တိုင်းပြည်ပျက်ခြင်းနဲ့ မြန်မာ့အလှမယ်က ပေးတဲ့သင်ခန်းစာ (အတွေးအမြင်)
ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာကျင်းပတဲ့ ၁၂ ကြိမ်မြောက် Miss Grand International ပြိုင်ပွဲမှာ မြန်မာ့အလှမယ်က 2nd Runner ဆုကိုသာရခဲ့တာကြောင့် နတ်ဝင်ပူးသလို မျက်ဖြူဆိုက်၊ မျက်ရည်နဲ့ မျက်ခွက်ဖြစ်ပြီး ပွဲဆူခဲ့တဲ့အဖြစ်ကို မကြည့်အချင်အဆုံး တနေကုန် မြင်ရလေတော့ ငါးတန်းကျောင်းသားဘဝ အဖြစ်တခုကို သွားသတိရတယ်။
ငါးတန်းကျောင်းသားဘဝတုန်းက အစမ်းစာမေးပွဲအမှတ်စာရင်းထွက်တော့ အခန်းထဲမှာ အမှတ်အများဆုံး အဆင့် ၁၊ ၂၊ ၃ ကို အတန်းပိုင်ဆရာမက ကြေညာပေးတယ်။ ဆုလည်း ချီးမြှင့်တယ်။ အဆင့် ၃ ရတာက ကောင်လေးတယောက်။ အဆင့် ၂ ကို စာရေးသူက ရတယ်။ အဆင့် ၁ က မိန်းကလေးတယောက်။
အမှတ်စာရင်း ကြေညာပြီးတော့ ဆရာမက ဆုချီးမြှင့်တယ်။ ဆုက တန်းဖိုးမများလှပါဘူး။ စာရေးသူက ဆုယူပြီး ပြန်လာတဲ့အခါ တခုံတည်းထိုင်တဲ့ သူငယ်ချင်းက “အဲဒီကောင်မသာ မရရင် မင်းက အဆင့် ၁ ဖြစ်မှာ သူငယ်ချင်းရာ” လို့ မချိတင်ကဲ မှတ်ချက်ပြုတယ်။
ကျနော်ကလည်း ဘာပြန်ပြောရမှန်း မသိတာနဲ့ “အေးကွာ ကျောင်းပြန်တဲ့အခါ လမ်းမှာ သူ့ကို ရိုက်လိုက်ရင်တော့ ငါ အဆင့် ၁ ဖြစ်ပြီပေါ့” လို့ ပြန်စလိုက်တယ်။ သူငယ်ချင်းတွေကလည်း “ ဟုတ်တယ်ကွာ ချမယ်” ဆိုပြီး ရယ်မောရင်း စနောက်ကြတယ်။
အဲဒီလို စနောက်ကြပေမယ့် စာရေးသူ တွေးမိတာ တခုက “ ဘာကြောင့် ငါ ဒီလို တွေးမိပါလိမ့်၊ ဒီလို ပြောမိပါလိမ့်” လို့။ ဒီအတွေးဟာ မတွေးသင့်၊ မပြောသင့်တဲ့အတွေးတခုပဲလို့ တွေးမိပြီး ရှက်တဲ့စိတ်ခံစားရတယ်။
Miss Grand International ပြိုင်ပွဲမှာ အလှမယ် သဲစုငြိမ်း အခု ဖြစ်တဲ့သဘောကို စာရေးသူ ကိုယ်ချင်းစာမိ တယ်။ သူ့ကို နားလည်နိုင်တယ်။ ဘာကြောင့်လဲဆိုတော့ စာရေးသူတို့သင်ကြားခဲ့ရတဲ့ပညာရေး၊ ကြီးပြင်းခဲ့ရတဲ့ပတ်ဝန်းကျင်မှာ အပြိုင်အဆိုင် ငါသာအနိုင်ရမယ်ဆိုတဲ့ အတွေး၊ ငါသည်သာ လူတကာထက် သာလွန်တယ် ဆိုတဲ့အတွေး၊ အတ္တကိုသာ ဗဟိုပြုစဉ်းစားတဲ့အတွေးကိုသာ ကြိုးစားမွေးမြူကြတယ်။
