အမှတ် ၂ တောင်ပိုင်းစစ်ဒေသ တိုက်ပွဲတွေမှာ ၃ ရက်အတွင်း အကြမ်းဖက်စစ်သား ၁၇ ဦး သေဆုံး

အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲနယ်မြေတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိရာ ၃ ရက်အတွင်း အကြမ်းဖက်စစ်သား ၁၇ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ နယ်မြေမှာ ပြည်သူ့ကာကွယ်ရေးရဲဘော်များက အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းတွေနဲ့ အထိုင်ချစခန်းများကို စစ်ဆင်ရေးတွေဖော်ဆောင်နေတယ်လို့ တောင်ပိုင်းစစ်ဒေသက အသိပေးထားပါတယ်။ ပဲခူးတိုင်း၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်၊ ညောင်လေးပင်ခရိုင် ပဲနွယ်ကုန်းမြို့နယ်၊ ကျောက်ကြီးမြို့နယ်၊ တောင်ငူခရိုင် တောင်ငူမြို့နယ်တို့မှာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး တိုက်ပွဲများအတွင်း ရန်သူရဲ့သေနတ် ၁ လက်ကို ရေတာရှည်မြို့နယ် ပကဖ အဖွဲ့က သိမ်းဆည်းရမိခဲ့တယ်။ တိုက်ပွဲများအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နဲ့ KNLA တပ်ရင်း၉ ဒရုန်းအဖွဲ့တို့ ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ … Read more

အောင်ဇေယျစစ်ကြောင်းကို စစ်ကူပေးသည့်တပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ

ကရင်ပြည်နယ်၊ မြဝတီမြို့ကို စစ်ကြောင်းထိုးနေသည့် အောင်ဇေယျစစ်ဆင်ရေးစစ်ကြောင်းအား စစ်ကူပေးသည့် စစ်ကောင်စီတပ်သားများကို တော်လှန်ရေးပူးပေါင်းတပ်များ ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် လက်နက်ငယ် ၂ လက် သိမ်းဆည်းရရှိခဲ့သည်ဟု မြေပြင်ရဲဘော်များထံမှ သိရသည်။ ယမန်နေ့ အောက်တိုဘာ ၂၇ ရက်တွင် ကော့ကရိတ်- သင်္ကန်းညီနောင် အာရှလမ်းမတစ်နေရာ၌ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး သေဆုံးခဲ့သည့်စစ်ကောင်စီအလောင်းများလည်း မျက်မြင်တွေ့ရှိမှုများရှိခဲ့သည်ဟု မြေပြင်ရဲဘော်တစ်ဦးကပြောသည်။ ၎င်းက “မနေ့ကတော့ တစ်နေကုန်တိုက်ပွဲဖြစ်တယ်ပေါ့နော်။ ကျွန်တော်တို့ဘက်က ရန်သူ့အလောင်း (စစ်ကောင်စီတပ်သား) ၄ လောင်းနဲ့ သေနတ် ၂ လက်ရရှိခဲ့တယ်။ အခုရတဲ့သေနတ်က အောင်ဇေယျကိုစစ်ကူလာတဲ့စစ်ကြောင်းကရတာ” ဟု ဆိုသည်။ လက်ရှိတွင် တောနော်ရေတံခွန်အကျော်သို့ရောက်ရှိနေသည့် အောင်ဇေယျစစ်ကြောင်းသည် ပူးပေါင်းတပ်များ၏ ကြားဖြတ်တိုက်ခိုက်မှု၊ နှစ်ဖက်ထိတွေ့တိုက်ပွဲများကြောင့် ​ရှေ့ဆက်တိုး၍ မရဘဲဖြစ်နေသည်ဟု အဆိုပါ မြေပြင်ရဲဘော်တစ်ဦးက ဆက်ပြောသည်။ ၎င်းက “လက်ရှိအောင်ဇေယျရဲ့ … Read more

