Category: Article

  • မြဝတီတိုက်ပွဲခေါင်းဆောင် ၄၄ တပ်မမှူး စစ်ဗိုလ်ချုပ်ရဲ့ ဇာတ်သိမ်း

    မြဝတီတိုက်ပွဲခေါင်းဆောင် ၄၄ တပ်မမှူး စစ်ဗိုလ်ချုပ်ရဲ့ ဇာတ်သိမ်း

    ကရင်ပြည်နယ်တွင် ယခုနှစ် ဇန်နဝါရီလကုန်ပိုင်းက ရဟတ်ယာဉ်ပစ်ချခံရမှုကြောင့် သေဆုံးသွားသည့် ၄၄ တပ်မမှူး ဗိုလ်မှူးချုပ် အေးမင်းနောင် နေရာတွင်အစားထိုးရန် နေပြည်တော်မှ စစ်ခေါင်းဆောင် ဗိုလ်ချုပ်များက ဖေဖော်ဝါရီလဆန်းပိုင်း၌ တပ်မမှူးအသစ်တဦးကို ထပ်မံခန့်အပ်လိုက်ရသည်။ “တဗိုလ်မရှိ တဗိုလ်” ဟူသည့် စစ်ကောင်စီတပ်၏ ဆိုရိုးစကားအရ မြဝတီမြေကို မနင်းလိုက်ရသည့် တပ်မမှူး ဗိုလ်မှူးချုပ် အေးမင်းနောင်နေရာတွင် အစားထိုးခန့်အပ်ခံရသူ တပ်မမှူးမှာ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်နယ်မြေ၊ ဘုတ်ပြင်းမြို့အခြေစိုက်၊ အမှတ် ၁၃ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၃) ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူးအဖြစ် တာဝန်ယူထားသူ ဗိုလ်မှူးကြီး စိုးမင်းထက် ဖြစ်ပြီး တပ်မ ၄၄ သို့ ဗိုလ်မှူးချုပ်အဖြစ် အဆင့်တိုး၊ ရာထူးတိုးဖြင့် ရောက်ရှိလာခြင်းဖြစ်သည်။ ဗိုလ်မှူးချုပ် စိုးမင်းထက်သည် တပ်မ ၄၄ သို့ ရာထူးတိုးဖြင့်ရောက်ရှိလာပြီးနောက် တပ်မမှူးအဖြစ် ၃…

  • ဗိုလ်မှူးကြီးစောချစ်သူ(ခ) စံမြင့် မိသားစု အပါအဝင် BGFခေါင်းဆောင်တချို့ ပါဝင်နေသော နိုင်ငံတကာရာဇဝတ်မှုဖြစ်သည့်  တရားမဝင် ကျားဖြန့် ငွေလိမ် ဂိုဏ်း နှင့် အွန်လိုင်းကာစီနို လောင်းကစားလုပ်ငန်းများ

    ဗိုလ်မှူးကြီးစောချစ်သူ(ခ) စံမြင့် မိသားစု အပါအဝင် BGFခေါင်းဆောင်တချို့ ပါဝင်နေသော နိုင်ငံတကာရာဇဝတ်မှုဖြစ်သည့် တရားမဝင် ကျားဖြန့် ငွေလိမ် ဂိုဏ်း နှင့် အွန်လိုင်းကာစီနို လောင်းကစားလုပ်ငန်းများ

    အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ဗိုလ်မှူးကြီး စောချစ်သူ(ခ) စံမြင့် အပါအဝင် BGF/KNA ခေါင်းဆောင်တချို့ ပါဝင်နေသော တရားမဝင် ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းနှင့် အွန်လိုင်းကာစီနိုလောင်းကစားကုမ္ပဏီများကို Justice For Myanmar (JFM) က ဖော်ထုတ်လိုက်ပြီး နိုင်ငံတကာက ချက်ချင်း အရေးယူရန် တိုက်တွန်းလိုက် သည်။ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ကရင်အမျိုးသားတပ်မတော် KNA ဟု အမည်ပြောင်းလဲထားသော ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ(ခ) စံမြင့်က ၎င်းတို့မိသားစုနှင့် မဟာမိတ်များ ကို ကြွယ်၀ ချမ်းသာစေသော နိုင်ငံဖြတ်ကျော် စီးပွားရေးကွန်ရက်တစ်ခုကို တည်ဆောက်ထားပြီး အဆိုပါ စီးပွားရေးကွန်ရက်များ၏ ချိတ်ဆက်မှုများကို JFM သုတေသန လေ့လာ ဖော်ထုတ်ထားသည်။ BGF ၏ တရားမဝင် စီးပွားရေးလုပ်ငန်းများတွင်…

