ဒါဖတ်ပြီးမှ တခြားမြို့ကို ရှောင်ဖို့ စဉ်းစားကြပါ (မန္တလေး၊ ပြင်ဦးလွင်တို့ အရေးကြီးပါတယ်)
ကိုယ်နေတဲ့ မြို့ပတ်ဝန်းကျင်မှာ ပွဲဖြစ်ဖို့ အရိပ်အငွေ့တွေ ပြနေပြီဆိုရင် အရေးကြီးစာရွက်စာတမ်းတွေ တန်ဘိုးရှိ လက်ဝတ်လက်စားတွေနဲ့ ငွေသားတွေကို တပါတည်းယူသွားဖို့ စီစဉ်ထားပါ
ကိုယ်တွေ့ကြုံခဲ့ရတဲ့ မိုးကုတ်၊မိုးမိတ် အတွေ့အကြုံအရ အိမ်မှာချန်ထားခဲ့တဲ့သူမှန်သမျှ ဘာတစ်ခုမှပြန်မရခဲ့ကြပါဘူး (အနည်းငယ်သောသူများမှအပ) မီး-ခံသေတ္တာ တို့ ကျင်းတူးပြီးမြုပ်တာတို့ကို သကောင့်သားတွေကနည်းသေးတယ်လို့ မှတ်ချက်ပေးသွားကြပါလိမ့်မယ်(ရွှေရှာစက်နဲ့လာကြတာပါ)
အထုတ်ကြီးမယ်ဆိုရင်တော့ ရန်ကုန် မန္တလေး ကစိတ်ချယုံကြည်ရသူတွေရှိခဲ့ရင် ကြိုတင် ပို့ထားပါ
ကိုယ်ထွက်မယ့်လမ်းကို ကြိုတင်ကြည့်ပါ သားသမီးကို လမ်းကြုံနဲ့ထည့်ပေးလိုက်တာမျိုးကိုရှောင်ကျဉ်ပါ
(အဲ့လိုလူတွေပဲ ပြန်မတွေ့ရမချင်းမျက်ရည်နဲ့မျက်ခွက် မပြတ်တမ်း ငိုကြရလို့ပါ)
ခဏခေတ္တရှောင်ဖို့နေရာရွေးထားရင်လည်း အဲ့ဒီနေရာမှာရိက္ခာ အခြောက်အခြမ်း လုံလောက်ရဲ့လားအရင်လေ့လာပါ
တခြားမြို့တစ်မြို့ကိုဆက်သွားလို့ရမယ့်လမ်းကိုရွေးပါ (လမ်းပိတ်နေရာတွေက ရက်ကြာရင် စားစရာပြတ်တတ်ပါတယ်)
မိုးကုတ်ကနေ မန္တလေးရောက်ဖို့ ကားခတယောက်ကို ၅သိန်းလောက်ပေးခဲ့ရတယ် လမ်းမှာ ၂ ညအိပ်ရတယ် ငါတို့မြို့တော့ဘာမှမဖြစ်ပါဘူးလို့ မထင်ထားပါနဲ့ ဖြစ်တာနဲ့ဖျ-က်ဆီးဖို့အမိန့်တခါတည်းပါပြီးသားပါ ကောလ ဟာလ တွေကြားထဲက ဘယ်သတင်းကအမှန်လဲဆိုတာကို ဝေခွဲတတ်ဖို့ လေ့ကျင့်ထားပါ
အခြေအနေကိုအမြဲနားစွင့်နေပါ။ ဖြစ်မှမြို့ကထွက်ရင် အသက်အန္တရာယ် ကြားကထွက်ရပါလိမ့်မယ်။
မဖြစ်လို့ထွက်ပြေးကြမယ်ဆိုရင်လည်း အရင်ရှိနေပြီးသား စစ်ဆေးရေးဂိတ်တွေကနေထွက်တာရှောင်ပါ ( တန်ဘိုးရှိပစ္စည်းပါလာတာအားလုံးထားခဲ့ရတတ်ပါတယ်။ သူတို့ကစေတနာနဲ့သိမ်းပေးတာဖြစ်မှာပါ)