သူများပေါ် မုဒိတာပွား မေတ္တာထားဖို့ ဆိုတဲ့အလေ့အကျင့်တွေကို စာရေးသူတို့ လူအဖွဲ့အစည်းမှာ သင်ကြားပေးဖို့ ပျက်ကွက်နေခဲ့တယ်။ မေတ္တာတွေ၊ ကရုဏာတွေ၊ ခွင့်လွှတ်သည်းခံခြင်းဆိုတာတွေဟာ ဘာသာရေးလုပ်တဲ့ အချိန်အခိုက်အတန့်မျှသာ ပြောဆိုကြတယ်၊ ဘုရားစေတီရှေ့ရောက်မှ အဲဒီစိတ်တွေ ပေါ်ကြတယ်။ ဒါပေမဲ့ နေ့စဉ်လူ့အဖွဲ့အစည်းထဲမှာ လက်တွေ့ကျင့်ကြံဖို့ ပျက်ကွက်နေတာ အားလုံးအသိပါ။
ပြိုင်ပွဲတွေ ဝင်ပြိုင်တဲ့အခါ အကောင်းဆုံးကြိုးစားပြင်ဆင်ပြီး နိုင်ကို နိုင်ရမယ်ဆိုတဲ့စိတ်ဓာတ်ဟာ ရှိသင့်တဲ့ အရာပါ။ ဒါပေမဲ့ အရှုံးကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာလည်း ကြိုတွေးထားသင့်တယ်။ ငါ့ဘဝမှာ အရှုံးဆိုတာ မရှိဘူး၊ နိုင်ကို နိုင်ရမယ်၊ အရှုံးဆိုတာ ငါနဲ့ မထိုက်တန်ဘူးလို့ အရှုံးကို လက်မခံနိုင်တဲ့အခါ နောက်ဆက်တွဲ ဖြစ်လာတဲ့ပြဿနာတွေဟာ ရှက်ဖွယ်ရာပါ။
ပြင်သစ်အလှမယ်လို အကောင်းဆုံး၊ အလှပဆုံး အရှုံးသမားလည်းဖြစ်နိုင်တယ်ဆိုတာကို မေ့သွားတတ်ကြ တယ်။ “ဆု” တခုထက် ပိုမိုလေးနက်ပြီး အဓိပ္ပါယ်ရှိတဲ့ လူသားမျိုးနွယ်အတွက် သင်ကြားပေးမှုတွေကို ပျက်ကွက်ကုန်ကြတယ်။
မြန်မာအလှမယ် သဲစုငြိမ်းရဲ့ အရှုံးကို သူနဲ့သူ့အဖွဲ့က လက်မခံနိုင်လိုက်တဲ့အဖြစ်ဟာ သူ့ကို အားပေးနေတဲ့ ပရိသတ်တွေပါ ကူးစက်ကုန်တာပါ။ ကိုယ့်မြန်မာအလှမယ်ဟာ အချောအလှဆုံးဖြစ်တယ်၊ ပထမဆုရတဲ့သူဟာ ကိုယ့်မြန်မာအလှမယ်ထက် မလှဘဲ ဘာလို့ ဆုရတာလဲ စသဖြင့် ကိုယ့်ကိုယ်ကို၊ ကိုယ့်လူကို နိုင်သင့်တယ်ဆိုတဲ့ အတ္တစိတ်နဲ့အတူ စာရေးသူတို့လူ့အဖွဲ့အစည်းမှာ အမြစ်တွယ်နေတဲ့ တဖက်သူတွေကို အပြစ်မြင်၊ အပြစ်တင်တဲ့ စိတ်ဓာတ်တွေဟာ အထင်းသာ ပေါ်လာတယ်။ ပိုပြီး ခိုင်မာ အမြစ်တွယ်သွားတယ်။
