Feature

မန္တလေးအိမ်အပြန် (သို့မဟုတ်) သပြေညိုနှင့် ပြည်တော်ဝင်ခရီး

“မန္တလေးဟာ ဂရိဒဏ္ဍာရီထဲမှာပါတဲ့ ဖီးနစ်ငှက်နဲ့တူတယ်။ ဖီးနစ်ငှက်ဟာ ပြာပုံထဲက ပြန်လည်လန်းဆန်းနုပျိုလာသလို၊ မန္တလးဟာလည်း ပြာပုံထဲက ရုန်းထပြီး နုပျိုလန်းဆန်းလာတာချည်းပဲ” အထက်ပါ စကားသည် တောင်သမန်ရွှေအင်းက လေညှင်းဆော်တော့ စာအုပ်တွင် စာရေးဆရာကြီး မြသန်းတင့်၏ မှတ်ချက်ဖြစ်သည်။ မန္တလေးဟု ဆိုလိုက်လျှင် မြန်မာတို့၏ နောက်ဆုံးမင်းနေပြည်တော်အဖြစ် မြို့ရိုး၊ ကျုံး၊ နန်းတော် ၊ ရွှေပဟိုရ်စည်သံတို့ဖြင့် ဂန္ထဝင်ဆန်သော ပုံရိပ်များက မန္တလေး၏ အမှတ်သင်္ကေတအဖြစ် စိတ်ထဲစွဲသည်။ ယင်းကား မန္တလေး၏ အပြင်ပိုင်း သင်္ကေတဖြစ်ပေလိမ့်မည်။ ကိုလိုနီနယ်ချဲ့စနစ်ကို ရဲရဲရင့်ရင့် ရင်ဆိုင် ခုခံမှုများ၊ စစ်ကြီးများအကြား ရှင်သန်ထူထောင်မှုများ၊ ဘေးအန္တရာယ်များအကြား ရုန်းထမှုများ၊ စစ်အာဏာရှင်စနစ်တိုက်ပွဲ အဆက်ဆက်တွင် ပေးဆပ်ခဲ့သည့် မန္တလေးလူထု၏ သွေးသတ္တိစသည်တို့သာလျှင် မန္တလေး၏ နက်နဲသော အတွင်းကျကျ သင်္ကေတ (ဝါ) အဇ္ဇျတ္တ […]

မန္တလေးအိမ်အပြန် (သို့မဟုတ်) သပြေညိုနှင့် ပြည်တော်ဝင်ခရီး Read More »

လား-ရှိုးကိုပဲ စိ-တ်၀င်စားနေကြမယ် ထင်ပါရဲ့ …

ဟိုစဥ်တစ်ခါ အဖြစ်အပျက်လေး သတိရမိတယ်ဗျ။ လက်ဘက်ခြောက်ကြီး မာလကီးယား ၊တစ်ခြမ်းတေသွား၊ ICU တို့ ပြောနေကြချိန် ကျွန်တော်တို့ကလည်း အတွ-င်းသတင်း ဖြ-စ်စ-ဉ်တွေအရ မဟုတ်ကြောင်းသိနေရချိန်မှာ တော်တော်များများကလည်း ရေချိန်တွေ လွန်လာပြီ။နောက်ဆုံး ကျွန်တော် တစ်ပွေပဲကျန်တော့တယ်။ ဒီလိုနဲ့ အရမ်းရင်းနှီးတဲ့ သတ-င်းဌာနနဲ့ မိတ်ဆွေတွေ ကိုတော့ ပြောပြတာပေါ့ဗျာ။ “ဒီနေ့ထိတော့ မတေသေးဘူးဗျာ .. နက်ဖြန်ကစလို့ လာမေးတဲ့ သူမှန်သမျှ စိုး၀င်းကို ပေးတေလိုက်တော့မယ်” ပြောကာရှိသေး။နောက်ရက်ကျတော့ လက်ဘက်ခြောက် ပေါ်လာတယ်။ကျွန်တော် ပေးမတေလိုက်ရ တော့ဘူးဗျာ။အခု လား-ရှိုးကတော့ အဲလို မဟုတ်ပါဘူး။လား-ရှိုး ရ-မ-ခကို ကိုးက-န့်တွေ အပြု-တ်တို-က်မှာပါ။လကုန်ပြီးရင် အလုံးစုံ ရလောက်ပါပြီ။တစ်ကယ်တမ်းသာ ရမခကျရင် ရှ-မ်းမြော-က်တစ်ခုလုံး ခေါင်ထိအကု-န်စားစန-စ်ပါ။ဒါပေမယ့် စ-က-စ က အရ-မ်းည-စ်ပ-တ်တယ်။တို-င်းမှူး မာမီလေး စိုးလှို-င်ကို မူဆ-ယ်ပို့ထားလေတော့ တို-င်းစ-စ်ဌာနချု-ပ်

