနေ ကြားနေနဲ့ အဘဘောကြားနေနေတဲ့ဟာစားတွေ တနေ့နေ့ … Read more

ခဝေးတွေရိုက်တဲ့ ကားမို့ Boycott လို ပြောနေကြတာပါ

ခဝေးတွေရိုက်တဲ့ ကားမို့ Boycott လို ပြောနေကြတာပါ။ မင်းသားက ဘယ်သူဘယ်ဝါမို့ဆိုရင်လည်း သူက သရုပ်ဆောင်ခ ရပြီးပါပြီ။ သွားကြည့်လို ပိုက်ဆံရသွားမှာက မင်းအောင်လှိုင်သမီးရဲ့ ကုမ္ပဏီပါ။ အဲ့ဒါလေး သိရင် ရပါပြီ။ 7th Sense ရုပ်ရှင်ထုတ်လုပ်​ရေးက အမည်​ပြောင်းရိုက်ကူးသောကံကောင်းရုပ်ရှင် ရုံတင်ရန်စီစဥ်ပြန် အာဏာသိမ်း​ခေါင်း​ဆောင်သမီးရုပ်ရှင်ထုတ်လုပ်​ရေးမှထုတ်လုပ်​သော ဇာတ်ကားဖြစ်၍ပြည်သူများသပိတ်​မှောက်ပြီး မကြည့်ရန် ​တော်လှန်​ရေးအင်အားစုများတိုက်တွန်း ရုပ်ရှင်ထုတ်လုပ်ရေးနာမည်များပြောင်း၍ ရုံတင်လေ့ရှိသည့် အာဏာသိမ်းစစ်ခေါင်းဆောင်၏သမီး ခင်သီရိသက်မွန် ပိုင်ဆိုင်သော 7th Sense ရုပ်ရှင်ထုတ်လုပ်ရေး က “ခတ္တိယ” ထုတ်လုပ်ရေးအမည်ဖြင့် ကံကောင်း ရုပ်ရှင်ဇာတ်ကားကိုရုံတင်ရန် စီစဉ်နေ​ကြောင်းစုံစမ်းသိရသည်။ ကံကောင်း ရုပ်ရှင်ကို ယ​နေ့ (နိုဝင်ဘာ ၂၄ ရက်)တွင် ရုံတင်ပြသမည်ဖြစ်ပြီး အာဏာသိမ်း​ခေါင်း​ဆောင်မင်းအောင်လှိုင်သမီး၏ ထုတ်လုပ်ရေးမှ ရိုက်ကူးထားသည့် ဇာတ်ကားဖြစ်သောကြောင့် ပြည်သူများအနေဖြင့် သွားရောက်ကြည့်ရှုခြင်းမပြုဘဲသပိတ်မှောက်( Boycott )ကြရန် … Read more

မြန်မာပြည် ဘိုးဘွားရိပ်သာတွေရဲ့ လွဲမှားနေတဲ့ ဓလေ့ထုံးစံတစ်ခု (ပြင်ကို ပြင်သင့်ပါတယ်)

မြန်မာပြည် ဘိုးဘွားရိပ်သာတွေရဲ့ လွဲမှားနေတဲ့ ဓလေ့ထုံးစံတခု (ပြင်ကို ပြင်သင့်ပါတယ်) မြန်မာပြည် ဘိုးဘွားရိပ်သာတွေရဲ့ လွဲမှားနေတဲ့ ဓလေ့ထုံးစံတခု (ပြင်ကို ပြင်သင့်ပါတယ်) ဘိုးဘွားရိပ်သာတွေမှာထုံးစံတစ်ခုရှိတယ်။ ထမင်းမစားခင် အလှူရှင်ကိုဆုတောင်းမေတ္တာပို့ပေးတဲ့ ဆုတောင်း ရှည်ကြီးကို အဘိုးကြီးအဖွားကြီးတွေက လက်အုပ် ကလေးတွေချီပြီး ဗိုက်ဆာနေတဲ့ကြားက ခွန်အားမရှိ တော့တဲ့ အသံတိုးတိုးလေးတွေကို အားစိုက်ပြီး မောနေ အောင်ဆုတောင်းပေးကြရရှာတယ်။ ဒါကိုထမင်းလှူ တဲ့လူက ပြုံးပြုံးကြီးနားထောင်နေတယ်။ ငါတို့ထမင်း ကျွေး တာ ဒီလောက်တော့ပြန်လုပ်ပေးရမှာပေါ့လို့ ယူဆနေကြရော့သလား? ခံယူချက်အမျိုးမျိုး ရှိကြမှာ ပေါ့လေ။ အလှူရှင်တွေကဒီလိုလုပ်ပေးမှကျေနပ်ကြသတဲ့။ ဒီ ကိစ္စ ကိုသတိထားမိတဲ့နောက်ပိုင်း ဘယ်တော့မှ ဆုမတောင်း ခိုင်းတော့ဘူး။ ရိပ်သာအုပ်ချုပ်ရေးမှုးကိုပြောထားတယ်။ ကျွန်တော်လှူရင်ဆုမတောင်းစေနဲ့။ တစ်ခါထဲတန်းဝင် တစ်ခါထဲထိုင်စားပဲ။ ကုသိုလ်ရချင်လို့ လာလှူတာလဲ မဟုတ်ဘူး။ လူသားတစ်ယောက်အနေနဲ့ လောကဝန် ကိုနိုင်တဲ့နေရာက … Read more