Tag: Feature

  • ငါရတာ ငါယူမယ်ဆိုတဲ့ဘက် ယိမ်းသွားရင် ပြဿနာက ဖြစ်မှာပဲ

    ငါရတာ ငါယူမယ်ဆိုတဲ့ဘက် ယိမ်းသွားရင် ပြဿနာက ဖြစ်မှာပဲ

    by

    in

    တိုင်းနှင့် ပြည်နယ်များအနက် အကျယ်ဝန်းဆုံးဖြစ်သော ရှမ်းပြည်နယ်၌ ရှမ်း၊ ကချင်၊ ပလောင်(တအာင်း)၊ ဝ၊ ကိုးကန့်၊ ပအိုဝ်၊ တောင်ရိုး၊ ဓနု၊ အင်းသား၊ လီဆူး၊ လားဟူ၊ အာခါစသည့် တိုင်းရင်းသားများနေကြသလို မိမိတို့ လူမျိုးစုအလိုက် တပ်များဖွဲ့စည်းကာ စစ်အာဏာရှင်စနစ်ကို တော်လှန်နေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလကမူ ရှမ်းမြောက်ရှိ ကိုးကန့်၊ ပလောင်(တအာင်း)တို့က ၁၀၂၇ စစ်ဆင်ရေးဖြင့် စစ်ကောင်စီ တပ်ကို တိုက်ခိုက်ရာ ကိုးကန့်တနယ်လုံး လွတ်မြောက်ခဲ့သည်သာမက မြောက်ပိုင်း မြို့တော်လားရှိုး အခြေရှိ သိန်းနီမြို့နယ် ကိုပါ သိမ်းပိုက်နိုင်ခဲ့သလို အနီးဝန်းကျင်ရှိ နမ့်ခမ်း၊ နမ့်ဆန်၊ နမ္မတူစသည့် မြို့များကိုပါ တိုင်းရင်းသားတပ်များ ရရှိခဲ့သည်။ ယခု ဇွန်လနှောင်းပိုင်း ပြန်စခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး”…

  • ကျင့်ဖျင် ခေါင်းပေါ်ပါ တက်ထိုင်ပြလိုက်တဲ့ မြနန္ဒာအေးအောင်

    ကျင့်ဖျင် ခေါင်းပေါ်ပါ တက်ထိုင်ပြလိုက်တဲ့ မြနန္ဒာအေးအောင်

    (၁) ရုတ်တရက် ဝင်လာပြီးပွဲကတယ်၊ ရှေ့တိုးပြီးလို့ ရတဲ့နေရာမှာ အထိုင်ချတယ်၊ ပြီးတော့ ခဏနားမယ်လို့ ခပ်တည်တည်ကြေညာတယ်၊ လာထိရင် ပြန်ထိမယ်လို့လည်း ပြောလိုက်သေးတယ်။ ကျန်း ဘယ်လောက် မခန့်လိုက်သလဲ၊ ရှိသေးတယ် ဒါကို ခေါင်းစဥ်တပ်တော့ ရှီကျင့်ဖင် လာပြောလို့ အားနာနာနဲ့ ခဏနားတာတဲ့၊ ခဏနားတာတောင် ရှိတာတွေနဲ့ အဲဘက် လှည့်ချိန်ထားတုန်း တဲ့။ တွေ့လား အာ့လို ခဏ နားတယ်ပြောတော့ အရင် ဟိုင်ဂင် တုန်းက နေရာထိ နောက်ပြန်ဆုတ်ပေး လိုက်ရလို့လား။ နေရာအစုံမှာ ရှေ့တိုး လာတာချည်းပဲ မဟုတ်လား။ ဒါတောင် ဒီတခေါက်နားရင် လေကာတွေ အသေအချာလုပ်မယ်လို့ ထုတ်ကြေညာ ပြလိုက်သေးတာ။ တွေ့လား မြနန္ဒာအေးအောင် အကွက်ရွှေ့ပုံက ဒီတခါ ရှီကျင့်ဖင် ခေါင်းပေါ်ပါ တက်ထိုင်ပစ်လိုက် တာနော်။…

