တိုင်းရင်းသားခေါင်းဆောင်ဆိုသူတို့အကြောင်း

တိုင်းရင်းသားခေါင်းဆောင်ဆိုသူတို့အကြောင်း

ယွက်စစ်

ရှမ်းRCSS/SSAခေါင်းဆောင် ၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဖက်ဒရယ်ဒီမိုကရေစီအကြောင်း အမြှုပ်ထွက်မတက်ပြောတက်တယ် ၊၂၁ရာစုပင်လုံညီလာခံကိုလာတက်ချိန်မှာ တပ်ချုပ်မင်းအောင်လှိုင်က စကားပြောမောက်မာကြောင်း အထက်စီးဆန်ကြောင်း မီဒီယာတွေကိုဖြေကြားခဲ့ဘူးတယ် ၊

အာဏာသိမ်းစမှာ စကစကိုလက်မခံကြောင်းထအော်ခဲ့သေးပေမဲ့ နောက်ပိုင်းမှာတော့ မင်းအောင်လှိုင်နဲ့ တစ်ခြင်ထောင်ထဲအိပ်မတက် ပူးကပ်သွားခဲ့ပြီးတော့ မင်းအောင်လှိုင်ချီးမြှင့်တဲ့သီရိပျံချီတံဆိပ်တွေနဲ့ အပီအပြင်စစ်ဘောမသွားခဲ့တယ်

ဖဒိုမန်းငြိမ်းမောင်

KNUဗဟိုအလုပ်အမှုဆောင်ဟောင်း ၊ NLDနဲ့စစ်တပ်ကို နှစ်ပြားမတန်အောင်ဝေဖန်နေခဲ့သူ ၊ NLDအစိုးရကို ချာတူးလန်အစိုးရလို့ဒေါကြီးမောကြီးနဲ့ပြောခဲ့ဖူးပေမဲ့ အခုတော့ စကစလက်ထက်မှာ ဥပဒေမဲ့မှုနဲ့ကုန်စျေးနှုန်းဒဏ်ကို ပြည်သူတွေမချိမဆန့်ခံနေရချိန်မှာတော့ ဒီအစိုးရကချာတူးလန်အစိုးရပဲကွလို့မပြောတော့ဘဲ စောက်ပေါက်ကြီးပိတ်ပြီး နစကအဖွဲ့ဝင်အဖြစ်နဲ့ ဘွဲ့တံဆိပ်တွေနဲ့သာယာနေတော့တယ် ။

ဒေါ်အေးနုစိန်

NLDလက်ထက်မှာ စစ်တပ်ကလုပ်နေသမျှကို NLDကမတားဘူးဆိုပြီး နေ့စဉ်ပိုးစိုးပက်စက်ဝေဖန်နေလေ့ရှိတဲ့
(ရခိုင်ANP ပါတီ) လွှတ်တော်ကိုယ်စားလှယ်ဟောင်း ၊
အခုတော့နစကအဖွဲ့ဝင်အဖြစ် ဘွဲ့ထူးအခွင့်ထူးတွေနဲ့ စောက်ပေါက်ပိတ်သွားခဲ့ပြီ ။ ဘယ်ရခိုင်အတွက်မှလည်း အော်မပေးတော့ဘူး ။

စိုင်းအိုက်ပေါင်း

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)ဥက္ကဌဖြစ်တယ် ။ အာဏာမသိမ်းခင်ရွေးကောက်ပွဲကာလမှာ စစ်တပ်ကိုကော ကြံ့ခိုင်ရေးကိုကော နှစ်ပြားမတန်အောင်ဝေဖန်ခဲ့ပြီး နိုင်ငံရေးလက်ခုပ်သံရှာခဲ့တယ် ။ အာဏာသိမ်းပြီးနောက်မှာတော့ မင်းအောင်လှိုင်ကသူ့ကို UPDJC(အပစ်အခတ်ရပ်ဆဲရေးစောင့်ကြည့်မှုကော်မတီ)မှာ ရာထူးနေရာတစ်ခုပေးလိုက်ချိန်မှာတော့ သူ့စောက်ပေါက်ပိတ်သွားခဲ့ပြီး စစ်တပ်ကအရမ်းကောင်းကြောင်းတဖန်ပြောလာခဲ့တယ် ။

ရွက်ဆစ်နဲ့ မအလ လင်မယားဖြစ်သွားအောင် ထိုင်းအထိသွားပြီးအောင်သွယ်ပေးခဲ့တာ သူပါပဲ ။ မီဒီယာတွေကမေးတဲ့အချိန်မှာ သူ့ရဲ့ထိုင်းခရီးစဉ်ဟာ အလည်အပတ်ခရီးပါလို့ ဗြောင်လိမ်ခဲ့သေးတယ် ။ ရွ

က်ဆစ်ကိုယ်တိုင်က ဒီလူလာညှိပေးကြောင်းဝန်ခံတော့မှ စောက်ပေါက်ပိတ်သွားခဲ့တယ် ။ စစ်တပ်မကောင်းကြောင်းမကြာခဏပြောခဲ့တဲ့ကောင်က အခုတော့စစ်တပ်အတွက် အားကြိုးမာန်တက် ကြိုးပမ်းရင်း သီရိပျံချီတံဆိပ်ကြီးနဲ့ ပြုံးဖြီးဖြီးကြီးဖြစ်နေတော့တယ် ။

