Article

“စစ်တွေ ဘယ်တော့လဲ”

ပုဏ္ဏားကျွန်းမြို့ရှိ တစ်ခုတည်းသော လက်ကျန်တပ်ရင်းဖြစ်တဲ့ ခမရ (၅၅၀) ကို ရက္ခိုင့်တပ်တော် AA က မတ်လ (၄) ရက်နေ့မှာ အပြီးပိုင် သိမ်းပိုက်လိုက်လို့ ပုဏ္ဏားကျွန်းမြို့လဲ Sold Out ဖြစ်သွားပြီ။ ရက္ခိုင့်တပ်တော် AA က ရခိုင်ပြည်နယ် အတွင်းမှာ အကြမ်းဖက် စစ်သားတွေကို တစ်ယောက်မှ ချန်မထားပဲ အပြီးတိုင် ချေမှုန်းသုတ်သင်သွားမယ်လို့ တရားဝင် ကြေညာထားခဲ့ပြီးသား။ အခုနောက်ပိုင်း ရက္ခိုင့်တပ်တော် AA က စစ်ရှုံးကောင်စီရဲ့ တပ်ရင်းတစ်ခုကို တိုက်ခိုက်ရင် (၅) ရက်ထက် ပိုမကြာတော့ဘူး။ စစ်တွေရဲ့ ပတ်ပတ်လည်မှာ ရှိနေတဲ့ မြို့တွေအားလုံးကိုလဲ ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ခဲ့ပြီးသွားပြီ။ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာဆိုရင် ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တော (၃) […]

“စစ်တွေ ဘယ်တော့လဲ” Read More »

ရှမ်းမြောက်မှာ တစ်ကျော့ပြန်တိုက်ပွဲ ဖြစ်တော့မည်လော …

ကူမင်း ဆွေးနွေးပွဲရလဒ်ကို ဘယ်ဘက်ကမှ ထုတ်ပြန်ခွင့်မရှိဘူးဆိုတာ မှန်ပါတယ်။သတင်းပေါက်ကြားမှုဟာလည်း စကစဘက် ကသာဖြစ်ပါတယ်။သဘောတူညီမှု (၆)ချက်အရ MNDAA ဟာ ခွဲထွက်ခြင်း မဟုတ်ပါ။ UWSA ပုံစံမျိုးပါဘဲ။စစ်အုပ်ချုပ်ရေး ကြေငြာတာ ဒီလထဲမှာ (၅) မြို့ဖြစ်နေပါပြီ။မပခ တိုင်းမှူးကို မြို့ နှစ်မြို့အတွက် တာ၀န်ပေးထားပြီး ရမခ တိုင်းမှူးကိုလည်း မန်တုံ ၊နမ့်ဆန်နဲ့ နမ္မတူ မြို့တွေကို တာ၀န်ပေးအပ် လိုက်ပါတယ်။ရမခ တိုင်းမှူးတော့ မျက်ရည်ဝိုင်းပြီပေါ့ဗျာ။ TNLA အိတ်ကပ်ထဲ ရောက်နေတာကို စစ်အုပ်ချုပ်ရေးဆိုတော့ ဘာလုပ်ရမလဲနော်။ယာယီအပစ်အခတ် ရပ်စဲထားပြီး နောက်ပိုင်းမှာ စကစဟာ လားရှိုး အလွယ်ယ်တကူမကျစေဖို့ အင်အားဖြည့်တင်းထားသလို မိုင်းလုံ၊ မိုင်းငေါ့ဘက်မှာပါအင်အားထပ်ဖြန့်ထားကြောင်း ကျနော်ပြောပြခဲ့ပြီးဖြစ်ပါတယ်။ကျောက်မဲ၊ နောင်ချိုဘက်မှာတော့ TNLA တို့ လှုပ် ရှားပြီး လက်ဦးမှု ရယူထားတယ်လို့ ဆိုရပါ့မယ်။ပြောရမှာ နည်းနည်းတော့

ရှမ်းမြောက်မှာ တစ်ကျော့ပြန်တိုက်ပွဲ ဖြစ်တော့မည်လော … Read More »