  • စစ်ကောင်စီသေဆုံးအလောင်းတွေ ပုံနေပြီး မြှုပ်ရာနေရာ ရှားပါး

    စစ်ကောင်စီသေဆုံးအလောင်းတွေ ပုံနေပြီး မြှုပ်ရာနေရာ ရှားပါး

    by

    in

    ငါတို့နိုင်နေပြီဆိုခြင်းထက် သူတို့လွတ်မြောက်နေပြီဆိုရခြင်းက ပို၍မှန်ကန်မယ်ထင်ပါတယ်။ သံတွဲမြို့က စစ်ကောင်စီအကျဉ်းထောင်ကို အာရက္ခတပ်တော် AA က ဝင်ရောက်စီးနင်းခဲ့ပြီး စစ်ကောင်စီမှ မတရားဖမ်းဆီးအကျဉ်းချထားတဲ့ အကျဉ်းသား ၁၀၀ ဦးကို ပြန်လည်ကယ်ထုတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် မန္တလေးဒေသအတွင်းက စဉ့်ကူးမြို့မှာလည်းပဲ အဆိုတော်တသသအပါအဝင် အခြားသော နိုင်ငံရေးအကျဉ်းသားတွေကို တော်လှန်ရေးတပ်ဖွဲ့များဖြစ်တဲ့ PDF တပ်ပေါင်းစုက ပြန်လည်ကယ်ထုတ်နိုင်ခဲ့ကြပါတယ်။ အမြဲတမ်းနောက်တန်းဌာနေအဖြစ် စစ်ကောင်စီတပ်က သတ်မှတ်ခြင်းပြုထားတဲ့ အေလာလေတပ်ပင်လျှင် အသေပျောက်များစွာဖြင့် ရင်ဆိုင်နေကြရပါပြီ။ အနိုင်ကျင့်သိမ်းယူထားကြတဲ့ အမျိုးသားပြယုတ် မန္တလေးနန်းတွင်းမှာပင် အနိုင်ကျင့်သိမ်းယူထားတဲ့ စစ်ကောင်စီသေဆုံးအလောင်းတွေ ပုံနေပြီး မြှုပ်ရာနေရာ ရှားပါးနေတယ်လို့သိရပါတယ်။ တူမီးဖြင့်စခဲ့တဲ့ ပြည်သူ့တော်လှန်ရေး၊ ဘယ်ခရီးအထိပေါက်သလဲဆိုလျှင်ဖြင့် စစ်ကောင်စီက ပြည်သူ့စစ်ဆိုပြီးအမည်တပ် မွေးထုတ်ထားတဲ့ ပျူစောထီးစခန်းတွေ၊ ရွာတွေဆိုသည်မျှက တော်လှန်ရေးတပ်ဖွဲ့များရဲ့ စစ်ရေးလေ့ကျင့်ရာနေရာသာလျှင် ဖြစ်လာတယ်။ ဒုတိယကမ္ဘာစစ်လက်ကျန်လက်နက်များနှင့် G3 မျှသာ ကိုင်ဆောင်ရတဲ့ ပျူစောထီးတွေ…