  • အညာသူ မရင်သွေး ရင်သွေးလေး မမွေးနိုင်တော့ပါ

    အညာသူ မရင်သွေး ရင်သွေးလေး မမွေးနိုင်တော့ပါ

    “ရှေ့က အရင်ပြေးနှင့်။ ဒါတွေ သိမ်းဆည်းပြီးရင် လိုက်ခဲ့မယ်။ ပြေးနှင့်တော့” ကိုဖိုးအောင် နောက်ဆုံးကြားခဲ့ရတဲ့ ဇနီးသည် မရင်သွေးရဲ့ စကားသံ။ မပေါ့မပါး ကိုယ်ဝန်ကြီးနဲ့ ချက်ပြုတ်လက်စ ထမင်းဟင်းတွေကို သိမ်းဆည်းနေရင်း မရင်သွေးက သူ့ကို အရင် ပြေးခိုင်းတဲ့ အကြောင်း ကိုဖိုးအောင်က ပြန်ပြောပြနေတာပါ။ “ကျွန်တော်က ရှေ့ကနေ သစ်ပင်ပေါ်ကို တက်ပြီးတော့ အခြေအနေ ကြည့်တာပေါ့။ မိန်းမရေ ငါတို့တော့ မလွတ်တော့ဘူး ထင်တယ်ဟေ့။ (စစ်အုပ်စု) လာနေကြပြီ ပြေးရကြအောင်လို့။ သူက ကျွန်တော့်ကို ပြောတာ၊ ရှင်ရှေ့ကနေ ပြေးနှင့်တဲ့။ ဒီမှာ စစ်ရှောင်တွေအတွက် ချက်ပြုတ်ထားတဲ့ အစားအသောက်တွေ ရှိသေးလို့ သိမ်းရ၊ဆည်းရ ဦးမှာမို့ နောက်ကနေ လိုက်ခဲ့မယ်တဲ့။ သူလည်း ကျွန်တော့် နောက်ကတော့ လိုက်တော့ လိုက်ခဲ့သေးတာပေါ့ဗျာ။…

  • “အညာ PDF ရဲဘော်နှစ်ဦးရဲ့ ခြောက်လကြာ Spy (သူလျှို) စွန့်စားခန်း”

    “အညာ PDF ရဲဘော်နှစ်ဦးရဲ့ ခြောက်လကြာ Spy (သူလျှို) စွန့်စားခန်း”

    နာမည်က ရဲဘော် ကျောင်းသား။ တက္ကသိုလ် ပထမနှစ် တက်နေရင်း စစ်အာဏာသိမ်းလိုက်ချိန် ကျောင်း ဆက်မတက်တော့ဘဲ လက်နက်ကိုင် တော်လှန်ခဲ့သူ။ အသက်က(၂၁)နှစ်။ အညာသား ဆိုပေမယ့် အသားအရည်က ညိုညိုစိုစို၊ ကိုယ်နေဟန်ထား ခပ်တောင့်တောင့်နဲ့ မြန်မာ အက်ရှင်ကားတွေမှာ မင်းသား ဖြစ်နိုင်တဲ့ ရုပ်ရည်မျိုး။ CDM တက္ကသိုလ်ကျောင်းသား မောင်ကျောင်းသားကို ရဲဘော်ရဲဘက်တွေက ရဲဘော်ကျောင်းသားလို့ ချစ်စနိုး ခေါ်ကြတယ်။ စုံထောက်၊ သူလျှိုနဲ့ စွန့်စားခန်း ရုပ်ရှင်တွေ ကြည့်ပြီး အဲဒီ ဇာတ်ကောင်တွေကို အားကျခဲ့တယ်ဆိုတဲ့ ရဲဘော် ကျောင်းသား က တကယ့်လက်တွေ့ ဘဝမှာလည်း ရန်သူ စစ်အုပ်စုရဲ့ အခြေစိုက် စခန်းမှာ ခြောက်လကြာ Spy (သူလျှို) အဖြစ် စွန့်စားခန်း ဝင်ခဲ့သူ။ “အဲဒီ ဇာတ်ကောင်တွေလိုပဲ…