အညာဒေသတွင် အခြေချကာ စစ်ဆင်ရေးများဖော်ဆောင်တော့မည်ဟု BPLA တာဝန်ခံ မောင်ဆောင်းခ ပြော

အညာဒေသတွင် အခြေချကာ စစ်ဆင်ရေးများဖော်ဆောင်တော့မည်ဟု BPLA တာဝန်ခံ မောင်ဆောင်းခ ပြော ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အခြေစိုက်လှုပ်ရှားသည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) အနေဖြင့် မကြာခင်ကာလမှာ အညာဒေသတွင် အခြေချကာ စစ်ဆင်ရေးများဖော်ဆောင်တော့မည်ဟု BPLA တာဝန်ခံ မောင်ဆောင်းခ ပြောကြားလိုက်သည်။ ၁၀၂၇ စစ်ဆင်ရေး တနှစ်ပြည့်မြောက်သည့်နေ့ အောက်တိုဘာ ၂၇ ရက်နေ့ တွင် မောင်ဆောင်းခက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာမှ တဆင့် အသိပေးခဲ့သည်။ “ပြည်သူတွေကို အသိပေးချင်တာတခုက BPLAဟာ မကြာခင် အညာဒေသမှာအခြေချပြီး စစ်ဆင်ရေးတွေဖော်ဆောင်လာနိုင်တော့မယ်ဆိုတာပါပဲ။ အညာလူထုကလည်း ကျနော်တို့ကို ကြိုဆိုမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်” ဟု ၎င်းက ရေးသားထားသည်။ ၁၀၂၇ စစ်ဆင်ရေးအတွင်း နွေဦးတော်လှန်ရေးတပ်ဖွဲ့များ တိုးတက်ဖြစ်ထွန်းခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။ “ဒီကျေးဇူးကို … Read more

ပြင်ဦးလွင်မြို့၊ ရေချမ်းအိုး ရပ်ကွက်ရှိ ပြည်သူပိုင် မြေဧက ၂၀၀ ကျော်ကို စစ်တပ်က သိမ်းပိုက်ရန် ကြိုးစား

ပြင်ဦးလွင်မြို့၊ ရေချမ်းအိုး ရပ်ကွက်ရှိ ပြည်သူပိုင် မြေဧက ၂၀၀ ကျော်ကို စစ်တပ်က သိမ်းပိုက်ရန် ကြိုးစားနေရာတွင် မင်းအောင်လှိုင်၏ သား အောင်ပြည့်စုံက မျက်နှာစာတန်း မြေဧက ၅၀ ရယူမည်ဟုဆို မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ တပ်မတော်နည်းပညာတက္ကသိုလ်အရှေ့ ရပ်ကွက်ကြီး ၁၂ ၊ ရေချမ်းအိုး ရပ်ကွက်ရှိ ပြည်သူလူထု နေထိုင်သော မြေဧက ၂၀၀ ကျော်ကို စစ်တပ်က သိမ်းပိုက်ရန်ကြိုးစားနေပြီး ယင်းမြေများအနက်မှ လမ်းမတန်း မျက်နှာစာ မြေဧက ၅၀ကို အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံက ရယူမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ မန္တလေးတိုင်း ပြင်ဦးလွင်မြို့ တပ်မတော်နည်းပညာတက္ကသိုလ်အရှေ့ ရပ်ကွက်ကြီး ၁၂ ရေချမ်းအိုးရပ်ကွက်အတွင်း မြေဧက ၂၀၀ ဒသမ ၁၄ ပေါ်ရှိ … Read more

မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းဆုံအနီးရှိ အမှတ် ၉၈၁ စစ်တပ် ဂိတ်ကို မိုင်းဖောက်ခွဲ