  • သံတွဲငပလီကို အေအေ ထိန်းချုပ်နိုင်ပြီလား

    သံတွဲငပလီကို အေအေ ထိန်းချုပ်နိုင်ပြီလား

    by

    in

    ရခိုင်ပြည်နယ်တောင်ပိုင်းက သံတွဲမြို့နဲ့ ၃ မိုင်ဝန်းကျင်ကွာဝေးတဲ့ သံတွဲ(ငပလီ)လေဆိပ်အပါအဝင် သံတွဲတစ်မြို့လုံးကို သိမ်းပိုက်နိုင်ဖို့ အာရက္ခတပ်တော် (ရက္ခိုင့်တပ်တော် အေအေ)က ထိုးစစ်အရှိန်မြှင့်နေပါတယ်။ ရခိုင်တောင်ပိုင်းက သံတွဲမြို့ကို အေအေက (၁၁) မြို့မြောက်အဖြစ်သိမ်းဖို့ ကြိုးပမ်းနေချိန်မှာပဲစစ်ကောင်စီကလည်း သံတွဲနဲ့ ငပလီလေဆိပ်ကို လက်မလွှတ်ရရေးမြေပြင်ခံစစ်သာမက လေကြောင်းပစ်ကူတွေပါ သုံးပြီးအပြင်းအထန် ခုခံနေတာဖြစ်ပါတယ်။ ဇွန်နောက်ဆုံးပတ်မှာတော့ အေအေတပ်နဲ့ စစ်တပ်ရဲ့ တပ်ရင်း ၂ ခုပူးပေါင်းထားတဲ့ (ခလရ-၅၅) နဲ့ (ခမရ-၅၆၆) တို့ဟာ သံတွဲ၊ ကုလားတောင်ကွေ့တကြောမှာ တိုက်ပွဲပြင်းထန်နေတာလို့ စစ်ရေးအခြေအနေသိရှိသူတစ်ဦးက ဆိုပါတယ်။ ကုလားတောင်ကွေ့က သံတွဲမြို့နဲ့ နန်းချောင်းကျေးရွာကြားထဲမှာရှိပြီး စစ်တပ်ခြေမြန်တပ်ရင်း (ခလရ-၅၅)ရဲ့ အရှေ့ဘက်ခြမ်းမှာရှိတာဖြစ်ပါတယ်။ သံတွဲ(ငပလီ)လေဆိပ်က ဘယ်လောက်အရေးပါလဲ “ဟောင်ဝှစ်ဇာလက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အသံတွေကြားနေရတယ်” လို့ မြေပြင်မှာရှိတဲ့ စစ်‌ရေးအခြေအနေသိရှိသူတစ်ဦးက သံတွဲနဲ့ ကုလားတောင်ကြောက အခြေအနေကို ဘီဘီစီကိုပြောပါတယ်။…

  • ထန်တလန်က မီး

    ထန်တလန်က မီး

    by

    in

    တောင်တန်းများနှင့် ဝိုင်းရံနေသော ချင်းပြည်နယ်၏ မြို့လေးများသည် နံနက်ခင်းတိုင်းတွင် မြူခိုးတဝေဝေနှင့် ရှိနေတတ်သည်။ သို့သော် အောက်တိုဘာ ၃၀ ရက် နံနက်အစောပိုင်းတွင်မူ ချင်းပြည်နယ်ရှိ စိမ်းပြာရောင်တောင် အထပ်ထပ်နှင့် ဝန်းရံထားသော ထန်တလန် မြို့လေးသည် မြူနှင်းတွေအစား မီးတောက်မီးလျှံများနှင့် မီးခိုးများဖုံးနေသည့် ပုံများ ဆိုရှယ်မီဒီယာတွင် ပြန့်နှံ့လာခဲ့သည်။ အစိမ်းရောင် တောင်တန်းများအကြားတွင် ခေါင်မိုးနီရဲရဲနှင့် အိမ်များ ပြည့်နှက်နေသည့် တောင်ပေါ်မြို့ကို မီးတောက်တို့က အလျင်မပြတ် ဝါးမြိုနေသော ဓာတ်ပုံမှာ ကမ္ဘာပျံ့သွားခဲ့သည်။ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းက ထန်တလန်မြို့သည် Vuichip တောင်နှင့် Marau တောင်ကြားတွင် တည်ရှိပြီး အရှေ့ဘက်မှ Buhva ချောင်းနှင့် အနောက်ဘက်မှ Lahva ချောင်းတို့ စီးဆင်းလျှက်ရှိသည်။ အေးချမ်းလှသော တောင်ပေါ်မြို့ တမြို့ဟု ရောက်ဖူးသူတိုင်း မှတ်ချက်ပြုခဲ့ရသော…