  • ထိုင်းသတင်းကပြောသော ရွှေကုက္ကိုလ်အကြောင်း

    ထိုင်းသတင်းကပြောသော ရွှေကုက္ကိုလ်အကြောင်း

    လတ်တလော မြန်မာနိုင်ငံမှာ ကျားဖြန့်ငွေလိမ်ဂိုဏ်း နှိမ်နင်းမှုနဲ့ နောက်ဆက်တွဲဂယက်တွေ လှိုင်းထနေချိန်မှာ ထိုင်းက နာမည်ကြီး သတင်းဌာနတခုကလည်း မြန်မာဘက်ခြမ်း မြဝတီခရိုင် ရွှေကုက္ကိုလ် အထူးစီးပွားရေးဇုန်နဲ့ ပတ်သက်တဲ့ အကြောင်းအရာကို ဖေ‌ဖော်ဝါရီ ၁၁ ရက် မနေ့က ထုတ်လွှင့်ခဲ့ပါတယ်။ ကရင်ပြည်နယ် မြဝတီခရိုင် ရွှေကုက္ကိုလ် စီးပွားရေးဇုန်မှာ အလုပ်ကောင်းရမယ်ဆိုပြီး ဥပဒေနဲ့မကင်းတဲ့ အလုပ်တွေကို အတင်းအကျပ် စေခိုင်းခံရသူ၊ အလိမ်ခံရသူ စုစုပေါင်း ၁ ထောင်ကျော်ကို တာဝန်ရှိသူတွေက ပြီးခဲ့တဲ့အပတ်က ကယ်ထုတ်ခဲ့ပြီး အဲဒီထဲမှာ ထိုင်းနိုင်ငံသား ၁၀၀ ကျော်လည်း ပါဝင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ထိုင်းလဝက (လူဝင်မှုကြီးကြပ်ရေး) ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ကယ်တင်ခံရသူ စုစုပေါင်း ၁,၈၃၇ ဦးရှိပြီး အဲဒီထဲမှာ တရုတ်နိုင်ငံသား ၂၅၈ ဦး၊…

  • သူရ မချစ်ပို

    သူရ မချစ်ပို

    မြန်မာနိုင်ငံတွင် တစ်ဦးတည်းသော ‘သူရ’ဘွဲ့ပိုင်ရှင် အမျိုးသမီး တစ်ဦးဖြစ်သူ သူရမချစ်ပို ကို ၁၉၀၈ ခုနှစ် ဖေဖော်ဝါရီလတွင် ထားဝယ်မြို့တွင် မွေးဖွားခဲ့သည်။ မောင်လေး တစ်ဦးမှာ ဘီအီးတပ်ထဲသို့ ဝင်သွားသည်ဟု ကြားသိရသဖြင့် လိုက်ရှာရင်း မေမြို့ (ယခုပြင်ဦးလွင်မြို့) ရှိ ဦးကြွယ်၊ ဒေါပုတို့အိမ်တွင် နေဖြစ်သွားသည်။ ထို့နောက် ဦးကြွယ်တို့နှင့် ခင်မင်ရင်းနှီးသော ဘီအီးတပ်မှ တပ်ကြပ်လှမောင်နှင့် အိမ်ထောင်ပြုသည်။ တပ်ကြပ်လှမောင်မှာ တပ်တွင်း၌ စားရေးသောက်ရေးကို တာဝန်ယူရသောကြောင့် ထမင်းချက်လှမောင်ဟု လူသိများသည်။ မချစ်ပိုသည် ထားဝယ်သူပီပီ စကားပြောလျှင် အသံဝဲဝဲလေးနှင့် ချစ်စရာကောင်းလှသည်။ အသားကမဖြူ မညို၊ မျက်နှာက လေးထောင့်စပ်စပ်၊ အရပ်အမောင်းက ငါးပေသုံးလက်မခန့်ရှိသည်။ စကားပြော လျှင် ခပ်ပြတ်ပြတ်ပြောတတ်၍ လုပ်စရာရှိလျှင်လည်း ပြတ်ပြတ်သားသား လုပ်တတ်သည်။ မချစ်ပို၏ ယောက်ျားဖြစ်သူ…

