တိုင်းရင်းသားခေါင်းဆောင်ဆိုသူတို့အကြောင်း

တိုင်းရင်းသားခေါင်းဆောင်ဆိုသူတို့အကြောင်း ယွက်စစ် ရှမ်းRCSS/SSAခေါင်းဆောင် ၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဖက်ဒရယ်ဒီမိုကရေစီအကြောင်း အမြှုပ်ထွက်မတက်ပြောတက်တယ် ၊၂၁ရာစုပင်လုံညီလာခံကိုလာတက်ချိန်မှာ တပ်ချုပ်မင်းအောင်လှိုင်က စကားပြောမောက်မာကြောင်း အထက်စီးဆန်ကြောင်း မီဒီယာတွေကိုဖြေကြားခဲ့ဘူးတယ် ၊ အာဏာသိမ်းစမှာ စကစကိုလက်မခံကြောင်းထအော်ခဲ့သေးပေမဲ့ နောက်ပိုင်းမှာတော့ မင်းအောင်လှိုင်နဲ့ တစ်ခြင်ထောင်ထဲအိပ်မတက် ပူးကပ်သွားခဲ့ပြီးတော့ မင်းအောင်လှိုင်ချီးမြှင့်တဲ့သီရိပျံချီတံဆိပ်တွေနဲ့ အပီအပြင်စစ်ဘောမသွားခဲ့တယ် ဖဒိုမန်းငြိမ်းမောင် KNUဗဟိုအလုပ်အမှုဆောင်ဟောင်း ၊ NLDနဲ့စစ်တပ်ကို နှစ်ပြားမတန်အောင်ဝေဖန်နေခဲ့သူ ၊ NLDအစိုးရကို ချာတူးလန်အစိုးရလို့ဒေါကြီးမောကြီးနဲ့ပြောခဲ့ဖူးပေမဲ့ အခုတော့ စကစလက်ထက်မှာ ဥပဒေမဲ့မှုနဲ့ကုန်စျေးနှုန်းဒဏ်ကို ပြည်သူတွေမချိမဆန့်ခံနေရချိန်မှာတော့ ဒီအစိုးရကချာတူးလန်အစိုးရပဲကွလို့မပြောတော့ဘဲ စောက်ပေါက်ကြီးပိတ်ပြီး နစကအဖွဲ့ဝင်အဖြစ်နဲ့ ဘွဲ့တံဆိပ်တွေနဲ့သာယာနေတော့တယ် ။ ဒေါ်အေးနုစိန် NLDလက်ထက်မှာ စစ်တပ်ကလုပ်နေသမျှကို NLDကမတားဘူးဆိုပြီး နေ့စဉ်ပိုးစိုးပက်စက်ဝေဖန်နေလေ့ရှိတဲ့ (ရခိုင်ANP ပါတီ) လွှတ်တော်ကိုယ်စားလှယ်ဟောင်း ၊ အခုတော့နစကအဖွဲ့ဝင်အဖြစ် ဘွဲ့ထူးအခွင့်ထူးတွေနဲ့ စောက်ပေါက်ပိတ်သွားခဲ့ပြီ ။ ဘယ်ရခိုင်အတွက်မှလည်း အော်မပေးတော့ဘူး ။ စိုင်းအိုက်ပေါင်း … Read more

မောင်တောမြို့နယ်၊ အောင်သပြေ နယ်ခြားစောင့်တပ်စခန်းကို AA က သိမ်းပိုက်ရရှိ

စခန်းရှိ စားနပ်ရိက္ခာနှင့် ရေဘူးများတွင် အဆိပ်များ ထည့်ထားခဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အောင်သပြေ နယ်ခြားစောင့်တပ်စခန်းကို AA က သိမ်းပိုက်ရရှိပြီး စခန်းရှိ စားနပ်ရိက္ခာနှင့် ရေဘူးများတွင် အဆိပ်များ ထည့်ထားခဲ့သည်ကို တွေ့ရှိရကြောင်း AA က သတင်းထုတ်ပြန်သည်။ မတ်လ ၁၁ ရက်နေ့တွင် ရက္ခိုင်ပြည်၊ မောင်တောမြိုမြောက်ပိုင်းမှ လက်နက်ချအညံ့မခံသေးသော လက်ကျန်နယ်ခြားစောင့်တပ်စခန်းအချိုကို ရက္ခိုင့်တပ်တော်မှ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာ ထိုအထဲမှ အောင်သပြေ နယ်ခြားစောင့်တပ်စခန်းကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ စစ်သားအလောင်းအချို့ ၊ လက်နက်ခဲယမ်းအချို့တိုကိုသိမ်းဆည်းရမိခဲ့ကြောင်း၊ အဆိုပါ စခန်းမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို ဝင်ရောက်ထွက်ပြေးသွားခဲ့သော နယ်ခြားစောင့်တပ်ဖွဲဝင်များအရေအတွက် မှာ ၁၇၉ ယောက်အထိ ရှိခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။ ထို့ပြင် AA က သိမ်းပိုက်ရရှိသော အောင်သပြေစခန်းအတွင်း … Read more