မြို့တစ်မြို့မှာ ပွဲဘယ်အချိန်စသလဲဆိုရင် မြို့ထဲက လူနေအိမ်တွေ စျေးဆိုင်တွေပေါ်ကို လက်နက်ကြီးတွေကျလာပြီ မြို့ထဲမှာနှစ်ဘက် အပြန်အလှန် ပစ်ပြီဆိုရင် စပြီလို့မှတ်ပါ
ကောင်းကင်ပေါ်ကနေလေယာဉ်တွေနဲ့ နှင်းဆီပန်းတွေ စံပယ်ပန်းတွေကျဲချပြီဆိုရင် မြို့ထဲက မဖြစ်မနေထွက်ပါ
အခုခေတ်မှာ အားလုံးကို ရန်သူလို့ သတ်မှတ်တတ်ကြပါတယ်
ကိုယ့်မြို့ကနေ တခြားမြို့ ရွာတွေမှာ ရှောင်တော့မယ်ဆိုရင် တတ်နိုင်ရင် ကိုယ့်နေရာကိုယ်ငှားပြီးနေပါ လူ့သဘောအရ လာပါနေပါ ခေါ်ကြပေမယ့် အနေကြာလာရင် ကိုယ့်သားသမီးအရင်းအိမ်မှာတောင် အဆင်မပြေတာတွေအများကြီးဖြစ်တတ်ပါတယ်။
အရင်တုန်းက ကိုယ်ကူညီခဲ့ဖူးတဲ့သူတွေကိုမေ့လိုက်ပါ အများပိုင်းက (အဆင်ပြေတယ် မဟုတ်လား) (ဘာလိုသေးလဲ) (လိုတာရှိရင်ပြောနော်) ဆိုတဲ့စကားလေးတွေနဲ့အဆုံးသတ်တတ်ကြပါတယ်
လူတော်လူကောင်းအချို့တော့ရှိပါတယ် ငါတို့ဒုက္ခရောက်နေတာ သူတို့ကူညီရမှာပေါ့ဆိုတဲ့အတွေးမျိုးလဲခေါင်းထဲကထုတ်ထားပါ (အားလုံးအပူကိုယ်စီနဲ့ဖြစ်နေတဲ့ခေတ်ပါ)
သူများလာပေးမယ့် ထောက်ပံ့ငွေကိုမျှော်ပြီး ဘာအလုပ်မှမလုပ်ပဲ ဇိမ်နဲ့နှပ်နေတဲ့အကျင့်ကိုလည်းဖျောက်ပါ
ရက်ရှည်လာရင် ဝင်ငွေရမယ့် အလုပ်တစ်ခုကိုရှာပါ
ငါတို့ကိုမှ ဒါမျိုးကြုံစေတာလားဆိုတဲ့အတွေးမျိုးဝင်လာရင် ဖျောက်ဖို့ကြိုးစားပါ
ကိုယ်လုပ်ခဲ့တဲ့အကုသိုလ် တွေကြောင့်အခုလိုကြုံရတယ် ကိုယ်ကအကုသိုလ်ကင်းရင် ကိုယ့်ကိုဒီထက် ပိုကောင်းတဲ့ဘဝမျိုးကိုပေးဖို့ ဒီလိုကြုံစေတာ လို့မှတ်ယူပါ
ကိုယ်လ-က်အင်္ဂါ အကောင်းအတိုင်းရှိနေရင် တခြား ဒုက္ခရောက်နေသူတွေ ဘယ်လိုနေမလဲ စာနာကြည့်ပါ ကိုယ့်မှာမိသားစု လူစုံနေရင် သားတကွဲ မယားတကွဲ ဖြစ်ခဲ့ရသူတွေကို ပြန်မြင်ယောင်ကြည့်ပါ
နေစရာအိမ်ကျန်သေးရင် ဆိုင်ရော အိမ်ရော ပါသွားသူတွေရှေ့ဘယ်လိုဆက်ကြမလဲတွေးကြည့်ပါ။ အဆင်ပြေပါစေ။
မူရင်းပို့စ်တင်သူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Leave a Reply