  • တိုင်းရင်းသားခေါင်းဆောင်ဆိုသူတို့အကြောင်း

    တိုင်းရင်းသားခေါင်းဆောင်ဆိုသူတို့အကြောင်း

    တိုင်းရင်းသားခေါင်းဆောင်ဆိုသူတို့အကြောင်း ယွက်စစ် ရှမ်းRCSS/SSAခေါင်းဆောင် ၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဖက်ဒရယ်ဒီမိုကရေစီအကြောင်း အမြှုပ်ထွက်မတက်ပြောတက်တယ် ၊၂၁ရာစုပင်လုံညီလာခံကိုလာတက်ချိန်မှာ တပ်ချုပ်မင်းအောင်လှိုင်က စကားပြောမောက်မာကြောင်း အထက်စီးဆန်ကြောင်း မီဒီယာတွေကိုဖြေကြားခဲ့ဘူးတယ် ၊ အာဏာသိမ်းစမှာ စကစကိုလက်မခံကြောင်းထအော်ခဲ့သေးပေမဲ့ နောက်ပိုင်းမှာတော့ မင်းအောင်လှိုင်နဲ့ တစ်ခြင်ထောင်ထဲအိပ်မတက် ပူးကပ်သွားခဲ့ပြီးတော့ မင်းအောင်လှိုင်ချီးမြှင့်တဲ့သီရိပျံချီတံဆိပ်တွေနဲ့ အပီအပြင်စစ်ဘောမသွားခဲ့တယ် ဖဒိုမန်းငြိမ်းမောင် KNUဗဟိုအလုပ်အမှုဆောင်ဟောင်း ၊ NLDနဲ့စစ်တပ်ကို နှစ်ပြားမတန်အောင်ဝေဖန်နေခဲ့သူ ၊ NLDအစိုးရကို ချာတူးလန်အစိုးရလို့ဒေါကြီးမောကြီးနဲ့ပြောခဲ့ဖူးပေမဲ့ အခုတော့ စကစလက်ထက်မှာ ဥပဒေမဲ့မှုနဲ့ကုန်စျေးနှုန်းဒဏ်ကို ပြည်သူတွေမချိမဆန့်ခံနေရချိန်မှာတော့ ဒီအစိုးရကချာတူးလန်အစိုးရပဲကွလို့မပြောတော့ဘဲ စောက်ပေါက်ကြီးပိတ်ပြီး နစကအဖွဲ့ဝင်အဖြစ်နဲ့ ဘွဲ့တံဆိပ်တွေနဲ့သာယာနေတော့တယ် ။ ဒေါ်အေးနုစိန် NLDလက်ထက်မှာ စစ်တပ်ကလုပ်နေသမျှကို NLDကမတားဘူးဆိုပြီး နေ့စဉ်ပိုးစိုးပက်စက်ဝေဖန်နေလေ့ရှိတဲ့ (ရခိုင်ANP ပါတီ) လွှတ်တော်ကိုယ်စားလှယ်ဟောင်း ၊ အခုတော့နစကအဖွဲ့ဝင်အဖြစ် ဘွဲ့ထူးအခွင့်ထူးတွေနဲ့ စောက်ပေါက်ပိတ်သွားခဲ့ပြီ ။ ဘယ်ရခိုင်အတွက်မှလည်း အော်မပေးတော့ဘူး ။ စိုင်းအိုက်ပေါင်း…

  • နေပူတော် စ၊စ်ဗို၊လ်ချု၊ပ်တွေ  အထုပ်ပြင်ကုန်ကြပြီ

    နေပူတော် စ၊စ်ဗို၊လ်ချု၊ပ်တွေ အထုပ်ပြင်ကုန်ကြပြီ

    ကချင်ပြည်နယ်အတွင်း အရှိန်အဟုန်ဖြင့် ပြေးဝင်လာသော မြားတစ်စင်းကို ဂီလာန စစ်ကောင် စီတပ်က မည်သို့မျှ တားဆီး နိုင်စွမ်းမရှိခြင်းမှာ အစဉ်အလာတစ်ရပ်သဖွယ် ဖြစ်နေပြီမို့ ရှက်စရာ၊ သိက္ခာ ကျစရာ၊ ဂုဏ်ငယ်စရာ တော့ မဟုတ်ပေ။ မတ်လ ၇ရက် နံနက်၅နာရီတွင် ထောင်နှင့်ချီသော ကေအိုင်အေနှင့်မဟာမိတ်တို့က ကချင်ပြည်နယ် ၌ ထိုးစစ်စတင်ကာ စစ်မျက်နှာသစ်ကို အရှိန်ပြင်းစွာဖြင့် ဖွင့်လှစ်လိုက်သည်။ကေအိုင်အေနှင့်အတူ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး (PDF) တပ်ဖွဲ့များနှင့် ရက္ခိုင့်တပ်တော် (AA) တို့က ပါဝင်တိုက်ခိုက်နေပြီး လိုင်ဇာမြို့အနီးရှိ စစ်တပ်စခန်း များ၊ ဝိုင်းမော်၊ ဒေါ့ဖုန်းယန်နှင့် ဗန်းမော်မြို့နယ် အ တွင်းရှိ တပ်စခန်းများနှင့် ကချင်ပြည်နယ်၏မြို့တော်၊ မြစ် ကြီးနားမြို့ရှိ လေတပ်စခန်းတို့ကို တစ်ပြိုင်နက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။…