လား-ရှိုးကိုပဲ စိ-တ်၀င်စားနေကြမယ် ထင်ပါရဲ့ … Read More »

ကျင့်ဖျင် ခေါင်းပေါ်ပါ တက်ထိုင်ပြလိုက်တဲ့ မြနန္ဒာအေးအောင်

(၁) ရုတ်တရက် ဝင်လာပြီးပွဲကတယ်၊ ရှေ့တိုးပြီးလို့ ရတဲ့နေရာမှာ အထိုင်ချတယ်၊ ပြီးတော့ ခဏနားမယ်လို့ ခပ်တည်တည်ကြေညာတယ်၊ လာထိရင် ပြန်ထိမယ်လို့လည်း ပြောလိုက်သေးတယ်။ ကျန်း ဘယ်လောက် မခန့်လိုက်သလဲ၊ ရှိသေးတယ် ဒါကို ခေါင်းစဥ်တပ်တော့ ရှီကျင့်ဖင် လာပြောလို့ အားနာနာနဲ့ ခဏနားတာတဲ့၊ ခဏနားတာတောင် ရှိတာတွေနဲ့ အဲဘက် လှည့်ချိန်ထားတုန်း တဲ့။ တွေ့လား အာ့လို ခဏ နားတယ်ပြောတော့ အရင် ဟိုင်ဂင် တုန်းက နေရာထိ နောက်ပြန်ဆုတ်ပေး လိုက်ရလို့လား။ နေရာအစုံမှာ ရှေ့တိုး လာတာချည်းပဲ မဟုတ်လား။ ဒါတောင် ဒီတခေါက်နားရင် လေကာတွေ အသေအချာလုပ်မယ်လို့ ထုတ်ကြေညာ ပြလိုက်သေးတာ။ တွေ့လား မြနန္ဒာအေးအောင် အကွက်ရွှေ့ပုံက ဒီတခါ ရှီကျင့်ဖင် ခေါင်းပေါ်ပါ တက်ထိုင်ပစ်လိုက် တာနော်။

ကျင့်ဖျင် ခေါင်းပေါ်ပါ တက်ထိုင်ပြလိုက်တဲ့ မြနန္ဒာအေးအောင် Read More »

