ကော့ကရိတ်မြောက်ပိုင်းကို စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွ

ကော့ကရိတ်မြောက်ပိုင်းကို စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား စစ်တပ်က ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးနေပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ ရန်ကုန်၊ ဇန်နဝါရီ ၂၄ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ မြောက်ပိုင်းကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်း Southern Eagle PDF ထံမှ သိရသည်။ ဇန်နဝါရီ ၂၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ဝန်းကျင်ခန့်တွင် ကျားဖြူစစ်ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ထိန်းချုပ်ထားသည့် ကော့ကရိတ်မြို့ မြောက်ပိုင်းကို စစ်ကြောင်းထိုး ဝင်ရောက်လာသည့် အကြမ်းဖက် စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ထိတွေ့ တိုက်ပွဲအတွင်း … Read more

အချစ်တော်ကြီး ရေးဘီလူး အပီအပြင်ကိုဗျင်း

ရေးမြို့နယ်၊ လင်းဦး စစ်တပ် စစ်ဆေးရေးဂိတ်မှ စစ်သား ၃ ဦး လိုက်ပါလာ သော ကားကို အသင့်စောင့်ကြို တိုက်ခိုက်မှု ၃ ဦးလုံးသေဆုံးပြီး လက်နက် ၃ လက် သိမ်းပိုက်ရရှိ (ရုပ်/သံ) ရန်ကုန်၊ ဇန်နဝါရီ ၂၄ မွန်ပြည်နယ်၊ ရေးမြို့နယ် လင်းဦး စစ်တပ် စစ်ဆေးရေးဂိတ်မှ စစ်သား ၃ ဦး လိုက်ပါလာသော ကားကို လမ်းတွင် အသင့်ကြိုစောင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးပြီး လက်နက် ၃ လက်သိမ်းပိုက်ရရှိခဲ့ကြောင်း ရေးဘီးလူး အဖွဲ့ ခေါင်းဆောင်ကပြောဆိုသည်။ ဇန်နဝါရီ ၂၄ ရက်နေ့ နံနက် ၇ နာရီကျော်အချိန် ကားလမ်းတစ်နေရာတွင် အသင့် စောင့်ကြို၍ တိုက်ခိုက်ခဲ့ခြင်း … Read more

PNO နှင့် စစ်တပ်စခန်းကို PNLA နှင့်မဟာမိတ်ပူးပေါင်းအဖွဲ့က မီးရှို့ ရှင်းလင်း

ဆီဆိုင်တွင် သေနတ်သံများ စတင်ကြားရပြီး မြို့မှ ပြည်သူတချို့ စတင်စစ်ဘေးရှောင်၊ PNO နှင့် စစ်တပ်စခန်းကို PNLA နှင့်မဟာမိတ်ပူးပေါင်းအဖွဲ့က မီးရှို့ ရှင်းလင်း ရန်ကုန်၊ ဇန်နဝါရီ ၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် သေနတ်သံများ ယနေ့ စတင် ကြားရပြီး မြို့မှ ပြည်သူတချို့ စတင်စစ်ဘေးရှောင်နေကြကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။ ဇန်နဝါရီလ ၂၀ ရက်နေ့ ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာတွင် အကြမ်းဖက် စစ်တပ်၊ လက်အောက်ခံ PNO ပူးပေါင်း အဖွဲ့နှင့် PNLA/ PNLO တို့အကြား စတင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာမှ အဆိုပါ စစ်ရေးတင်းမာမှုသည် ဆီဆိုင်မြို့နယ်အထိ ကူးစက် လာကြောင်း၊ ဇန်နဝါရီလ ၂၂ ရက်နေ့ ညပိုင်းတွင် … Read more

