နေပူတော် စ၊စ်ဗို၊လ်ချု၊ပ်တွေ အထုပ်ပြင်ကုန်ကြပြီ

ကချင်ပြည်နယ်အတွင်း အရှိန်အဟုန်ဖြင့် ပြေးဝင်လာသော မြားတစ်စင်းကို ဂီလာန စစ်ကောင် စီတပ်က မည်သို့မျှ တားဆီး နိုင်စွမ်းမရှိခြင်းမှာ အစဉ်အလာတစ်ရပ်သဖွယ် ဖြစ်နေပြီမို့ ရှက်စရာ၊ သိက္ခာ ကျစရာ၊ ဂုဏ်ငယ်စရာ တော့ မဟုတ်ပေ။

မတ်လ ၇ရက် နံနက်၅နာရီတွင် ထောင်နှင့်ချီသော ကေအိုင်အေနှင့်မဟာမိတ်တို့က ကချင်ပြည်နယ် ၌ ထိုးစစ်စတင်ကာ စစ်မျက်နှာသစ်ကို အရှိန်ပြင်းစွာဖြင့် ဖွင့်လှစ်လိုက်သည်။ကေအိုင်အေနှင့်အတူ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး (PDF) တပ်ဖွဲ့များနှင့် ရက္ခိုင့်တပ်တော် (AA) တို့က ပါဝင်တိုက်ခိုက်နေပြီး လိုင်ဇာမြို့အနီးရှိ စစ်တပ်စခန်း များ၊ ဝိုင်းမော်၊ ဒေါ့ဖုန်းယန်နှင့် ဗန်းမော်မြို့နယ် အ တွင်းရှိ တပ်စခန်းများနှင့် ကချင်ပြည်နယ်၏မြို့တော်၊ မြစ် ကြီးနားမြို့ရှိ လေတပ်စခန်းတို့ကို တစ်ပြိုင်နက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုးစစ်စတင်သည့် ပထမနေ့တွင်ပင် ဂီလာနစစ်တပ်၏ စခန်းကြီး ၃ခု နှင့် စခန်းငယ် ၁၀ခုတို့ကို ကေ အိုင်အေနှင့်မဟာမိတ်တို့က တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ခဲ့သည်။ယင်းကို နောက်တစ်မျိုးဖွင့်ဆိုရသော် ပြေး ဝင်လာသော မြားမှာ စစ်ကောင်စီ ရင်ဝတည့်တည့် စိုက်ဝင်ကာ သွေးစိမ်းရှင်ရှင် ကျနေခြင်းပင်ဖြစ်သည်။ ဆက်လက်ပြီး ၃ရက်တာ ထိုးစစ်အတွင်း ကချင် ပြည်နယ်ရှိ စစ်တပ်စခန်း ၁၆ခုကို ကေအိုင်အေက သိမ်း ပိုက်နိုင်ခဲ့ကြောင်း သတင်းများကဆိုသည်။

ဂီလာနစစ်တပ်၏ အစဉ်အလာအတိုင်း ထိုးစစ်စတင်ပြီး ၂၄နာရီခန့်အကြာတွင် အလံဖြူ ထောင်ခြင်း အမှုကို ညီညီညာညာ ပြုလုပ်ကြတော့သည်။ ဒေါ့ဖုန်းယန်မြို့အခြေစိုက် ခလရ -၁၄၂တပ်ရင်း ဖြစ် သည်။ ခလရ-၁၄၂ မှာ မြစ်ကြီးနား-ဗန်းမော် ကားလမ်းမပေါ် စစ်ရေးအရ အရေးပါသော တပ်စခန်းဖြစ်ပြီး လိုင်ဇာအ နီးတစ်ဝိုက် အကြီးဆုံး တပ်စခန်းလည်း ဖြစ်သည်။

မင်းအောင်လှိုင် နားထဲ သံရည်ပူနှင့် လောင်းချလိုက်သော အလံဖြူထောင်လက်နက်ချခြင်းတွင် စစ် သားများတင်မက သူတို့၏ မိသားစုဝင်များလည်း ပါသည်။ နေပြည်တော် ကျည်လုံမှန်ခန်းထဲမှနေ၍ နောက်မ ဆုတ်စတမ်း တိုက်ပွဲဝင်ကြရန် ညွှန်ကြားနေသော စစ်ဗိုလ်ချုပ်တို့မှာ အောက်ခြေစစ်သားတို့၏ အသက်ကို ၎င်းတို့ အာဏာရရှိရေးအတွက် ထိုးကျွေးပစ်ရန်သာ ဆန္ဒရှိကြသည်။ အကာအကွယ်ပေး ကယ်ထုတ်ခြင်းမရှိ၊ အသေခံလိုက်ကြရန်သာ အသံမဲ့ တောင်းဆိုနေသဖြင့် အောက်ခြေစစ်သားတို့က အလံဖြူထောင်ကာ ကိုယ့်အ သက်ကိုယ် ရွေးနှုတ်ကြရခြင်းမှာ ရှမ်းမြောက်ဒေသ ၁၀၂၇စစ်ဆင်ရေးစတင်ကတည်းကဖြစ်သည်။