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းဆုံအနီးရှိ အမှတ် ၉၈၁ အကြမ်းဖက်စစ်တပ် ဂိတ်ကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadow တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ယမန်နေ့‌ အောက်တိုဘာလ ၂၇ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန်တွင် ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်ကို ဂုဏ်ပြုသောအားဖြင့် မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းဆုံအနီးရှိ ခရေပင်လမ်း အမှတ် ၉၈၁ စစ်တပ် ဂိတ်ကို အဝေးထိန်းမိုင်းအသုံးပြု၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထိုသို့ တိုက်ခိုက်မှုနှင့်ပတ်သက်၍ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်မှုတစ်စုံတစ်ရာ သိရှိ ရ ခြင်း မရှိသေးသော်လည်း ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုကို Dark Shadow … Read more

စစ်တွေမြို့ပြင်မှ လေယာဉ်ဖြင့် ဗုံးကြဲသံများကို ကြားခဲ့ရပြီးနောက် လက်နက်ငယ်ပစ်ခတ်သံများ ထွက်ပေါ်

ရခိုင်ပြည်၊ စစ်တွေမြို့ပြင်က လေယာဉ်ဖြင့်ဗုံးကြဲသံများကို ကြားရပြီးနောက် လက်နက်ငယ်ပစ်ခတ်သံများကိုလည်း အပြန်အလှန်ကြားခဲ့ရသည်ဟု စစ်တွေမြို့ခံများက နိရဉ္စရာသတင်းဌာနကို ပြောသည်။ ယမန်နေ့ အောက်တိုဘာ ၂၆ ရက်နေ့ ည ၈ နာရီခွဲခန့်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံးကြဲချခဲ့ပြီး၊ ပါဒလိပ်တပ်ရင်းနှင့် ရွှေမင်းဂံတို့မှ လက်နက်ငယ်များဖြင့် ပစ်ခတ်သံကို ကြားခဲ့ရသည်ဟု ဆိုသည်။ စစ်တွေ ဒေသခံတစ်ဦးက ” အရင်ဆုံးဗုံးချသံကြားပြီးမှ လေယာဥ်သံကြားရတာ။ အရှိန်နဲ့လာပြီး တဟုန်ထိုးပြန်တက်တာ။ ပထမတစ်လုံးက အိမ်တောင်ထိန့်သွားတယ်။ ဗုံး ၂ လုံးချတယ်။ ပြီးတော့ တစ်ခါတည်း ပါဒလိပ်တပ်ရင်းနဲ့ ရွှေမင်းဂံဘက်တွေကလည်း လက်နက်ငယ်တွေနဲ့ ပစ်သံကြားရတာပဲ။ အရင်က တိုက်ပွဲဖြစ်ခဲ့တဲ့ အနီးတဝိုက်မှာဖြစ်နိုင်တယ် ” ဟုပြောသည်။ ယခင်တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာမှာ စစ်တွေမြို့ပြင်ဘက် မင်းလှကျေးရွာတွင်ဖြစ်ပြီး ယခု … Read more

၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်ပြီ

၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်ပြီ ဒီလောက် မြန်ဆန်တဲ့ အောင်မြင်မှုမျိုး ရလိမ့်မယ်လို့ အိမ်မက်တောင်မမက်ဖူးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကြီးဟာ ဒီနေ့ အောက်တိုဘာ ၂၇ရက်နေ့ဆို ၁နှစ်ပြည့်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးအတွင်း စတင်ချိန်ကတည်းက ပွဲစဉ်အစကနေ အခုထိ မြို့တိုင်းမဟုတ်ရင်တောင် မြို့တိုင်းနီးပါးအထိ ပါဝင်ပြီး သတင်းရယူခွင့်ရခဲ့တာနဲ့ ဒီလို မြို့သိမ်းတိုက်ပွဲသတင်းအကြောင်းတွေကို စာဖတ်ပရိတ်သတ်တွေစီကို စိတ်ကျေနပ်ရလောက်တဲ့အထိ သတင်းမျိုး မဝေမျှပေးနိုင်ခဲ့ရင်တောင် သတင်းတင်ဆက်ခွင့်ရခဲ့တာကိုပဲ ကိုယ့်ကိုကျေနပ်မိပါတယ်။ နမ့်ဆန်တိုက်ပွဲ မှတ်မှတ်ရရ ပထမဆုံးသတင်းလိုက်ယူခွင့်ရခဲ့တာက နမ့်ဆန်မြို့ဖြစ်ပါတယ်။ ဒါကလည်း အစီစဉ်က မရှိထားခဲ့။ ရုတ်တရက် သတင်းလိုက်ယူဖြစ်သွားတာမျိုး ဖြစ်ပါတယ်။ အရင်က တိုက်ပွဲကြား သတင်းယူဖူးပေမယ့် မြို့သိမ်းအဆင့်ထိ မယူဖူးသေးတော့ တော်တော်ရင်ခုန်ခဲ့သလို စိုးရိမ်စိတ်လည်း ရှိခဲ့ပါတယ်။ ပထမဆုံးပွဲဦးထွက်မှာဘဲ တော်လှန်ရေးတပ်တွေဘက်က အသာစီးနဲ့ ထိခိုက်မှုနည်းနည်းနဲ့ နမ့်ဆန်မြို့ကို သိမ်းပြီးမှာတော့ … Read more

နိုင်ငံတော်အဆင့်ဆိုတဲ့ အောင်ဇေယျစစ်ဆင်ရေးကြီးရဲ့ နောက်ဆုံးအခြေအနေ

စွယ်တော်အမြှောက်ကုန်း သိမ်းပြီးနော် နိုင်ငံတော်အဆင့်ဆိုတဲ့ အောင်ဇေယျစစ်ဆင်ရေးကြီးရဲ့ နောက်ဆုံးအခြေအနေအား ဒုတိယအကြိမ် ကိုယ်တိုင်တွေ့ခဲ့ရပါတယ် ……. ငါတို့က အောင်ပွဲအတွက် မွေးဖွားလာတာပါ……. စွယ်တော်အမြှောက်ကုန်းကျပြီးနောက်.. နိုင်ငံတော်အဆင့် အလောင်းတစ်ရာ (သို့) အောင်ဇေယျစစ်ကြောင်းရဲ့ အခြေအနေ ဖြစ်ပါသည်။ မှတ်ချက်- သံတိုသံစ အဝယ်ဒိုင်များ စာရင်းကြိုသွင်းနိုင်သည်။ https://youtu.be/AXXdAvi6drI အာရှလမ်းမတွင်တိုက်ပွဲခပ်စိပ်စိပ်ဖြစ်ပွား၊ အောင်ဇေယျစစ်ကြောင်းအထိနာ အာရှလမ်းမတွင် အခုရက်ပိုင်းတွင် တိုက်ပွဲများခပ်စိပ်စိတ်ဖြစ်ပွားပြီး စစ်ကောင်စီ၏ အောင်ဇေယျ စစ်ကြောင်းအထိနာသည်ဟု တော်လှန်ရေးတပ်၏သတင်းရင်းမြစ်ထံမှသိရသည်။ အောက်တိုဘာလ ၂၆ ရက်နေ့မှာ ကော့ကရိတ်မြို့နယ် ရန်ကုတ်ဒေသတွင်တိုက်ပွဲပြင်းထန်ပြီး အာရှလမ်းပိုင်းတိုက်ပွဲကြောင့် စစ်ကောင်စီတပ်ဘက်မှ ဒဏ်ရာရစစ်သား ၄၀ ဦးခန့်နှင့် သေဆုံးမှုများလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်၏သတင်းရင်းမြစ်ထံမှသိရသည်။ အောက်တိုဘာလ ၂၆ ရက်နေ့မှာ ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၅၄၅ တပ်မှတစ်ဆင့် ဘားအံဘက်သို့ ကားဖြင့်ပြန်သယ်ဆောင်သွားသည်ဟုသတင်းရရှိပါသည်။ အောက်တိုဘာလ ၂၅ ရက်နေ့မှာလည်း … Read more