အများညီတော့ “ဤ” ကို “ကျွဲ” ဖတ် ဆိုသလို လူအများညီတော့ “အမှား” ကို “အမှန်” လို့ ထင်သွားကြတယ်။ ကိုယ့်အလှမယ်ရဲ့ လုပ်ရပ်ကို အမှန်လို့ထင်ပြီး ကိုယ့်အမှားကိုယ် မမြင်၊ တဖက်သူကို အပြစ်ရှာကြတယ်၊ အပြစ်တင်ကြတယ်။ တဖက်သူကို မုဒိတာပွားဖို့၊ အကောင်းမြင်နိုင်ဖို့လည်း မကြိုးစားတတ်တော့ဘူး၊ မကြိုးစားတော့ဘူး။
ဒီလိုစိတ်ဓာတ်တွေဟာ စာရေးသူတို့လူ့အဖွဲ့အစည်းကို ဘယ်လောက်အထိ ဒုက္ခပေးတယ်ဆိုတာ ၂၀၂၀ ရွေးကောက်ပွဲက သက်သေပါ။
ရွေးကောက်ပွဲမှာ ကိုယ့်လူ အနိုင်မရတဲ့အခါ၊ ကိုယ်ထင်ထားသလို ဖြစ်မလာတဲ့အခါ၊ အရှုံးကို လက်မခံနိုင်တဲ့ အခါ သမ္မတဖြစ်ချင်နေတဲ့ မင်းအောင်လှိုင်ဟာ တိုင်းပြည်အာဏာကို လက်နက်အားကိုးနဲ့ သိမ်းပစ်လိုက်တယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ့်အရှုံးကိုယ် လက်မခံနိုင်၊ တဖက်လူကို မေတ္တာ မထား၊ မုဒိတာ မပွားနိုင်တဲ့အခါ နောက်ဆက်တွဲ ဖြစ်လာတဲ့အကျိုးဆက်ဟာ တိုင်းပြည်မှာ သွေးချောင်းစီးပြီး တိုင်းပြည် ပျက်စီးတဲ့အထိ ဖြစ်ခဲ့ရတယ်။
မင်းအောင်လှိုင်က တဖက်သူကို မဲခိုးတယ်လို့ အပြစ်ရှာ ဝါဒဖြန့်ပြီး “ဤ” ကို “ကျွဲ” လို့ ဖတ်ခိုင်းခဲ့တယ်။ “ကျွဲ” လို့ ဖတ်နေတဲ့ လူအုပ်ကြီးဟာလည်း မြန်မာအလှမယ် သဲစုငြိမ်း ဖြစ်စဉ်မှာလည်း “ကျွဲ” လို့ ဖတ်နေတုန်းပဲ။
ကိုယ့်လူကို အတော်ဆုံး၊ ကိုယ့်ကိုယ်ကိုယ် အတော်ဆုံးလို့ သတ်မှတ်ပြီး တဖက်သူကို အပြစ်ရှာနေတုန်းပဲ။ “အမှား” ကို “အမှန်” လို့ ထင်နေကြတုန်းပဲ။ စစ်မှန်တဲ့အနှစ်သာရတွေ ပျောက်ဆုံးပြီး အတုအယောင်တွေကို အမှန်လို့ထင်ကာ တဖြည်းဖြည်းပျက်စီးလာနေတဲ့ စာရေးသူတို့ လူ့အဖွဲ့အစည်းကြီးကို နေ့စဉ်လိုလို မြင်နေရတယ်။
ဒီလိုဖြစ်ပျက်နေတာတွေကို မြင်တွေ့ရတဲ့အခါ စာရေးသူကတော့ ကိုယ်ကစပြီး ကိုယ့်ရဲ့အပြုအမူ၊ အပြောအဆိုတွေကို နေ့စဉ် လက်တွေ့ဘဝမှာ ဆင်ခြင်၊ ပြင်ဆင်ဖို့အတွက်ပဲ တွေးမိတယ်။ လူတိုင်းမှာ အတ္တကိုယ်စီရှိပေမယ့် အဲဒီအတ္တတွေကို လက်တွေ့ကျကျ တတ်နိုင်သမျှ နည်းအောင်လုပ်ရမယ်လို့ ဆင်ခြင်မိတယ်။