ဒေါက်တာအေးမောင်

ရခိုင်ANP ပါတီဥက္ကဌဟောင်း ၊ သူ့ကိုယ်သူရခိုင်တစ်မျိုးသားလုံးအတွက်ဦးဆောင်သူလိုလို ဘာလိုလို ခံယူထားပေမဲ့ ဦးသိန်းစိန်အစိုးရကပေးတဲ့ ခြံကွက်မြေကွက် တင်ဒါ ပါမစ်ကိစ္စတွေမှာတော့ သူ့မိသားစုနာမည်နဲ့ပဲအပိုင်အုပ်နေလို့ ANPထဲမှာ ဂယက်တွေထခဲ့ဖူးတယ် ။

စစ်တပ်ရှိမှလုံခြုံတာလို့ ပြောခဲ့ဖူးတယ် ။ စစ်တပ်ကဗျင်းလို့ ရခိုင်တွေစမုံတုန်းနေချိန်မှာတော့ သူ့ရခိုင်တွေအတွက် စောက်ပေါက်ပိတ်နေခဲ့တယ် ။

AAအင်အားကြီးလာတော့ AAဘက်ကိုပြေးကပ်တယ် ၊ ရခိုင်ပြည်ထခွဲထွက်ရေးတွေမြှောက်ပေးလို့ ထောင်ထဲရောက်သွားတယ် ။ထောင်ကထွက်လာတော့ စစ်ဘောကိုပဲပြန်မနေလို့ AAကတောင် လက်မခံတော့ဘူး ။

သူလည်း စစ်ဘောကိုအပီအပြင်မရင်း သီရိပျံချီတံဆိပ်ကြီးကို ရင်ကော့ပြီးတက်ယူသွားတယ်

ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး (KNUဥက္ကဌ)

စစ်အာဏာရှင်ကိုအမြစ်ပြတ်တော်လှန်မယ်ပြောလိုက် မင်းအောင်လှိုင်နဲ့ နှစ်ကိုယ်ကြား စာအပေးအယူလုပ်လိုက်နဲ့ တိုင်ပတ်နေပုံရှိတယ် ။ KNUတစ်ဖွဲ့လုံးက စစ်တိုက်ဖို့ဆုံးဖြတ်ထားချိန်မှာတောင်သူက သူနဲ့မဆိုင်တဲ့PPSTကို ဦးစီးပြီး မအလနဲ့ဆွေးနွေးဖို့ လုပ်ခဲ့သေးတယ် ၊ အားလုံးကဝိုင်းအော်တော့မှ နောက်ဆုတ်သွားခဲ့တယ် ၊ စစ်အာဏာရှင်ကိုအမြစ်ဖြတ်မယ်ဆိုသူကြီးက မင်းအောင်လှိုင်ပေးတဲ့သီရိပျံချီဘွဲ့ကြီးကိုတော့ သူ့ကိုယ်စား သူ့သမီးကိုသွားယူခိုင်းခဲ့တယ် ။

ဒါတွေက တိုင်းရင်းသားတွေအတွက် ဖက်ဒရယ်အတွက်လို့ တစ်ချိန်လုံးအော်နေခဲ့သူတွေရဲ့ အမူအကျင့်ကို ထောက်ပြတာပါ ။ သီရိပျံချီဘွဲ့လောက်နဲ့တောင် အညှာမခိုင် အရူးအမူးဖြစ်နေကြတာတွေမြင်ရတော့ ဒီတိုင်းပြည် ဒီလူမျိုးအားလုံးအတွက် နိုင်ငံတကာစီကရခဲ့သမျှဆုတံဆိပ်တွေအကုန်လုံးကို စွန့်ပစ်နိုင်ခဲ့သူကို သတိရမိတယ် ၊

တိုင်းရင်းသားတွေအတွက်လို့ အော်နေကြသူအများစုက သူတို့စီမှာ စစ်တပ်ကပေးထားတဲ့ ကိုယ်ကျိုးစီးပွားတွေ ပေါ်တင်ကော ဒိုင်လျှိုကော အများကြီးရှိတယ် ၊

မင်းအောင်လှိုင်က အညှိုးတကြီးနဲ့ ဘဏ်အကောင့်တွေ ဖင်ပြန်ခေါင်းပြန်စစ်လည်း ကိုယ်ကျိုးစီးပွားငွေ ဆယ်သိန်းတောင်မတွေ့ ၊

တစ်အိမ်လုံးကို မြေလှန်ရှာလည်း ရွှေငါးမူးသားတောင်မတွေ့ ၊ ကုမ္ပဏီထောင်ထားတဲ့အမည်ပေါက်တစ်ခု ခြံတကွက် တိုက်ခန်းတစ်ခန်းတောင်မတွေ့ရဘဲ ဒီတိုင်းပြည် ဒီတိုင်းရင်းသားအားလုံးအပေါ်သစ္စာစောင့်သိခဲ့သူက တစ်ယောက်ထဲပဲရှိတာပါလေ ။

N Kham Aung


Comments

Leave a Reply

Your email address will not be published. Required fields are marked *