  • စစ်အာဏာသိမ်းမှုအောက် မြန်မာ့လူဦးရေ ၄၂ သန်း ဆင်းရဲမွဲတေမှုနှင့် ရင်ဆိုင်နေရ

    စစ်အာဏာသိမ်းမှုအောက် မြန်မာ့လူဦးရေ ၄၂ သန်း ဆင်းရဲမွဲတေမှုနှင့် ရင်ဆိုင်နေရ

    မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း သုံးနှစ်ကျော်ကြာကာလအတွင်း လူလတ်တန်းစားအဖြစ် ရပ်တည်နေသည့် လူဦးရေသည် ၅၀ ရာခိုင်နှုန်းကျဆင်းသွားပြီး လူဦးရေ ၄၂ သန်းသည် ဆင်းရဲမွဲတေမှုနှင့် ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (UNDP) မှ ယနေ့ (ဇွန်လ ၂၄ ရက်) တွင် ထုတ်ပြန်သည်။ ယင်းသည် နိုင်ငံ့လူဦးရေ၏ သုံးပုံနှစ်ပုံ၊ ရာခိုင်နှုန်းအားဖြင့် ၇၅ ရာခိုင်နှုန်း ဆင်းရဲမွဲတေမှုနှင့် ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း UNDP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အပြင် လူပေါင်း ၁၃ ဒသမ ၃ သန်းသည်လည်း စားနပ်ရိက္ခာမလုံလောက်မှုကို ရင်ဆိုင်နေရကြောင်းဖော်ပြထားပြီး နောက်ထပ်လူပေါင်း ၃,၀၀၀,၀၀၀ သန်းခန့်သည်လည်း အိုးမဲ့အိမ်မဲ့အဖြစ် နေရပ်စွန့်ခွာနေကြရသည်။ သို့သော်လည်း မြန်မာနိုင်ငံသည် အမေ့အပျောက်ခံ အကျပ်အတည်းတခုအဖြစ်…

  • အယောင်ဆောင်သာသနာပြုသူရဲ့  မျက်နှာဖုံးကွာကျခြင်း

    အယောင်ဆောင်သာသနာပြုသူရဲ့ မျက်နှာဖုံးကွာကျခြင်း

    “လိမ်စရာရှိရင် ကြီးကြီးကျယ်ကျယ်လိမ်ပါ”လို့ ကမ္ဘာကျော် အာဏာရှင် ဟစ်တလာက ပြောခဲ့ဖူးပြီး အဲဒီနည်းနဲ့ပဲ ကမ္ဘာကိုလူလည်ကျခဲ့ပါတယ်။ ဂျူးလူမျိုးသန်းချီပြီး သတ်ပစ်ခဲ့ပါတယ်။ ဟစ်တလာလိုကမ္ဘာမကျော်ပေမယ့် သူယုတ်မာအဖြစ်အပုပ်နံ့တထောင်းထောင်းနဲ့ မ​ကောင်းသတင်းနဲ့​ဒေသတွင်း​အော​​​ကြောလန်တဲ့ အာဏာသိမ်းခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်​ကောင်စီကလည်း တိုင်းသိပြည်သိအမှန်တရားကို လိမ်ဖို့ ကြိုးစား​နေကြပါတယ်။ ကြိုတင်ပြင်ဆင်ပြီးထားခြင်းမရှိခဲ့ဘဲ ရုတ်တရက် မျက်နှာပြောင်တိုက်မှဖြစ်တော့မယ့် ပြဿနာတစ်ခုက နေပြည်တော်က အာဏာလုထားတဲ့ စစ်ဗိုလ်ချုပ်​တွေကြား ဇွန် ၂၀ ရက်ကစ​ရောက်လာတာပါ။ ပြဿနာရဲ့အစက ဒီလိုပါ။ နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့ဝင် ငြိမ်း၊ ပဲခူးမြို့၊ ဝင်းနိမ္မတာရုံကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တမုနိန္ဒာဘိဝံသဟာ (ဇွန်လ ၁၉ ရက်)မနက်က မန္တလေးမြို့ ၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်(ရွှေကျင်နိကာယဗဟိုဌာန)မှာ ဇွန် ၂၀ မှာပြုလုပ်မယ့် ရွှေကျင်နိကာယဗဟိုဌာန အစည်းအဝေးအတွက် အကြိုညှိနှိုင်းဖို့ ရန်ကုန်မြို့ကနေ လေယာဉ်နဲ့ တံတားဦးလေဆိပ်ကို ကြွရောက်လာခဲ့ပါတယ်။ဆရာတော်နဲ့အတူ ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ပရိယတ္တိစာသင်တိုင် ဆရာတော်…

  • ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေးက) အခြေခံပညာစစ်သင်တန်းဓာတ်ပုံများ ထုတ်ပြန်

    ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေးက) အခြေခံပညာစစ်သင်တန်းဓာတ်ပုံများ ထုတ်ပြန်

    ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေးက) အခြေခံပညာစစ်သင်တန်းဓာတ်ပုံများ ထုတ်ပြန် ရန်ကုန်၊ ဇွန် ၂၁ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁၂/က) သင်တန်းဆင်းပွဲပုံရိပ်များကို ယနေ့ ထုတ်ပြန်သည်။

