ဖလမ်းမြို့အတွင်း စစ်ကောင်စီကတပ်ဖြန့်လာသည့်တွက် ကာကွယ်ရေးတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်
ချင်းပြည်နယ်၊ ဖလမ်းမြို့အတွင်းခြေကုပ်ယူရန် စစ်ကောင်စီကတပ်ဖြန့်လာသောကြောင့် တိုက်ပွဲ များဖြစ်ပွားခဲ့ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF) ထံက သိရသည်။ ဖလမ်းမြို့အခြေစိုက် ခလရ(၂၆၈)မှစစ်ကောင်စီတပ်သားများသည့် မြို့တွင်းရှိအချက်ချာကျသောနေရာ များကိုတပ်စွဲရန် စစ်ကြောင်းထွက်လာသောကြောင့် အောက်တိုဘာ ၂၅ နှင့် ၂၆ ရက်နေ့များတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ “စကစဖက်က သူတို့တပ်ရင်းထဲမှာမဟုတ်ဘဲ မြို့ထဲနေရာတော်တော်များများမှာ ခြေကုပ်စယူနေတယ်၊ အဲဒါကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တာပါ”ဟု CNDF ပြောရေးဆိုခွင့်ရှိသူဆလိုင်းတင်မီထွဋ်ကပြောသည်။ အဆိုပါရက်များမတိုင်မီကလည်း မြို့တွင်း၌ ကြိုးကြားကြိုးကြား တိုက်ပွဲငယ်များဖြစ်ပွားလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ ၎င်းတို့အနေဖြင့် ချင်းညီနောင်အဖွဲ့(CB)မှချမှတ်ထားသည့်“စစ်ကောင်စီကင်းစင် ချင်းပြည်တခွင်”မူဝါဒ အတိုင်း ၂၀၂၄ ခုနှစ်အတွင်း မြို့ကိုပြန်ယူနိုင်ရေးကြိုးစားသွားမည်ဖြစ်ကြောင်း ဆလိုင်းတင်မီထွဋ်က ဆက်ပြောသည်။ အောက်တိုဘာလ ၂၅ ရက် နံနက်ပိုင်းက ဖလမ်း အထက(၁)တွင် တပ်စွဲရန်လာသော ခလရ(၂၆၈) စစ် ကြောင်းနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့အကြား နှစ်နာရီကျော် တိုက်ပွားဖြစ်ပွားခဲ့ကြောင်း … Read more