ကိုယ့်ရဲ့သားသမီးတွေ သူများအပေါ် အပြစ်မြင်တာ၊ အပြစ်တင်တာမျိုး မလုပ်ဘဲ တဖက်သူကို နားလည်နိုင် အောင် ကြိုးစားသင်ကြားပေးရမယ်ဆိုတာ မြန်မာအလှမယ် သဲစုငြိမ်းရဲ့ အဖြစ်ကိုကြည့်ပြီး သင်ခန်းစာယူမိတယ်။
✍🏻လင်းဇေ
ဒီမယ်….. ကိုယ်တစ်ခု ပြောမယ်နော်။ ကိုယ်က ဒီမယ်ပွဲမှာ ဘာတစ်ခုကိုမှ ပြင်းပြင်းထန်ထန် ဝေဖန်တာ အခုထိ မရှိသေးဘူးနော်။ အဲ့ဒါကိုမှ အတင်းလာလာလောင်ရင်တော့ တကယ်ရှို့မှာ။
မယ်ကို ဘလိန်းတဲ့အထဲလည်း မပါဘူး။ ရုပ်လေးလှတယ်၊ ခန္ဓာကိုယ် မိုက်တယ်၊ အသက်ငယ်ငယ်နဲ့ ကြိုးစားအားထုတ်မှုအားကောင်းတယ်။ ပုံမှန်အချိန်ဆို ဆတ်စလူးမထတောင် နည်းနည်းဝင်အားပေးမိမယ် ထင်တယ်။
အခုအခြေအနေမှာတောင် ပွဲပြီးတဲ့အထိ ဘာမှ ပြင်းပြင်းထန်ထန် ဆန့်ကျင်နေတာမျိုး၊ ဘလိန်းနေတာမျိုးလည်း မရှိဘူး။ ကိုယ် တကယ်ဘလိန်းရင် ဘယ်လိုဘလိန်းတတ်လဲ လူတိုင်းသိတယ်။ အခုဟာက ကိုယ့်ဖာသာ အေးဆေးနေလည်း လာလောင်မီးကျနေတာ နင်တို့ မများလွန်းဘူးလား။
ကောင်မလေးက ငယ်တယ်၊ လှတယ်၊ ကြိုးစားတယ်ဆိုတာက အသိအမှတ်ပြုတာက တစ်ပိုင်းသက်သက်၊ Stop the War and Violence ခေါင်းစဉ်အောက်မှာ စစ်ဘုရင်မ Themes နဲ့ ပြိုင်ပွဲဝင်တာ၊ ဆင်းရဲဒုက္ခရောက်နေတဲ့ တိုင်းပြည်အခြေအနေမှာ Organization ပိုက်ဆံရဖို့ ငွေပေး Vote ခိုင်းတာ၊ စစ်ပွဲတွေနဲ့ ငြိမ်းချမ်းရေးအကြောင်း စစ်ကောင်စီကို ဒါရိုက်ထိနိုင်တာမျိုး မဟုတ်တောင် ပါးပါးနပ်နပ် ပြောဆိုခွင့်ရလျက်နဲ့ ပလပ်စတစ်ကောက်ဖို့ အကြံပေးတာ၊ ပြိုင်ပွဲမှာ ရုပ်ပျက်ဆင်းပျက်ပုံစံနဲ့ အရှုံးကို ရင်ဆိုင်တာ။ ဒါတွေက သက်သက်တစ်ပိုင်းပဲ။
မယ်ကို မပြောရက်ရင်တောင် စောက်ပုံမကျတဲ့ အကျိုးစီးပွါးသမားတွေရဲ့ ကြိုးကိုင်မှုကို ဝေဖန်တာမျိုးဆို မျှမျှတတ လက်ခံရမှာ မဟုတ်ဘူးလား။ အဲ့လိုတောင်ဝေဖန်တာမျိုး မဟုတ်တဲ့ ပိုစ့်လောက်လေးမှာ လောင်မီးလာကျကြတာက ဘာလဲ…. L33 ဖြစ်နေတာလား။