လွတ်မြောက်နယ်မြေ များ ရှိ အုပ်ချုပ်ရေး ပိုင်းဆိုင်ရာ စိန်ခေါ်မှုများ

အဆိုပါ ခေါင်းစဉ် ဖြင့် ဝါရှင်တန်ရှိ မဟာဗျူဟာ နှင့် နိုင်ငံတကာ လေ့လာရေး စင်တာ (CSIS) မှ မိုက်ကယ် မာတင်မှ သူ၏ အမြင်ကို ယခုလို ရေးသားလာခဲ့သည်။ မြန်မာ နိုင်ငံတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှ ရွာတရွာ၊ မြို့တမြို့ အား “လွတ်မြောက်” စေခဲ့သည် ဟူသော သတင်းများ ထွက်ပေါ်မလာသည့် နေ့ဟူ၍ ရှိခဲလှသည်။ ထိုသတင်းများသည် အားတက်ရွှင်လန်းစရာ သတင်းများ ဖြစ်လာသော်လည်း ယင်းနှင့် အလားတူ လွန်စွာ စိုးရိမ်ဖွယ် ကောင်းလှသည့် စိန်ခေါ်မှု များ လည်း ထွက်ပေါ်လာခဲ့သည်။ ဤနေရာတွင် မိမိ ဝင်ပြောလိုသည်မှာ ကောလင်းအား အမျိုးသား ညီညွတ်ရေး အစိုးရမှ

လွတ်မြောက်နယ်မြေ များ ရှိ အုပ်ချုပ်ရေး ပိုင်းဆိုင်ရာ စိန်ခေါ်မှုများ Read More »

ရှမ်းမြောက်ကပြောသော အမှန်တရားများ

ရှမ်းမြောက်မှာ စကစတပ်တွေ ဖျက်သိမ်းလိုက်တဲ့ကိစ္စ လွန်ခဲ့တဲ့ရက်က ကျနော်သတင်းပါးခဲ့ပါသေးတယ်။ယမန်နေ့က သဘောတူညီချက်အရ စကစဟာ စစ်ရှုံးသူပီပီ စစ်နိုင်သူတွေရဲ့ အလိုကျ သဘောတူပေးလိုက်ရတာကို တွေ့ရတယ်။နောက်ဆက်တွဲအဖြစ် ပျောက်ဆုံးစာရင်းသွားထားတဲ့ စစ်သုံ့ ပန်းတွေကို ပြန်တောင်းပါလိမ့်မယ်။စကစဟာ ဒီအရှုံးကို လိုချင်ပြီး လက်ခံတာမဟုတ်ကြောင်း သေဒဏ်ကျ စစ်ဗိုလ်ချုပ်များကို ကြည့်ရင်သိသာပါတယ်။”တကယ်တိုက်နိုင်ရင် တကယ်ရတယ်”ဆိုတာကို သက်သေပြလိုက်တာပါ ။ စစ်လော်ဘီတွေ တစ်ချိန်လုံး တောက်လျောက်ပြောနေသလို “မြန်မာနိုင်ငံ မြေပုံပျက်အောင် တိုက်နေခြင်း” မဟုတ်ဘဲ “အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းတွေကို နိုင်ငံ့မြေပုံပေါ်ကနေ ဖယ်ထုတ်ပစ်နေခြင်း” ဖြစ်ပါတယ်။ပြည်သူတွေ စိတ် ဓာတ်ကျနေစရာ အကြောင်းလုံးဝ မရှိပါဘူး။မျှော်လင့်ချက်တွေ အများကြီး ထားခဲ့မိရင်တော့ နည်းနည်းစိတ်ပျက်ရမှာပေါ့။”မန်းလေးကို သိမ်းမယ် ပြင်ဦးလွင်ကို ရောက်တော့မယ် “ဆိုတဲ့ အသံတွေကြောင့်ပါ။ “ကျနော့တောင် သံဘိုကိစ္စနဲ့ရန်လို ခံလိုက်ရပါသေးတယ်။ရှမ်းမြောက်တစ်ခုတည်း အပစ်လုံး၀ရပ်သွားတာပါ။ပထမက ယာယီ။အခုကတော့ အကြာကြီးဘဲ။တစ်ချိန်ချိန်

ရှမ်းမြောက်ကပြောသော အမှန်တရားများ Read More »

မြို့ကြီးပြကြီးများဆီသို့ တဖြည်းဖြည်း ရောက်ရှိဦးတည်လာနေသည့် စစ်ပွဲများ

၂၀၂၁ ဖေဖော်ဝါရီလမှာ စတင်ခဲ့တဲ့ မြန်မာ့နွေဦးတော်လှန်ရေးဟာ တိုင်းပြည်ထဲက မျိုးဆက်သစ် GenZ များရဲ့ အကြမ်းမဖက် လှုပ်ရှားမှုများ၊ မြို့ပြမှာ အများစုနေထိုင်တဲ့ လူလတ်တန်းစား ပညာတတ်အလွှာနဲ့ (အထည်ချုပ်စက်ရုံအလုပ်သမား၊ မီးရထားဝန်ထမ်းစသည်) အလုပ်သမားလူတန်းစားတွေအတူ ပူးပေါင်းပါဝင်ခဲ့ကြတဲ့ Civil Disobedience Movement အဖြစ် စတင်ခဲ့ပါတယ်။ စစ်အုပ်စုက သွေးထွက်သံယို ရက်စက်စွာနှိမ်နင်းမှုတွေစတင်လာပြီး တရားလက်လွတ် သတ်ဖြတ် ပစ်မှုတွေ၊ လက်နက်မပါဘဲ ဆန္ဒပြနေတဲ့ လူထုထဲကို လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်မှုတွေ၊ အစုလိုက် အပြုံလိုက် ဖမ်းဆီးမှုတွေ၊ နှိပ်စက်မှုတွေ စတင်လာချိန်မှာတော့ လူထုရဲ့ ဆန့်ကျင် လှုပ်ရှားမှုတွေဟာ မြို့ပြကနေ ဗမာကျေးလက်တွေ၊ တောင်တန်းနယ်စပ်ဒေသလူမျိုးစုတွေရှိတဲ့ ဒေသတွေဆီကို ရွေ့လျားလာခဲ့ပါတယ်။ စတင်ခဲ့တုန်းက အကြမ်းမဖက် မြို့ပြ လူထုလှုပ်ရှားမှုအနေနဲ့ ရှိခဲ့ပေမယ့် အဲဒီအချိန်က အာဆီယံနဲ့တကွ နိုင်ငံတကာ

မြို့ကြီးပြကြီးများဆီသို့ တဖြည်းဖြည်း ရောက်ရှိဦးတည်လာနေသည့် စစ်ပွဲများ Read More »

လေတပ်စခန်း သီးသန့်တိုက်ခိုက်ခြင်း (ရုပ်သံ)

တော်လှန်ရေး အင်အားစုတွေကို အန္တရာယ်အပေးဆုံး ဖြစ်နေတဲ့ လေတပ်ကို သီးသန့်ပစ်မှတ်ထား တိုက်ခိုက်ဖို့ လိုလာပါပြီ။ ရန်သူ့လေတပ်စခန်းတွေ၊ လေယာဥ်မောင်းသမားတွေ၊ လေယာဥ်ထိန်းသိမ်းရေးသမားတွေ၊ လေယာဥ်ဆီ သယ်ပို့မှုတွေ၊ လေတပ်ကို ဆက်သွယ်ထားတဲ့ လျှပ်စစ်ဓာတ်အားလိုင်းတွေကို ပုံမှန် ပစ်ခတ် တိုက်ခိုက်ဖို့လိုပါတယ်။ အာဖဂန်စစ်ပွဲမှာ ကမ္ဘာ့အင်အား အကြီးဆုံးလေတပ် ပိုင်ဆိုင်ထားတဲ့ အမေရိကန် လေတပ် အခြေစိုက်စခန်း တွေကို မော်တာတွေ၊ ဒုံးကျည်တွေ နဲ့ ပုံမှန် ပစ်ခတ်တိုက်ခိုက်ပြီး ရန်သူ့လေတပ် နဲ့ လေယာဉ်အမှုထမ်းတွေ၊ မြေပြင် ပြုပြင်ထိန်းသိမ်းရေးသမားတွေကို ခြိမ်းခြောက် ခဲ့ကြပါတယ်။ အကြမ်းဖက် စစ်တပ်မှာ မှော်ဘီလေတပ်၊ ကျောက်ထုလေတပ်၊ လားရှိုးလေတပ်၊ မကွေးလေတပ်၊ မင်္ဂလာဒုံလေတပ်၊ မုံရွာ လေတပ်၊ မြိတ် လေတပ်၊ မြစ်ကြီးနား နမ့်ပေါင် လေတပ်၊ နမ့်စန် လေတပ်၊

လေတပ်စခန်း သီးသန့်တိုက်ခိုက်ခြင်း (ရုပ်သံ) Read More »

ရက္ခိုင်တပ်တော်၏ အောင်မြင်မှု များ နှင့် အိန္ဒိယ၊ ထိုင်း တို့ လှုပ်နှိုးခံရပြီ

ရက္ခိုင်တပ်တော် AA သည် ၂၀၂၃ နိုဝင်ဘာ ၁၃ မှစ၍ အကြမ်းဖက် စစ်တပ် အား ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စစ်စခန်းပေါင်း ၁၇၀ ကျော် နှင့် မြို့ ကိုး မြို့ကို သိမ်းယူနိုင်ခဲ့ပြီ ဖြစ်သည်။ စစ်တပ် အတွက် တပ်များ ရွှေ့ပြောင်းရေး တွင် လွန်စွာ အသုံးတည့်လှသည့် ကမ်းတက်စစ်ရေယာဉ် လေးစီးကိုလည်း ဖျက်ဆီးပစ်နိုင်ခဲ့သည်။ (ပုံတွင်ရှု) မြို့တော် စစ်တွေ တွင်လည်း အုပ်ချုပ်ရေး ပျက်ပြားသွားပြီ ဖြစ်၍ ပြည်နယ် အစိုးရသည် သံတွဲ တွင် စစ်ပြေး အစိုးရ အဖြစ် ရောက်ရှိ နေပြီဟု သတင်းများက ဆိုသည်။ ရက်ပေါင်း ၉၀ ကာလ အတွင်း စစ်ကောင်စီ သစ္စာခံ

ရက္ခိုင်တပ်တော်၏ အောင်မြင်မှု များ နှင့် အိန္ဒိယ၊ ထိုင်း တို့ လှုပ်နှိုးခံရပြီ Read More »

“ဆယ့်ကိုးဖာပွန် တမလွန် ဖာပွန်ဆယ့်ကိုး အဖြစ်ဆိုး ” ဆိုပြီး ငိုကြတဲ့ ခေတ်တစ်ခေတ်ရှိခဲ့ဖူးပါတယ်

တာမခန် ငှက်ကင်ကိစ္စ ဖြစ်နိုင်ချေ နည်းပါတယ်။”မီးခိုးတွေ မည်းသွားတယ်” ဆိုတာ ကြီးကလည်း ဒုတိယကမ္ဘာစစ် ရုပ် ရှင်ဆန်နေပါတယ်။မည်သို့ပင်ဆိုစေကာမူ တာမခန် ကိုလှရွှေစခန်း နဲ့ ပုသိမ်ကြီးတပ် ၁၁၉ ထိုင်ထားတဲ့ နမ့်ရေစခန်းကိုလည်း မွန်းမတည့်ခင်တည်းက ကီယာတို့ အိတ်ကပ်ထဲ ထည့်လိုက်ပါပြီ။မနေ့တည်းက မှန်းထားတယ် ရလောက်ပြီလို့။ ဖားကန့်ဂွင်ထဲမှာ ဒီနှစ်အတွင်း ဝှေခါ နဲ့ နမ့်တိန်း စခန်းနှစ်ခု ရထားပြီးဖြစ်လို့ ဒီလ စခန်းနှစ်ခု သိမ်းနိုင်တာဖြစ်ပါတယ်။ညဘက်ကြီး ဆိုင်းတောင်မှာလည်း ပစ်ခတ်သံတွေကြားရပါတယ်။စကစရဲ့ ကြောက်လန့်တကြား ပုလဲရထား(ပစ်ရှင်း) တာလား။နှစ်ဘက်‌ထိတွေ့မှုလား ဆိုတာတော့ အခုမနက်မှသိရပါလိမ့်မယ်။ကာမိုင်း ၈မိုင် လမ်းခွဲကနေ မန်ရွက်ဘက်ကို စစ်ကြောင်းချီလာတဲ့ စကစ တပ်ကိုလည်း ကီယာတို့ Inbush အောင်မြင်ထားပါတယ်။အဲဒီစစ်ကြောင်းဟာ မိုးကောင်းကနေ လာတာဆိုတော့ စကခ ၃ စုပေါင်းစစ် ကြောင်း

“ဆယ့်ကိုးဖာပွန် တမလွန် ဖာပွန်ဆယ့်ကိုး အဖြစ်ဆိုး ” ဆိုပြီး ငိုကြတဲ့ ခေတ်တစ်ခေတ်ရှိခဲ့ဖူးပါတယ် Read More »

နိုင်မြင်း မှား လောင်းမိ၍ အိန္ဒိယ ရတက်မအေး ဖြစ်ရ

ပလက်ဝ နှင့် နိုင်ငံ အနောက်ခြမ်းရှိ မြို့ အတော်များများ ရက္ခိုင် တပ်တော် လက်တွင်း သက်ဆင်းသွားရမှု နှင့် အတူ အိန္ဒိယမှ ရင်းနှီး မြုပ်နှံထားသော စစ်တွေ ဆိပ်ကမ်း အတွက်လည်း စိုးရိမ်ပူပန် လာနေရပြီ ဖြစ်သည်ဟု ဟိန္ဒူနစ်စတန် တိုင်းမ် သတင်းစာ တွင် ရေးသားထားသည်။ အိန္ဒိယ ကောင်စစ်ဝန် ရုံး ရှိနေသည့် စစ်တွေအား ဝင်ထွက် နိုင်သည့် ကုန်းလမ်း၊ ရေလမ်း အား ဖြတ်တောက်ထားပြီး ဖြစ်သည်။ ပြီးခဲ့သည့် အပတ် အတွင်း စစ်တွေ နှင့် ကီလိုမီတာ ၃၀ အကွာတွင် ရှိသည့် ပုဏ္ဍားကျွန်း မြို့ ရဲစခန်းအား ရက္ခိုင် တပ်တော်မှ ထပ်မံ သိမ်းယူ နိုင်ခဲ့သည်။

နိုင်မြင်း မှား လောင်းမိ၍ အိန္ဒိယ ရတက်မအေး ဖြစ်ရ Read More »

“အလွယ်မယုံနဲ့”

သင်္ဘောသုံးစင်း ဖြစ်စဉ်ကြောင့် ကလေးတွေ သေဆုံးရပါတယ်လို့ နာဂစ်မုန်တိုင်းက ဓာတ်ပုံတွေကို အသုံးပြုပြီး ဖြန့်ဝေလာတဲ့ လုပ်ကြံသတင်းဖြန့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့၊ ညရှစ်နာရီ အချိန်ခန့်က စပြီး Myanmar Hard Talk (MHT) အမည်ရ စစ်ကောင်စီရဲ့ လော်ဘီ သတင်းမီဒီယာရဲ့ တယ်လီဂရမ်ချန်နယ်ကနေ ‘ကျောက်တော်ဖြစ်စဉ်အတွင်း အသတ်ခံရသည့် ကလေးငယ်များ’ လို့ ခေါင်းစဉ်တပ်ပြီး ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်မှုကြောင့် နစ်မြုပ်သွားတဲ့ စစ်ကောင်စီ၏ စစ်သင်္ဘော သုံးစင်း ဖြစ်စဉ်ကို လုပ်ကြံသတင်းဖန်တီးပြီး စတင်ဖြန့်ဝေလာပါတယ်။ အဲဒီတယ်လီဂရမ်ပိုစ့်ကို Myanmar Hard Talk အမည်ရ စောင့်ကြည့်သူ သုံးသောင်းကျော်ရှိတဲ့ တယ်လီဂရမ်ချန်နယ်ကနေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့၊ ည ၈

“အလွယ်မယုံနဲ့” Read More »

Scroll to Top