ခေါင်းကို ရေအေးအေးနဲ့ ဖြန်းပေးပါ အယ်ဘ

😁😁 အဘခေါင်းကို ရေအေးအေးနဲ့ ဖြန်းပေးပါ အတွင်းသတင်းအရ အဘ ခေါင်းမီး တောက်နေတယ်လို့ သိရတယ်။ မြောက်ပိုင်းကိစ္စ၊ သန်းကောက်စာရင်းကိစ္စ၊ ရွေးကောက်ပွဲကိစ္စ၊ လူအချိန်း အပြောင်းကိစ္စ၊ စစ်ပွဲတွေ ရူံးရတဲ့ကိစ္စ၊ ရွှေကုက္ကိုလ် စောချစ်သူကိစ္စနဲ့ တပ်မတော်နေ့ ကျင်းပရေးကိစ္စတွေလို့ ထင်ကြပါလိမ့်မယ်။ မဟုတ်ပါဘူး။ ရုရှဆီကနေ လေယဥ်နဲ့ စစ်လက်နက် ပစ္စည်းတွေကို အကြွေးနဲ့ အားတိုင်းယားတိုင်း ယူထားမိခဲ့တဲ့ ကိစ္စပါ။ အရင်တခါ အကြွေးတောင်းခံရတုန်းက ကပစထုတ် လက်နက်ကြီး ကျည်ဆံတွေပို့ပြီး ပူတင်စိတ်ကျေနပ်အောင် ဆပ်ပေးခဲ့ရတယ်။ အခုတခါ ထပ်ပြီး ရုရှက နားပူနားဆာလုပ် တောင်းနေပြန်ပါတယ်။ လက်နက်ကြီးကျည်တွေ ပို့ဖို့ကလဲ ပြည်တွင်းအတွက်တောင် အနိုင်နိုင်မို့ အဘ တိုင်ပတ်နေပါတယ်။ တကယ်လို့ မဆပ်နိုင်ဘူးဆိုရင် ရုရှဘဏ်တွေမှာ လွှဲပြောင်းထားတဲ့ အဘရဲ့မိသားစုပိုင် အပ်နှံငွေတွေကို ယာယီ … Read more

စစ်ကူများ လာရောက် အား ဖြည့် စဉ် AA က တိုက်ခိုက်မှု စစ်သားအလောင်း ၇ လောင်းနှင့် လက်နက် များ ရရှိ

မင်းပြားမြို့ပေါ်သို့ စစ်ကောင်စီက သင်္ဘောဖြင့် စစ်ကူများ လာရောက် အား ဖြည့် စဉ် AA က တိုက်ခိုက်မှု စစ်သားအလောင်း ၇ လောင်းနှင့် လက်နက် များ ရရှိ၊ အိန္ဒိယပြန် စစ်ပြေးများကို ရခိုင်တွင် စစ်တပ်က အင်အားဖြည့် ရန်ကုန်၊ ဇန်နဝါရီ ၂၄ ရခိုင်ပြည်နယ်၊ မင်းပြားမြို့ပေါ်သို့ စစ်ကောင်စီက စစ်သင်္ဘောဖြင့် ယမန်နေ့ စစ်ကူများ လာရောက်အားဖြည့်ချထားစဉ် ရက္ခိုင်တပ်တော် AA က ကြားဖြတ် တိုက်ခိုက်ရာ စစ်သားအလောင်း ၇ လောင်းနှင့်လက်နက်များ ရရှိကြောင်း AA သတင်းရင်းမြစ်က ပြောဆိုသည်။ “စစ်ကူလာချတဲ့ စစ်သားတစ်သိုက်ကို တိုက်ခိုက်တာမှာ အလောင်း ၇ လောင်း ရတယ်။ လက်နက်တွေလည်းရတယ်” ဟု AA သတင်းရင်းမြစ်က … Read more

ကြောက်စရာကောင်းသည့် ပြိုင်ဘက်များနှင့် စစ်ကောင်စီ ရင်ဆိုင်နေရပြီဟု သံအမတ်ဟောင်းများပြော