ကျောင်းပြန်တက်ချင်နေတဲ့ ကလေးသရုပ်ဆောင်ပြည့်ပြည့်

ကမ္ဘာ့တလွှားကရုပ်ရှင်တွေကြည့်ရှုလို့ရတဲ့ ဒီဂျစ်တယ်ပလက်ဖောင်း Netflix မှာ ပထမဆုံးပြသခွင့်ရတဲ့ မြန်မာဇာတ်ကား “လိပ်ပြာစံအိမ်” မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင်ပြည့်ပြည့်ဟာ အာဏာသိမ်းမှုကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံကို ထွက်ပြေးတိမ်းရှောင်နေရင်း ပညာရေးကမောက်ကမ အခြေအနေကို ရင်ဆိုင်နေရပါတယ်။ တချိန်က အလားအလာကောင်းတဲ့တက်သစ်စ ကလေးသရုပ်ဆောင်ဘဝကနေ ကျောင်းလခမတတ်နိုင်လို့ စာသင်ခန်းနဲ့ အဝေးမှာ ရှင်သန်နေရပါတယ်။ “အခုက ကျောင်းမတက်ရဘူး။ အခြားကလေးတွေလိုမျိုး သူငယ်ချင်းတွေနဲ့ အတူ နေ့လယ်စာ စားပြီး ကျောင်းပြန်တက်ချင်တယ်” လို့ ကလေးသရုပ်ဆောင် ပြည့်ပြည့်က သူ့ခံစားချက်ကို ပြောပြပါတယ်။ ပြည့်ပြည့်ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုရဲ့ အကျိုးဆက်အဖြစ် အုပ်ထိန်းသူတွေနဲ့အတူ တိုင်းတပါးကို ထွက်ပြေးရင်း ပညာသင်ယူခွင့်ဆုံးရှုံးနေတဲ့ မြန်မာ့ကလေးငယ်တွေထဲက တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်တုန်းက Asian Academy Creative Awards ဆုပေးပွဲမှာ

ကျောင်းပြန်တက်ချင်နေတဲ့ ကလေးသရုပ်ဆောင်ပြည့်ပြည့် Read More »

မြဝတီတိုက်ပွဲခေါင်းဆောင် ၄၄ တပ်မမှူး စစ်ဗိုလ်ချုပ်ရဲ့ ဇာတ်သိမ်း

ကရင်ပြည်နယ်တွင် ယခုနှစ် ဇန်နဝါရီလကုန်ပိုင်းက ရဟတ်ယာဉ်ပစ်ချခံရမှုကြောင့် သေဆုံးသွားသည့် ၄၄ တပ်မမှူး ဗိုလ်မှူးချုပ် အေးမင်းနောင် နေရာတွင်အစားထိုးရန် နေပြည်တော်မှ စစ်ခေါင်းဆောင် ဗိုလ်ချုပ်များက ဖေဖော်ဝါရီလဆန်းပိုင်း၌ တပ်မမှူးအသစ်တဦးကို ထပ်မံခန့်အပ်လိုက်ရသည်။ “တဗိုလ်မရှိ တဗိုလ်” ဟူသည့် စစ်ကောင်စီတပ်၏ ဆိုရိုးစကားအရ မြဝတီမြေကို မနင်းလိုက်ရသည့် တပ်မမှူး ဗိုလ်မှူးချုပ် အေးမင်းနောင်နေရာတွင် အစားထိုးခန့်အပ်ခံရသူ တပ်မမှူးမှာ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်နယ်မြေ၊ ဘုတ်ပြင်းမြို့အခြေစိုက်၊ အမှတ် ၁၃ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၃) ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူးအဖြစ် တာဝန်ယူထားသူ ဗိုလ်မှူးကြီး စိုးမင်းထက် ဖြစ်ပြီး တပ်မ ၄၄ သို့ ဗိုလ်မှူးချုပ်အဖြစ် အဆင့်တိုး၊ ရာထူးတိုးဖြင့် ရောက်ရှိလာခြင်းဖြစ်သည်။ ဗိုလ်မှူးချုပ် စိုးမင်းထက်သည် တပ်မ ၄၄ သို့ ရာထူးတိုးဖြင့်ရောက်ရှိလာပြီးနောက် တပ်မမှူးအဖြစ် ၃

မြဝတီတိုက်ပွဲခေါင်းဆောင် ၄၄ တပ်မမှူး စစ်ဗိုလ်ချုပ်ရဲ့ ဇာတ်သိမ်း Read More »