  • “စစ်တွေ ဘယ်တော့လဲ”

    “စစ်တွေ ဘယ်တော့လဲ”

    ပုဏ္ဏားကျွန်းမြို့ရှိ တစ်ခုတည်းသော လက်ကျန်တပ်ရင်းဖြစ်တဲ့ ခမရ (၅၅၀) ကို ရက္ခိုင့်တပ်တော် AA က မတ်လ (၄) ရက်နေ့မှာ အပြီးပိုင် သိမ်းပိုက်လိုက်လို့ ပုဏ္ဏားကျွန်းမြို့လဲ Sold Out ဖြစ်သွားပြီ။ ရက္ခိုင့်တပ်တော် AA က ရခိုင်ပြည်နယ် အတွင်းမှာ အကြမ်းဖက် စစ်သားတွေကို တစ်ယောက်မှ ချန်မထားပဲ အပြီးတိုင် ချေမှုန်းသုတ်သင်သွားမယ်လို့ တရားဝင် ကြေညာထားခဲ့ပြီးသား။ အခုနောက်ပိုင်း ရက္ခိုင့်တပ်တော် AA က စစ်ရှုံးကောင်စီရဲ့ တပ်ရင်းတစ်ခုကို တိုက်ခိုက်ရင် (၅) ရက်ထက် ပိုမကြာတော့ဘူး။ စစ်တွေရဲ့ ပတ်ပတ်လည်မှာ ရှိနေတဲ့ မြို့တွေအားလုံးကိုလဲ ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ခဲ့ပြီးသွားပြီ။ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာဆိုရင် ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တော (၃)…

  • ရှမ်းမြောက်မှာ တစ်ကျော့ပြန်တိုက်ပွဲ ဖြစ်တော့မည်လော …

    ရှမ်းမြောက်မှာ တစ်ကျော့ပြန်တိုက်ပွဲ ဖြစ်တော့မည်လော …

    ကူမင်း ဆွေးနွေးပွဲရလဒ်ကို ဘယ်ဘက်ကမှ ထုတ်ပြန်ခွင့်မရှိဘူးဆိုတာ မှန်ပါတယ်။သတင်းပေါက်ကြားမှုဟာလည်း စကစဘက် ကသာဖြစ်ပါတယ်။သဘောတူညီမှု (၆)ချက်အရ MNDAA ဟာ ခွဲထွက်ခြင်း မဟုတ်ပါ။ UWSA ပုံစံမျိုးပါဘဲ။စစ်အုပ်ချုပ်ရေး ကြေငြာတာ ဒီလထဲမှာ (၅) မြို့ဖြစ်နေပါပြီ။မပခ တိုင်းမှူးကို မြို့ နှစ်မြို့အတွက် တာ၀န်ပေးထားပြီး ရမခ တိုင်းမှူးကိုလည်း မန်တုံ ၊နမ့်ဆန်နဲ့ နမ္မတူ မြို့တွေကို တာ၀န်ပေးအပ် လိုက်ပါတယ်။ရမခ တိုင်းမှူးတော့ မျက်ရည်ဝိုင်းပြီပေါ့ဗျာ။ TNLA အိတ်ကပ်ထဲ ရောက်နေတာကို စစ်အုပ်ချုပ်ရေးဆိုတော့ ဘာလုပ်ရမလဲနော်။ယာယီအပစ်အခတ် ရပ်စဲထားပြီး နောက်ပိုင်းမှာ စကစဟာ လားရှိုး အလွယ်ယ်တကူမကျစေဖို့ အင်အားဖြည့်တင်းထားသလို မိုင်းလုံ၊ မိုင်းငေါ့ဘက်မှာပါအင်အားထပ်ဖြန့်ထားကြောင်း ကျနော်ပြောပြခဲ့ပြီးဖြစ်ပါတယ်။ကျောက်မဲ၊ နောင်ချိုဘက်မှာတော့ TNLA တို့ လှုပ် ရှားပြီး လက်ဦးမှု ရယူထားတယ်လို့ ဆိုရပါ့မယ်။ပြောရမှာ နည်းနည်းတော့…