ခမရ-၃၅၆ တပ်ရင်းမှူး မယား၊ ရွှေ ၂ ပိဿာနဲ့ 🤭🤫 မူစကူဒူး အရှုပ်တော်ပုံ

သင်္ဃန်းညီနောင်ရှိ ခမရ-၃၅၆ မှ တပ်ရင်းမှူးနှင့်ဇနီး လွတ်မြောက်နယ်မြေသို့ ထွက်ပြေးဟုပြော ကရင်ပြည်နယ်၊ မြ၀တီမြို့၊ သင်္ဃန်းညီနောင်တွင်ရှိသည့် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ-၃၅၆ မှ တပ်ရင်းမှူးနှင့် ဇနီးအပါအ၀င် တပ်မိသားစု၀င်အချို့သည် တော်လှန်ရေးတပ်များ ၀င်ရောက်တိုက်ခိုက်ချိန်တွင် တပ်ရိပ်သာမှ ထွက်ပြေးသွားကြောင်း သိရသည်။ ပြီးခဲ့သည့် မတ်လ ၈ရက်နေ့က ကော့ကရိတ်၊ မြဝတီ လမ်းဟောင်းနှင့် လမ်းသစ် ဆုံရာတွင်တည်ရှိသည့် စစ်ကောင်စီ၏ ခမရ-၃၅၅ တပ်ရင်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မတ်လ ၉ ရက်နေ့တွင် အာရှလမ်းမကြီးပေါ်ရှိ သင်္ဃန်းညီနောင် မြို့မရဲစခန်း တို့ကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။ ခမရ ၃၅၅ ကို တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ချိန်တွင် ခမရ ၃၅၆ … Read more

ရမ်းဗြဲတိုက်ပွဲတွင် အစာရေစာပြတ်ပြီး သေဆုံး

ရမ်းဗြဲတိုက်ပွဲတွင် အစာရေစာပြတ်ပြီး သေဆုံးသွားရသည့် စစ်ကောင်စီတပ်သား အများအပြားကို တွေ့ခဲ့ရကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့သူပြော (သိမ်တောင် တောင်ပေါ်၌ စစ်သား၊ ရဲသား ၄၇ ဦး ရုပ်အလောင်းကိုတွေ့ခဲ့ရဟုဆို) ရခိုင်ပြည် ရမ်းဗြဲမြို့တိုက်ပွဲတွင် အာဏာသိမ်း စစ်ကောင်စီတပ်သားများ အစာရေစာပြတ်လပ်ပြီး သေဆုံးသွားရသည့် တပ်သားအများအပြားကို တွေ့ခဲ့ရကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့သူတစ်ဦးက ပြောသည်။ ရမ်းဗြဲမြို့ကို ရက္ခိုင့်တပ်တော် AA က လက်ကျန် စစ်ကောင်စီတပ်သားများကို ရှင်းလင်းပြီး ယမန်နေ့ မတ်လ ၁၁ ရက် နေ့လယ် ၁ နာရီ ၁၅ မိနစ်အချိန်တွင် အပြီးအပိုင်သိမ်းပိုက်လိုက်ပြီဟု ထုတ်ပြန်ကြေညာခဲ့သည်။ ရမ်းဗြဲမြို့အနီးရှိ သိမ်တောင် တောင်ပေါ်၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများနှင့် မြို့တွင်းကစဉ့်ကလျားထွက်ပြေးနေသော တပ်သားများကို ရှင်းလင်းတိုက်ခိုက်နိုင်ခဲ့၍ မြို့အား သိမ်းပိုက်ထိန်းချုပ်လိုက်ခြင်းဖြစ်သည်ဟု AA က ဆိုသည်။ … Read more