ဗိုလ်မှူးကြီးစောချစ်သူ(ခ) စံမြင့် မိသားစု အပါအဝင် BGFခေါင်းဆောင်တချို့ ပါဝင်နေသော နိုင်ငံတကာရာဇဝတ်မှုဖြစ်သည့် တရားမဝင် ကျားဖြန့် ငွေလိမ် ဂိုဏ်း နှင့် အွန်လိုင်းကာစီနို လောင်းကစားလုပ်ငန်းများ

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ဗိုလ်မှူးကြီး စောချစ်သူ(ခ) စံမြင့် အပါအဝင် BGF/KNA ခေါင်းဆောင်တချို့ ပါဝင်နေသော တရားမဝင် ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းနှင့် အွန်လိုင်းကာစီနိုလောင်းကစားကုမ္ပဏီများကို Justice For Myanmar (JFM) က ဖော်ထုတ်လိုက်ပြီး နိုင်ငံတကာက ချက်ချင်း အရေးယူရန် တိုက်တွန်းလိုက် သည်။ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ကရင်အမျိုးသားတပ်မတော် KNA ဟု အမည်ပြောင်းလဲထားသော ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ(ခ) စံမြင့်က ၎င်းတို့မိသားစုနှင့် မဟာမိတ်များ ကို ကြွယ်၀ ချမ်းသာစေသော နိုင်ငံဖြတ်ကျော် စီးပွားရေးကွန်ရက်တစ်ခုကို တည်ဆောက်ထားပြီး အဆိုပါ စီးပွားရေးကွန်ရက်များ၏ ချိတ်ဆက်မှုများကို JFM သုတေသန လေ့လာ ဖော်ထုတ်ထားသည်။ BGF ၏ တရားမဝင် စီးပွားရေးလုပ်ငန်းများတွင်

ဗိုလ်မှူးကြီးစောချစ်သူ(ခ) စံမြင့် မိသားစု အပါအဝင် BGFခေါင်းဆောင်တချို့ ပါဝင်နေသော နိုင်ငံတကာရာဇဝတ်မှုဖြစ်သည့် တရားမဝင် ကျားဖြန့် ငွေလိမ် ဂိုဏ်း နှင့် အွန်လိုင်းကာစီနို လောင်းကစားလုပ်ငန်းများ Read More »

အဘနဲ့ ထိရင်…

အီရန်က သမ္မတနဲ့ အစိုးရအဖွဲ့ဝင်တွေ လေယဥ်ပျက်ကျပြီး သေတယ်ကြားရတော့ မအံ့သြမိဘူး။ ဘာလို့မအံ့သြလဲဆိုတော့ အီရန်ဟာ မအလကို စစ်လက်နက်တွေ ထောက်ပံ့ပေးပြီး နီးနီးကပ်ကပ် ဆက်ဆံနေလို့ပဲ။ အဲဒီလို ဆက်ဆံတာနဲ့ အီရန်သမ္မတအဖွဲ့ သေချင်းဆိုးသေတာနဲ့ ဘာဆိုင်လို့လဲပေါ့။ ဆိုင်တာမှ သိပ်ကိုဆိုင်ပါတယ်။ ကလင်ဒါကျကို ပြန်ကြည့်ရရင် ပထမက ယူကရိန်း၊ ဒီမိုကရေစီ နိုင်ငံဖြစ်ပေမယ့် အာဏာသိမ်းခဲ့တဲ့ မအလကို စစ်လက်နက်ပစ္စည်းတွေ ဆက်လက် ထောက်ပံ့ခဲ့တယ်။ သိပ်မကြာဘူး၊ အကုသိုလ်တွေ အဝင်ခံရတော့တာပဲ မဟုတ်လား။ ဒုတိယက ရုရှပါ၊ “ရုရှားပြည်ကြီး ငြိမ်းချမ်းပါစေ” လို့ သီတဂူနဲ့မအလ သွား အော်ပြီးကတည်းက ရုရှပြည်ကြီး စစ်မီး လောင်ရပါတော့တယ်။ လက်ရှိ အခြေအနေကလဲ မအလနဲ့ သိပ်ပြီး မထူးတော့တဲ့ အခြေအနေကို ရောက်နေရရှာပြီ။ တတိယက မအလကိုယ်တိုင်သွားရောက်