တိုင်းပြည်ပျက်ခြင်းနဲ့ မြန်မာ့အလှမယ်က ပေးတဲ့သင်ခန်းစာ

တိုင်းပြည်ပျက်ခြင်းနဲ့ မြန်မာ့အလှမယ်က ပေးတဲ့သင်ခန်းစာ (အတွေးအမြင်) ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာကျင်းပတဲ့ ၁၂ ကြိမ်မြောက် Miss Grand International ပြိုင်ပွဲမှာ မြန်မာ့အလှမယ်က 2nd Runner ဆုကိုသာရခဲ့တာကြောင့် နတ်ဝင်ပူးသလို မျက်ဖြူဆိုက်၊ မျက်ရည်နဲ့ မျက်ခွက်ဖြစ်ပြီး ပွဲဆူခဲ့တဲ့အဖြစ်ကို မကြည့်အချင်အဆုံး တနေကုန် မြင်ရလေတော့ ငါးတန်းကျောင်းသားဘဝ အဖြစ်တခုကို သွားသတိရတယ်။ ငါးတန်းကျောင်းသားဘဝတုန်းက အစမ်းစာမေးပွဲအမှတ်စာရင်းထွက်တော့ အခန်းထဲမှာ အမှတ်အများဆုံး အဆင့် ၁၊ ၂၊ ၃ ကို အတန်းပိုင်ဆရာမက ကြေညာပေးတယ်။ ဆုလည်း ချီးမြှင့်တယ်။ အဆင့် ၃ ရတာက ကောင်လေးတယောက်။ အဆင့် ၂ ကို စာရေးသူက ရတယ်။ အဆင့် ၁ က မိန်းကလေးတယောက်။ အမှတ်စာရင်း ကြေညာပြီးတော့ … Read more

ပြည်သူနှင့် တော်လှန်ရေးတပ်များပူးပေါင်းဆောင်ရွက်ခဲ့၍ ၁၀၂၇ စစ်ဆင်ရေးအောင်မြင်မှုရခဲ့ဟု TNLA ပြော

ပြည်သူနှင့် တော်လှန်ရေးတပ်များပူးပေါင်းဆောင်ရွက်ခဲ့၍ ၁၀၂၇ စစ်ဆင်ရေးအောင်မြင်မှုရခဲ့ဟု TNLA ပြော တစ်နှစ်အတွင်းTNLAက မြို့ ၁၂မြို့၊ စစ်ကောင်စီတပ်စခန်း ၁၅၀ကျော်သိမ်းနိုင်ခဲ့ဟု အသိပေး နောင်ချို တောင်းခမ်းအမြောက်တပ်ရင်း ၂ ခု၌ တိုက်ပွဲပြင်းထန်၊ နောင်ချိုနှင့် နမ့်ခမ်းကို စစ်ကောင်စီလေကြောင်း တိုက်ခိုက် ၁၀၂၇ စစ်ဆင်ရေး အောင်မြင်မှုရခဲ့ခြင်းမှာ ပြည်သူလူထုနှင့် တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းကြောင့် ဖြစ်ပြီးစစ်ဆင်ရေးကာလအတွင်း တအာင်းတပ်မတော်(TNLA)က စစ်ကောင်စီတပ်စခန်း ၁၅၀ ကျော်၊ မြို့ ၁၂ မြို့ သိမ်းပိုက်ရရှိခဲ့ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောကြားသည်။ ယနေ့ (အောက်တိုဘာ ၂၇ရက်)တွင် ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်မြောက်မှု နှင့်ပတ်သက်ပြီး လွေးယေဦးက ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။ “လက်ရှိ ဒီနေ့ ၁၀၂၇ စစ်ဆင်ရေး ဖော်ဆောင်တာ … Read more