ကြောက်စရာကောင်းသည့် ပြိုင်ဘက်များနှင့် စစ်ကောင်စီ ရင်ဆိုင်နေရပြီဟု သံအမတ်ဟောင်းများပြော −−−−−−−−−−−−−−−−−−−−−−−− စစ်ကောင်စီသည် နိုင်ငံတကာစာမျက်နှာတွင် ထောက်ခံမှုကျဆင်းနေသည်၊ ပြည်တွင်းတွင်မူ လက်နက်ကောင်းများ ပိုင်ဆိုင်လာပြီး စိတ်ဓာတ်တက်ကြွနေသည့် ကြောက်စရာကောင်းသော ပြိုင်ဘက်များနှင့် ရင်ဆိုင်နေရသည်ဟု ထိုင်းနှင့် ဒတ်ချ်သံအမတ်ဟောင်းတို့က ဆိုသည်။ “စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့အခင်းအကျင်းဟာ သိသိသာသာ ပြောင်းလဲလာခဲ့ပါတယ်။ စစ်အစိုးရကို နိုင်ငံတကာက ထောက်ခံမှု လျော့နည်းလာနေပါတယ်။ ပြည်တွင်းမျက်နှာစာမှာလည်း ပိုပြီး ကြောက်စရာကောင်း၊ လက်နက်ကိုင် ပိုကောင်းလာပြီး၊ စိတ်အားထက်သန်မှုနဲ့ စည်းလုံးမှုပိုရှိလာတဲ့ ပြိုင်ဘက်နဲ့ ရင်ဆိုင်နေရပါတယ်” ဟု ဆိုသည်။ ယနေ့ (ဇန်နဝါရီ ၂၄ ရက်) ဘန်ကောက်ပိုစ့်ပါ မြန်မာနိုင်ငံသစ်အတွက် အာဆီယံ ထောက်ခံသင့် “Asean should back a new Myanmar”ဟု အမည်ပေးထားသော ဆောင်းပါးတစ်ပုဒ်တွင် ထိုင်းနှင့် … Read more

မော်ဒယ်ဖူးပွင့်ခိုင်နှင့်အေမီစျာန် မလေးရှား အချုပ်ထောင်တွင် အနည်းဆုံး ၁၄ရက်ထိန်းသိမ်းခံရမည်

မလေးရှားနိုင်ငံ၊ပီနမ်းမြို့နယ်၊ဘာတာဝပ်မြို့ရှိ Royce Luxury နိုက်ကလပ်တွင် ပြီးခဲ့သည့်ဇန်နဝါရီ ၁၄ရက်က အဖမ်းခံခဲ့ရသည့် မော်ဒယ်ဖူးပွင့်ခိုင်နှင့်အေမီစျာန်တို့ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးဘဲ အချုပ်ထောင်တွင် အနည်းဆုံး ၁၄ရက်အထိ ထိန်းသိမ်းခံရမည်ဖြစ်ကြောင်း မလေးရှားရောက် မြန်မာများအရေးလိုက်ပါကူညီနေသူများက ပြောသည်။ “ ဒီနိုင်ငံမှာကရဲဖမ်းတာနဲ့၊ လဝကဖမ်းတာနဲ့စည်ပင်က ဖမ်းတာဆိုပြီး အော်ပါရာစီက သုံးမျိုးရှိတယ်။ သူတို့ကို ဖမ်းတာ လဝကပါနေတာမို့ အနိမ့်ဆုံးတော့ ၁၄ရက် ချုပ်ထားမယ်။ အဲ့အတောအတွင်း ဘယ်သူ့မှတွေ့ခွင့်မရှိဘူး။နောက်တခုက သူတို့က ကလပ်မှာ မိတဲ့အတွက်ကြောင့်မို့ သူတို့ကိုဆေးစစ်တာ လုပ်မယ်။ မူးယစ်ဆေးဝါး သုံး၊မသုံးပေါ့။ အဲ့မှာမူးယစ်ဆေး ပါသုံးတာမိရင် ထပ်ပြီးအမှုတိုးရင်ဆိုင်ရမယ်”ဟု မလေးရှားရောက် မြန်မာများအရေးလိုက်ပါကူညီနေသည့် ကိုသက်ထွန်းက ပြောသည်။ ဖူးပွင့်ခိုင်၊အေမီစျာန်နှင့် ပွဲစီစဉ်သူများသည် ခွင့်ပြုချက်မရှိဘဲ Royce Luxury နိုက်ကလပ်တွင်ဖျော်ဖြေပွဲပြုလုပ်မှုဖြင့် ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ရက်က ဖမ်းဆီးခံရခြင်းဖြစ်သည်။ယနေ့ … Read more