  • ဒီမိုကရေစီ ခရီးကြမ်းပေါ်က ၇၉ နှစ်ပြည့်မွေးနေ့

    ဒီမိုကရေစီ ခရီးကြမ်းပေါ်က ၇၉ နှစ်ပြည့်မွေးနေ့

    “ဒီမိုကရေစီ ခရီးကြမ်းပေါ်က ၇၉ နှစ်ပြည့်မွေးနေ့” ၁။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီနည်းကျ လူထုရွေးချယ်ထားတဲ့ခေါင်းဆောင်ဖြစ်တယ်။ ၂။ သူ့ကိုစစ်တပ်က မတရားဖမ်းဆီးပြီး ထောင်ချထားတယ်။ အကျဉ်းသားတဦးရသင့်တဲ့ အခွင့်အရေးတွေ မရဘူး။ ၃။ အသက် (၇၉)နှစ်ရှိပြီ။ ကျန်းမာရေး စိုးရိမ်ရတယ်။ ၄။ သူ့ကိုဖမ်းဆီးထားမှုဟာ မြန်မာပြည်မှာ အာဏာသိမ်းစစ်တပ်က လူ့အခွင့်အရေး ချိုးဖေါက်ပြီး လူမဆန်မှုတွေ ကျူးလွန် နေတာကို သက်သေပြနေတာလည်း ဖြစ်တယ်။ ၅။ သူ့ကို မီးမောင်းထိုးခြင်းဟာ မြန်မာ့အရေးကိုလည်း ထင်ရှားစေတယ်။ ဒီလိုစသဖြင့်အချက်တွေကြောင့် ဖမ်းဆီးခံနေရတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက် (၇၉)နှစ်ပြည့် မွေးနေ့နဲ့ ပတ်သက်ပြီး အမှတ်တရ လှုပ်ရှားမှုတွေမြင်ရကြားရတယ်။ တချို့က သွေးလှူကြမယ်၊ တချို့က စစ်ဘေးဒုက္ခသည်တွေကို အစားအစာတွေကျွေးမွေးကြတယ်၊ တချို့က အမှတ်တရ ချီတက်လမ်းလျှောက်ပြီး အင်အားပြကြမယ်။…

  • ကချင်ပြည်နယ် အထူးဒေသ  (၁) စစ်ရေးအခြေအနေ ဘယ်လိုရှိနေလဲ

    ကချင်ပြည်နယ် အထူးဒေသ (၁) စစ်ရေးအခြေအနေ ဘယ်လိုရှိနေလဲ

    ကချင်ပြည်နယ်တွင်း KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်ကြား စခန်းသိမ်းတိုက်ပွဲများ၊ တိုက်ပွဲကြီးများ ဖြစ်ပွားနေပြီး ကချင်ပြည်နယ်အထူးဒေသ(၁) တွင် မိနစ်ပိုင်းမျှသာကြာသည့် တိုက်ပွဲငယ်များဖြစ်ပွားနေသည်။ လက်ရှိတွင် ကချင် ပြည်နယ်အထူးဒေသ(၁)ကို ထိန်းချုပ်ထားသည့် စစ်ကောင်စီလက်အောက်ခံ NDA-K ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းက ၎င်း၏ တပ်သားများကို စစ်မိန့်ပေးကာ တပ်လှန့်ထားသည်။ ပြီးခဲ့သည့် ဇွန်လ ၇ ရက်က “ စစ်မိန့်ပေးခြင်း” ခေါင်းစဥ်ဖြင့် ဦးဇခုန်တိန့်ယိန်း လက်မှတ်ပါဝင်သည့် ကြေညာစာတွင် နယ်ခြားစောင့်တပ် (၁၀၀၁) ၊ (၁၀၀၂) နှင့် (၁၀၀၃)မှ တပ်ဖွဲ့မှူးများနှင့် ပြည်သူ့စစ်ရဲဘော်များအား KIAနှင့် PDF များကို ခုခံစစ်ဆင်နွှဲရန် အမိန့်ပေးထားသည်။ ကချင် ပြည်နယ်အထူးဒေသ(၁)တွင် ဆော့လော်မြို့နယ်၊ ချီဖွေမြို့နယ်၊ ဝိုင်းမော်မြို့နယ်နှင့် ကန်ပိုက်တည်ဒေသတို့ ပါဝင်သည်။ အမည်မဖော်လိုသူ ကချင်နိုင်ငံရေးသုတေသီတဦးက…