ရှမ်းမြောက်ဒေသတွင် ၂၀၁၈ ခုခုနှစ်မှ ၂၀၂၄ အထိ တာဝန်ကျခဲ့သော ရဲခရိုင်မှူး နှင့်ထွေ/အုပ် ညွှန်ကြားရေးမှူးများအားလုံးကို တာဝန်မှ ရပ်ဆိုင်း
အရေးယူမှုများ လုပ်ဆောင်ရန် တရုတ်နိုင်ငံက သတင်းအချက်အလက်များပေး၍ ဖိအားပေးနေသည်ဟုဆို ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးနှင့်လောက်ကိုင်ဒေသအပါအဝင် မြို့နယ်များတွင် ၂၀၁၈ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ တာဝန်ကျခဲ့သော ရဲခရိုင်မှူးများ၊ ထွေ/အုပ်အုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးများအားလုံးကို ရာထူးတာဝန်များမှ အနားပေးလိုက်ကြောင်း ပြည်ထဲရေး သတင်းရင်းမြစ်ကပြောဆိုသည်။ ပြည်ထဲရေးဝန်ကြီးဌာနထံသို့ စစ်ကောင်စီက ဖြုတ်ပယ်ရမည့် ဝန်ထမ်းများစာရင်းကို ပေးပို့လာရာတွင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၂၀၁၈ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ တာဝန်ကျခဲ့ဖူးသော ခရိုင်ရဲများ၊ ထွေ/အုပ် အုပ်ချုပ်ရေးမှူးများကို ရာထူးတာဝန်မှ ချက်ချင်း အနားပေးလိုက်ခြင်းဖြစ်ကြောင်း၊ အဓိက ကျားဖြန့်နှင့် နိုင်ငံသားကတ်ပြားများကို လိုင်းကြေးနှင့် လာဘ်ငွေများ ရယူ၍ ခွင့်ပြုခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သိရှိရသည်။ “ရှမ်းမြောက်၊လားရှိုးလောက်ကိုင် ၂၀၁၈ ကနေ ၂၀၂၄ အထိ ထိ တာဝန်ကျခဲ့ဖူးတဲ့ ရဲခရိုင်မှူးတွေ အကုန် […]