ဆန်ရှားပြီး ဈေးကြီးတာကြောင့် နတ်တလင်းကစစ်ရှောင်တွေ စပါးထောင်းပြီး စားနေရ

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ် ပဲခူးရိုးမတောင်ခြေတဝိုက်က စစ်ရှောင်တွေဟာ ဆန်ဝယ်ရခက်ပြီး ဆန်ဈေးကြီးတာကြောင့် မောင်းထောင်းစားနေရတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။ စစ်ရှောင်ပြည်သူတွေဟာ စပါးကိုဝယ်ယူပြီး ကိုယ်တိုင်လက်ထောင်းမောင်းဆုံနဲ့ ထောင်းကာ စားသောက်နေရ တာဖြစ်ပါတယ်။ အဲဒီစစ်ရှောင်တွေဟာ နတ်တလင်းမြို့နယ် ကွေ့ကြီး၊ ညောင်လေးပင်၊ သဖန်းချောင်း၊ ကျောက်ပြုတ်စတဲ့ ကျေးရွာတွေက စစ်ရှောင်အိမ်ထောင်စု ၁၂၀ ခန့်က စစ်‌ရှောင်ပြည်သူ ၄၈၀ ဦးခန့်ဖြစ်တယ်လို့ဆိုပါတယ်။ အဲဒီဒေသမှာ စစ်ကောင်စီတပ်က ပြီးခဲ့တဲ့နှစ် မတ်လလောက်ကစကာ အိမ်ထောင်တစု တပတ်စာအတွက် ဆန် ၈ ပြည်သာ ဝယ်ယူခွင့်ပြုခဲ့တာပါ။ လက်ရှိမှာ ဆန်ကြမ်းတပြည်ကို ကျပ် ၆,၅၀၀ ဈေးနဲ့ဝယ်ရနေရတာလို့ ဒေသခံတွေအတွက် အခက်ဖြစ်နေရတယ်လို့ ဆိုပါတယ်။ “ဆန်ကို လိုသလောက်ဝယ်မရသလို ဈေးလည်းကြီးတော့ စပါးတတင်းကို နှစ်သောင်းနဲ့ဝယ်ပြီး ထောင်းစား နေရတယ်။ လက်ထောင်းမောင်းဆုံတွေနဲ့ ထောင်းစားနေရတာ … Read more

ဒုရဲအုပ်ပစ်သတ်ခံရလို့ လိုက်လာတဲ့ ရဲတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၁၀ ဦးထပ်မံသေဆုံး(ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ လက်ဘက်ရည်ဆိုင်မှာ ဒုရဲအုပ်အသတ်ခံရပြီး ရဲတိုင်းရုံးကနေ ကား ၂ စီးနဲ့လိုက်လာတဲ့ ရဲတွေ စောင့်ကြိုပစ်ခတ်ခံရလို့ သေဆုံးမှုတွေများတယ်လို့ မုံရွာခရိုင်တပ်ရင်း ၂၂ နတ်ဆိုးတပ်ဖွဲ့ ဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက် နံနက် ၉ နာရီခန့်က စက်မှု ၁ အေးရိပ်သာလမ်းဘေးက လက်ဘက်ရည်ဆိုင်မှာထိုင်နေတဲ့ မုံရွာ၊ အမှတ် ၂ ရဲစခန်းက ဒုရဲအုပ် ၁ ဦးကိုသေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ပြီးနောက် နာရီဝက်အကြာမှာ ရဲတိုင်းရုံးထဲက ALPHARD နဲ့ PRADO ကား ၂ စီး အင်အား ၁၃ ဦးလိုက်လာတာကို ဗိုလ်တေဇလမ်း၊ ကြယ်စင်မင်း ဆီဆိုင်အနားမှာ စောင့်ကြိုပစ်ခတ်ခဲ့တာလို့ တပ်ရင်းမှူး ဗိုလ်နတ်ဆိုးက ပြောပါတယ်။ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ စောင့်ဆိုင်းနေရာကို … Read more

တံတားဦးလေတပ်စခန်းကို ၁၀၇ မမ ရှော့ဒုံး ၁၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်

တံတားဦးလေတပ်စခန်းကို ၁၀၇ မမ ရှော့ဒုံး ၁၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက် မန္တလေး၊ ဇန်နဝါရီ ၂၃၊ ၂၀၂၄။ မန္တလေးတိုင်းရှိ တံတားဦးလေတပ်စခန်းကို အာဏာရှင်တော်လှန်ရေးမဟာမိတ်အဖွဲ့များက ပူးပေါင်းကာ ဇန်နဝါရီ ၂၃ ရက် ညနေ ၅ နာရီအချိန်မှာ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM)အဖွဲ့က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့ တံတားဦးလေတပ်စခန်းကို Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ စီမံမှုနဲ့ မြို့ပြအထူးစစ်ဆင်ရေး (U.S.O)အပါအဝင် မဟာမိတ်ဖြစ်တဲ့ Security and Special Task Force ( SSTF – MDY ) အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ လေတပ်စခန်းကို … Read more