လက်စသတ်တော့ ဒင်းတို့ ထွက်ပြေးကြတာကိုး..🙄

လက်စသတ်တော့ ဒင်းတို့ ထွက်ပြေးကြတာကိုး..🙄 ကယ်ပါ..သပ်မတော်ဂျီးဖြစ်လို့..😬 မြစ်ကြီးနား လေယာဥ်ကွင်း အရေးပေါ်ပိတ်တယ်ဆိုတော့ တိုက်ပွဲတွေပြင်းထန်ပြီး ခရီးသွားတွေ အန္တရာယ်ဖြစ်မှာစိုးလို့ ထင်နေတာ။ ဒါမှမဟုတ် လေတပ်က လေယာဥ်တွေဆက်တိုက် အတက် အဆင်းလုပ်ပြီးအပီအပြင် ပြန်ဝုန်းတော့မယ်ပေါ့။ လက်စသတ်တော့ ဒင်းတို့ ထွက်ပြေးကြတာကိုး။ စစ်ကောင်စီတပ်က အရာရှိနဲ့ မိသားစုများ လေယာဉ်ဖြင့် အရေးပေါ်ထွက်ပြေးကြတာတဲ့။ မနေ့က ပြန်ဖွင့်ပြီ— ခရီးသွား ပြည်သူတွေ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံ။

ဈေးထွက်ဝယ်သည့် စစ်ဗိုလ် ၁ ဦးအပါအဝင် ၃ ဦးကို တော်လှန်ရေး တပ်ဖွဲ့က အရှင်ဖမ်းဆီး

စစ်ကိုင်းမြို့နယ်၊ အုန်းတောရွာတွင် ဈေးထွက်ဝယ်သည့် စစ်ဗိုလ် ၁ ဦးအပါအဝင် ၃ ဦးကို တော်လှန်ရေး တပ်ဖွဲ့က အရှင်ဖမ်းဆီး (ရုပ်/သံ) စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အုန်းတောရွာတွင် ဈေးထွက်ဝယ်သည့် စစ်ဗိုလ် ၁ ဦးအပါအဝင် ၃ ဦးကို တော်လှန်ရေး တပ်ဖွဲ့က အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း Taw Twin Tup Pee Local အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာ အနီး အမှတ် ၆၀၀၅ တင့်ကားတပ်မှ စစ်ဗိုလ် ကျော်ဇင်ထွန်း၊ တပ်ကြပ်ကြီး ဇင်မျိုးသိန်းနှင့် ဒုတပ်ကြပ် ဇော်ဖြိုးချစ် တို့ ဈေးဝယ်ထွက်လာစဉ် Taw Twin Tup Pee … Read more

စစ်ကောင်စီတပ်၏ Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ်ကို KIA က ပစ်ချ

ဝိုင်းမော်မြို့နယ်တွင် လာရောက်ပစ်ခတ်ဗုံးကျဲနေသော စစ်ကောင်စီတပ်၏ Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ်ကို KIA က ပစ်ချလိုက်ပြီး ထိမှန်သွားဟု ဗိုလ်မှူးကြီးနော်ဘူ အတည်ပြု ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ အောင်မြ ၁ နှင့် အောင်မြေ ၂ နေရာသို့ လာရောက်ပစ်ခတ် ဗုံးကျဲနေသော စစ်ကောင်စီတပ်၏ Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ်ကို KIA က ပစ်ချလိုက်ပြီး ထိမှန်သွားသည်ဟု သိရှိရကြောင်း KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူကပြောဆိုသည်။ ယနေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်၏ Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ်ကို ပစ်ချခြင်းဖြစ်ပြီး ထိမှန်သွားသည်ဟု ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုကြောင်း၊ ပျက်ကျမှု ရှိ၊ မရှိကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ “အောင်မြေ ၁ ၊ အောင်မြေ ၂ ကို … Read more

ချောင်းဦးမြို့ပေါ်ရှိ ထွေအုပ်ရုံးနှင့် ရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ချောင်းဦးမြို့ပေါ်ရှိ ထွေအုပ်ရုံးနှင့် ရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ထွေအုပ် ဦးစီးမှူး ၁ ဦးနှင့် စစ်သား ၂ ဦး သေဆုံး စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အထွေထွေ အုပ်ချုပ်ရေးဌာန ဦးစီးမှူး ၁ ဦးနှင့် စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း GTR MMU တပ်ဖွဲ့မှတာဝန် ရှိသူတစ်ဦးကပြောကြားသည်။ ယမန်နေ့ မတ်လ ၁၀ ရက် နံနက် ၄ နာရီခန့်က ချောင်းဦးမြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် မြို့မရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီး ၁၁ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးမှူး ၁ ဦးနှင့် အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးကာ Jammer ကားတစ်စီးလည်း … Read more