မတ်လ ၇ရက်တွင် မြောက်ပိုင်းကချင်၌ ထိုးစစ်စတင်ခြင်းနှင့်အတူ တောင်ပိုင်းကရင်တွင်လည်း KNLA နှင့် PDF ပူးပေါင်းတပ်က တိုက်ပွဲခေါ်သံ မိုးထိညံသွားခြင်းမှာ တိုက်ဆိုင်မှုမဟုတ်ဘဲ ကြိုတင်ချိတ်ဆက် စီစဉ်မှုဟု နားလည်မိသည်။

မတ်လ၇ရက်တွင် ကရင်ပြည်နယ်၊မြဝတီမြို့နယ်၊သင်္ကန်းညီနောင်ဗျူဟာကုန်းကို ကာပေးထားသော တပ်ရင်း၃ခုအား စတင်တိုက်ခိုက်ခဲ့သည်။ မတ်လ၈ရက်၌ ခမရ-၃၅၅ ကို သိမ်းပိုက်နိုင်ခဲ့ကာ မတ်လ၉ ရက်၊နံ နက် ပိုင်းတွင် သင်္ကန်းညီနောင်ရဲစခန်းကို ထပ်မံသိမ်းပိုက်လိုက်နိုင်ကြောင်း သိရသည်။သင်္ကန်းညီနောင်သည် မြဝ တီမြို့နှင့် ၁၀မိုင်ခန့်သာ ဝေးပြီး ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး အာရှလမ်းမကြီးဘေးတွင် တည်ရှိသည်။

ကေအိုင်အေ၊ KNLA နှင့် မဟာမိတ်တို့၏ ထိုးစစ်အရှိန်သည် အချိန်မည်မျှကြာ အားကောင်းကောင်း ဖြင့် ရှေ့ဆက်မလဲဆိုသည်နှင့် မြို့မည်မျှ သိမ်းပိုက်နိုင်မလဲဆိုသည်ကို ခန့်မှန်းရန် စောနေသေးသော်လည်း ထိုးစစ်အရှိန်မှာ ယခင်ကထက် ပိုမိုအားကောင်းနေသည်မှာ သေချာသည်။ထို့ကြောင့် ကချင်နှင့်ကရင် စစ် ရေးအရှိန် ၂ခုပေါင်းမှာ ၁၀၂၇ ရှမ်းမြောက်အဟုန်ကို အမီလိုက်နိုင်မည်ဆိုပါက မင်းအောင်လှိုင် ရင်ဘတ်စည် တီးရဦးမည်သာဖြစ်သည်။

ထိုသို့ ကချင်နှင့် ကရင်တွင် စစ်မီးအရှိန်ကို မြှင့်တင်လိုက်ချိန်တွင် ရက္ခိုင့်တပ်တော် AA က ရခိုင်ပြည် နယ်အတွင်းရှိ မြို့၇မြို့ကို သိမ်းပိုက်ပြီးဖြစ်သလို မြို့တော်စစ်တွေသို့ ချဉ်းကပ်လာနေပြီဖြစ်သည်။ ခွက်ခွက် လန် ရှုံးနေသော ရခိုင်စစ်မျက်နှာတွင် လတ်တလောစစ်ကောင်စီ လုပ်နိုင်နေသည်မှာ ကျောက်ဖြူမြို့အနီး မွတ်ဆလင်ဒုက္ခသည်စခန်းမှ မွတ်ဆလင်လူငယ်များကို အရေးပေါ်စစ်သင်တန်း အဓမ္မပေးကာ သေတွင်းထဲ တွန်းပို့ရန် ခြေလှမ်းပြင်နေခြင်းပင်ဖြစ်သည်။

ယခုလိုအချိန်မျိုးတွင် တရုတ်ဖိအားကြောင့် အပစ်ရပ်ထားသော ရှမ်းမြောက်ဒေသ၌ တိုက်ပွဲခေါ်သံ ကို ပြန်လည်စတင်မည်ဆိုပါက ရှမ်းမြောက်နှင့် ကချင်မှ ဆင်းလာမည့် တော်လှန်ရေးတပ်တို့သည် မန္တလေး ၌ ဆုံရန် အချိန်သိပ်ကြာမည် မဟုတ်ပေ။

မည်သို့ပင်ဆိုစေ၊ ကချင်နှင့်ကရင် ပြင်းအားမြှင့်စစ်မီးသည် အရှုံးကြီးရှုံးနေသော စစ်တပ်ကို အလုံး ကြီး တစ်လုံးပြီး တစ်လုံး ထပ်ပစ်တင်လိုက်ခြင်းဖြစ်ပြီး စစ်ဗိုလ်ချုပ်တို့ ရုရှားပြေးနိုင်ရေး အသင့်ပြင် အထုပ် ပိုက်ထား ရန် တပ်လှန့်လိုက်ခြင်းလည်း ဖြစ်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *