“ဒီသကြားလုံး ၃ လုံး ဘယ်လောက် တန်ပါသလဲ”
“ဒီသကြားလုံး ၃ လုံး ဘယ်လောက် တန်ပါသလဲ” ဒီနေ့ ကားမောင်းလာတော့ လမ်းမှာ ကိုရင်လေးနှစ်ပါးက ကားကိုတားတယ် ဒါနဲ့ ကားရပ်ပြီး ကိုရင်တို့ ဘယ်ကြွမလို့လဲမေးတော့ …..ကျောင်းတိုက်ကိုတဲ့ တက်ပါကိုရင်ဆိုပြီး တံခါးဖွင့်ပေးလိုက်တယ် ကားပေါ်ရောက်တာနဲ့ ဆုတောင်းမေတ္တာပို့တွေရွတ်ပြီး ဆုတောင်းပေးကြပါတယ် ကိုရင်လေးတစ်ပါးက ကျေးဇူးတင်ပါတယ်ဒါကာကြီး ဆွမ်းစားချိန် ၁၁:၁၅ နာရီမမှီရင် အရိုက်ခံရလို့ တားဆီးလိုက်တာပါတဲ့ နာရီကြည့်လိုက်တော့ ၁၁:၀၆ နာရီ ဒါနဲ့ မပူပါနဲ့ကိုရင် မှီပါတယ် နောက်မကျအောင် စောစောပြန်ပေါ့ကိုရင်ရဆိုတော့ ပြန်လို့မရသေးလို့ပေါ့ဒါကာကြီးရ ကိုရင်တို့ကျောင်းက ဦးဇင်းတစ်ပါးကို တစ်ရက်ကို ငါးထောင်ပေးရတယ် ငါးထောင်မပြည့်ရင် နောက်တစ်ရက်စောင့်တယ် နောက်ရက်မှာ လိုတဲ့ငွေနဲ့ ငါးထောင်ပေါင်းအပ်ရတယ် နှစ်ရက်စောင့်လို့မှ နှစ်ရက်စာ တစ်သောင်းမပြည့်ရင် အရိုက်ခံရတယ် တဲ့ ကျောင်းက ဆရာတော်ကြီးတွေက ဘာမှမပြောဘူးလားဆိုတော့ ဆရာတော်ကြီးတွေမသိအောင် သိမ်ထဲခေါ်သွားပြီး … Read more