နေပူတော် စ၊စ်ဗို၊လ်ချု၊ပ်တွေ အထုပ်ပြင်ကုန်ကြပြီ

ကချင်ပြည်နယ်အတွင်း အရှိန်အဟုန်ဖြင့် ပြေးဝင်လာသော မြားတစ်စင်းကို ဂီလာန စစ်ကောင် စီတပ်က မည်သို့မျှ တားဆီး နိုင်စွမ်းမရှိခြင်းမှာ အစဉ်အလာတစ်ရပ်သဖွယ် ဖြစ်နေပြီမို့ ရှက်စရာ၊ သိက္ခာ ကျစရာ၊ ဂုဏ်ငယ်စရာ တော့ မဟုတ်ပေ။ မတ်လ ၇ရက် နံနက်၅နာရီတွင် ထောင်နှင့်ချီသော ကေအိုင်အေနှင့်မဟာမိတ်တို့က ကချင်ပြည်နယ် ၌ ထိုးစစ်စတင်ကာ စစ်မျက်နှာသစ်ကို အရှိန်ပြင်းစွာဖြင့် ဖွင့်လှစ်လိုက်သည်။ကေအိုင်အေနှင့်အတူ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး (PDF) တပ်ဖွဲ့များနှင့် ရက္ခိုင့်တပ်တော် (AA) တို့က ပါဝင်တိုက်ခိုက်နေပြီး လိုင်ဇာမြို့အနီးရှိ စစ်တပ်စခန်း များ၊ ဝိုင်းမော်၊ ဒေါ့ဖုန်းယန်နှင့် ဗန်းမော်မြို့နယ် အ တွင်းရှိ တပ်စခန်းများနှင့် ကချင်ပြည်နယ်၏မြို့တော်၊ မြစ် ကြီးနားမြို့ရှိ လေတပ်စခန်းတို့ကို တစ်ပြိုင်နက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ … Read more

စစ်ဆင်ရေးစတင်ပြီး (၄)ရက်အတွင်း စကစတပ်စခန်း (၂၀)ခန့်အား KIAသိမ်းပိုက်ထား

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ မိုးမောက်မြို့နယ်နှင့် KIAဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးရှိ စစ်ကောင်စီတပ်စခန်း (၂၀)ခန့်အား (၄)ရက်အတွင်း KIAနှင့် ပူးပေါင်းတပ်တို့ သိမ်းပိုက်ရရှိထားကြောင်း သိရသည်။ မတ်လ (၇)ရက်နေ့တွင် စတင်ခဲ့သော ကချင်လွတ်လပ်ရေးတပ်မတော် KIAနှင့် KPDFပူးပေါင်းတပ်တို့​၏ စစ်ဆင်ရေးသည် (၄)ရက်အတွင်း၌ ကချင်ပြည်နယ်နေရာအနှံ့ရှိ စစ်ကောင်စီတပ်စခန်း (၂၀)ခန့်အား သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်သည်။ သိမ်းပိုက်ရရှိထားသော တပ်စခန်းများမှာ- (၁) ခန်းကိုင်တောင်ရှိ ခလရ (၁၄၂)တပ်စခန်း (၂) ခယာဘွမ်တပ်စခန်း (၃)လဂတ်ကောင်တပ်စခန်း (၄)ဆွမ်ပရာဘွမ်အနီးရှိ မလိယာန်တပ်စခန်း (ခလရ-၄၆) (၅)ဘွမ်ရယ်ဘွမ်တပ်စခန်း (၆)ပန်စွန်တပ်စခန်း (၇)ဂေါက်ငူကောင်တပ်စခန်း (၈)မလိယာန်တပ်စခန်း (၉)အင်လုံခတပ်စခန်း (၁၀)အင်တပ်ဘွမ်တပ်စခန်း (၁၁)ဖွန်းပြန်ဘွမ်တပ်စခန်း (၁၂)တာပိန်မြစ်တံတားစခန်း (၁၃)ရှဒန်ပါ တပ်စခန်း (၁၄)ကစဲန်ကောင်တပ်စခန်း (၁၅)ခဂျလုစခန်း (၁၆)မြို့သစ်တံတားစောင့်တပ်စခန်း (၁၇)မြို့သစ်တံတားကာကင်း (၁၈)နမ့်ဖတ်ခတံတားစောင့်တပ်စခန်း (၁၉)တာမခန်ရှိ ခမရ (၁၁၉)တပ်စခန်း(ဖားကန့်) (၂၀)ခယာဘွမ်ရှိ … Read more