ဝါးပိုးချပ်ရွာတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဒုဗိုလ်မှုးကြီး အပါအ၀င် ၁၁ ဦးသေဆုံး
စဉ့်ကူးမြို့ ဝါးပိုးချပ်ရွာတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဒုဗိုလ်မှုးကြီး အပါအ၀င် ၁၁ ဦးသေဆုံးပြီး ၁၅ ဦးကို အရှင်ဖမ်းမိ စဉ့်ကူးမြို့နယ် ဝါးပိုးချပ်ကျေးရွာရှိ စစ်ကောင်စီအထိုင်စခန်းတစ်ခု ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ဒုဗိုလ်မှုးကြီး အပါအ၀င် ၁၁ ဦးသေဆုံးပြီး ၁၅ ဦးကို အရှင်ဖမ်းမိခဲ့သည်ဟု MDF PDF က သတင်းထုတ်ပြန် သည်။ ဧပြီ ၂၈ ရက် နံနက်တွင် အဆိုပါစစ်ကောင်စီ အထိုင်စခန်းအား အပြီးသတ်သိမ်းပိုက်ရရှိခဲ့သည်ဟု MDF PDF ကဆိုသည်။ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ တတက(၁၃) အုပ်ချုပ်မှုဌာန ဌာနမှုး ဒုတိယဗိုလ်မှုးကြီး တင်ကို (တေဇ ၂၈) အပါအဝင် (၁၁)ဦး သေဆုံးခဲ့ပြီး ၁၅ ဦး လက်နက်ချအညံ့ခံခဲ့သည်။ … Read more