တော်လှန်ရေးဘက်က မဘလိန်းတာတောင် တော်လှန်ရေးဂရုတကာပေါင်းစုံထိ ရှယ်ပြီး စောက်ရှက်မရှိ ဗုတ်လိုက်တောင်းလို့ စောက်ပွဲတွေ စဖြစ်ကြတာလေ။ အဲ့ဒါ အဲ့ဆတ်စလူးတွေကြောင့် မဟုတ်ဘူးလား။ ဘာမှမပြောဘဲနေတဲ့ တော်လှန်ရေးInfluencer တွေထိ လိုက်ကက်ကက်လန်နေတာ အဲ့ဆတ်စလူးတွေပဲ မဟုတ်လား။
မစ်နဲ့ စစ်နဲ့ ဘာဆိုင်လဲ၊ နိုင်ငံရေးနဲ့ ဘာဆိုင်လဲဆိုပြီး ကက်ကက်လန်ခဲ့ကြပြီး ရှုံးမှ နိုင်ငံမကောင်းလို့၊ နိုင်ငံနိမ့်ကျလို့ အနှိမ်ခံရတာ၊ စည်းစည်းလုံးလုံး အားမပေးလို့ ရှုံးတာ ဘာညာဆိုတော့ အကုန်လုံး နင်တို့ ပါးပါးနဝပ်ဆီ ကုန်းပေးစေချင်တာလား။
အရှင်းကြီးပဲ… သိလား။ Vote ကနေ စောက်ဆံရဖို့ ဒီအဆင့်ထိ ဆွဲခေါ်လာပြီးမှ ဖြုတ်ချသွားတာ မျက်မြင်ပဲ မဟုတ်လား။ ကျွန်ခေတ်မှာ လူရာမဝင်ဘူးဆိုတာ အခုထိ သဘောမပေါက်ကြတာလား။ နိုင်ငံချင်း တူတူတန်တန် မပြောနဲ့ ခရောင်းကို ပေါ်တင်ရောင်းစားသလို စောက်ဆင့်ပဲ ရှိတဲ့ ဒီလို ပွဲမှာတောင် ပေါ်တင်ကြီး ချိုးခံရတာ ဘာလို့လဲ သိလား။ နိုင်ငံက ဆင်းရဲမွဲတေစုတ်ပြတ်နေလို့။ စစ်အာဏာရူးတွေလက်အောက်မှာ ဘယ်နိုင်ငံကမှ စောက်လုံးထဲ မထားအောင်ကို နှိမ့်ချခံနေရလို့။
နိုင်ငံနာမည်ငတ်နေရှာတဲ့ မျိုးချစ်စိတ်ကို အသုံးချပြီး စီးပွါးရေးသမားတွေက နိုင်ငံနဲ့ချီ ပေါ်တင်ဖျင်ချသွားတာတောင် ရှက်စရာကောင်းလွန်းလှပြီ။ ဒီကြားထဲ Beauty အပြင် IQ, EQ အကုန်ပြိုင်ရတဲ့ ပွဲမျိုးမှာ အသုဘလိုငိုယိုပြီး ခရောင်းဆွဲဖြုတ် စလွယ်ဆွဲဖြုတ်ပြီး စောက်ရှက်ခွဲတဲ့ မသာကောင်တွေက တစ်မျိုး။
Bye Forever ဆိုပြီး နောက်နှစ်ကျ စောက်ခွက်ပြောင်ပြောင်နဲ့ မယ်လှလှလေးတစ်ယောက်ကို ထပ်အသုံးချ စောက်ဆံရှာကြဦးမယ့် စောက်ကျက်သရေတုံး လုပ်စားတွေကို နောက်နှစ်ကျ ထပ်အလိမ်ခံလိုက်ကြဦး။
စိတ်ပျက်လို့ ဘာမှမပြောဘဲ နေတဲ့လူကိုပါ အမကို အထင်ကြီးလေးစားတာ မှားတယ်ဘာညာ သီးသီးကြီး လာဘလိန်းနေတဲ့ နင်တို့ ဆတ်စလူးတွေကို ငါတကယ် ဆလံပဲ။
ဖျင်ချခံလို့သာ ပြီးသွားတာ…. ဘယ်ယီးမှန်းမသိတဲ့ဟာတွေ။
ငါအံ့ဩ။
✍🏻ပန်ဆယ်လို
Leave a Reply