“ဒရုန်းနဲ့ ဗုံးတွေချတာကို ပြင်းပြင်းထန်ထန် ခုခံခဲ့တဲ့ ဗာဟုဗာလီ ဗိုလ်ကြီး မိုး”
စစ်တပ်ကကောင်တွေက သူတို့ စစ်တပ်အကြောင်း လော်ဘီစာတွေ ရေးပြီ ဆိုရင် ၄ နှစ်သား ကလေးကို ပုံပြောပြသလိုမျိုး ရေးတာ။ မဟုတ်မဟတ် မဖြစ်နိုင်တဲ့ အကြောင်းအရာတွေကို လုပ်ကြံ ချဲ့ကားပြီး ရေးတာ သူတို့လူတွေက ယုံလား မယုံလား မပြောတတ်ပေမယ့် ကိုယ်တွေ အတွက်ကတော့ တကယ့်ကို ဟာသကြီး။ စဉ်းစားကြည့်။ ကိုယ့်ခေါင်းပေါ်မှာ ဒရုန်း ၅ စီးပဲပျံပြီး ဗုံးတွေ တစ်လုံးပြီး တစ်လုံး ဖြုတ်ချတာကို ခံစားကြည့်လိုက်။ ဘယ်လို ခုခံကာကွယ်မလဲ။ ဗုံးဒဏ် ကာကွယ်နိုင်တဲ့ အခိုင်အမာ အဆောက်အအုံ ရှိနေရင်တော့ တမျိုး။ စစ်တပ်ရဲ့ ရှေ့တန်း စစ်စခန်းတွေ ဆိုတာ ခနော်ခနဲ့ တဲသာသာ အဆောက်အဦးတွေပဲ များတယ်။ ကွန်ကရစ် ဘန်ကာတွေ ရှိတယ်ပဲ ထားဦး။ … Read more