စစ်ရှောင်တွေကို သွားကူရင်း မိသားစုတစ်စု ထော်လာဂျီတစ်စီးနဲ့ လမ်းမှာ ငိုယိုပြီး ငြင်းခုံနေကြတာတွေ့တော့ ..
စစ်ရှောင်တွေကို သွားကူရင်း မိသားစုတစ်စု ထော်လာဂျီတစ်စီးနဲ့ လမ်းမှာ ငိုယိုပြီး ငြင်းခုံနေကြတာတွေ့တော့ .. အော….ကိုယ်လည်း သူတို့လည်း စစ်ရှောင်ဖို့နေရာမရသေးလို့နေမှာ လို့တွေးပြီး… “အဒေါ်တို့ဘယ်က စစ်ရှောင်လာသလဲ နေရာရကြပြီလား ဘာကူညီပေးရမလဲ “ မေးကြည့်တော့ … ငါ့သားလေးကို မြုပ်ဖို့နေရာမတွေ့သေးဘူး တဲ့လေး .. ရင်တွေလည်းဆို့နစ်ရပါတယ်😞 အိမ်မှာနေရင်း လက်နက်ကြီးကျထိပြီး လက်နက်ကြီးဒါဏ်ရာနဲ့ ဆုံးပါးသွားတဲ့ သူ့ကလေးအလောင်းကို ထော်လာဂျီနဲ့တင်ပြီး စစ်ရှောင်နေရတယ် တစ်လမ်းလုံး မြုပ်ရမယ့်နေရာကိုရှာတယ် အချို့က သူတို့နေရာမှာ မြုပ်ဖို့လက်မခံဘူးဆိုတာရှိသေးးး😞 ကျမတို့နဲ့ တွေ့တဲ့အချိန်က ညနေစောင်းနေဝင်ခါနီးနေပြီ .. အဲဒါကြောင့် ကဗျာကယာ လမ်းမှာတွေ့တဲ့သူတွေကို အကူအညီတောင်း မြုပ်ဖို့နေရာရှာပေးပြီး မြေမြုပ်သဂြိုလ်ညီပေးရ တယ် … မြန််မာပြည်မှာ လူဖြစ်ရတဲ့ဒုက္ခတွေ မသေးပါလားးး ကိုယ်တွေ တနေ့ တစ်နေ့ အဆင်မပြေဘူး … Read more