အဘနဲ့ ထိရင်… Read More »

ခေတ်ကြီးတစ်ခေတ်လုံးကို ထမ်းပိုးခဲ့သူတွေဟာ ခေတ်အဆက်ဆက်မှာလဲ လူငယ်တွေပါပဲ

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေး တိုက်ခိုက်ရေး တပ်ဖွဲ့ (၂) ရဲဘော်များ စက်ပစ်ကွင်းဆင်းနေကြစဉ် ” ခေတ်ကြီးတစ်ခေတ်လုံးကို ထမ်းပို့ခဲ့ သူတွေဟာ ခေတ်အဆက်ဆက်မှာလဲ လူငယ်တွေဘဲဖြစ်တယ် လူမမယ် အရွယ်တွေဘဲဖြစ်တယ် သူတို့ ကျောင်းသားတွေ ဖြစ်ခဲ့မယ် အခု ဘ၀ပေး အခြေအနေအရ ပြည်သူ့စစ်သားလဲ ဖြစ်လာရတယ် ” ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ – ၂

ခေတ်ကြီးတစ်ခေတ်လုံးကို ထမ်းပိုးခဲ့သူတွေဟာ ခေတ်အဆက်ဆက်မှာလဲ လူငယ်တွေပါပဲ Read More »

အညာသူ မရင်သွေး ရင်သွေးလေး မမွေးနိုင်တော့ပါ

“ရှေ့က အရင်ပြေးနှင့်။ ဒါတွေ သိမ်းဆည်းပြီးရင် လိုက်ခဲ့မယ်။ ပြေးနှင့်တော့” ကိုဖိုးအောင် နောက်ဆုံးကြားခဲ့ရတဲ့ ဇနီးသည် မရင်သွေးရဲ့ စကားသံ။ မပေါ့မပါး ကိုယ်ဝန်ကြီးနဲ့ ချက်ပြုတ်လက်စ ထမင်းဟင်းတွေကို သိမ်းဆည်းနေရင်း မရင်သွေးက သူ့ကို အရင် ပြေးခိုင်းတဲ့ အကြောင်း ကိုဖိုးအောင်က ပြန်ပြောပြနေတာပါ။ “ကျွန်တော်က ရှေ့ကနေ သစ်ပင်ပေါ်ကို တက်ပြီးတော့ အခြေအနေ ကြည့်တာပေါ့။ မိန်းမရေ ငါတို့တော့ မလွတ်တော့ဘူး ထင်တယ်ဟေ့။ (စစ်အုပ်စု) လာနေကြပြီ ပြေးရကြအောင်လို့။ သူက ကျွန်တော့်ကို ပြောတာ၊ ရှင်ရှေ့ကနေ ပြေးနှင့်တဲ့။ ဒီမှာ စစ်ရှောင်တွေအတွက် ချက်ပြုတ်ထားတဲ့ အစားအသောက်တွေ ရှိသေးလို့ သိမ်းရ၊ဆည်းရ ဦးမှာမို့ နောက်ကနေ လိုက်ခဲ့မယ်တဲ့။ သူလည်း ကျွန်တော့် နောက်ကတော့ လိုက်တော့ လိုက်ခဲ့သေးတာပေါ့ဗျာ။

အညာသူ မရင်သွေး ရင်သွေးလေး မမွေးနိုင်တော့ပါ Read More »

ထိုင်းသတင်းကပြောသော ရွှေကုက္ကိုလ်အကြောင်း

လတ်တလော မြန်မာနိုင်ငံမှာ ကျားဖြန့်ငွေလိမ်ဂိုဏ်း နှိမ်နင်းမှုနဲ့ နောက်ဆက်တွဲဂယက်တွေ လှိုင်းထနေချိန်မှာ ထိုင်းက နာမည်ကြီး သတင်းဌာနတခုကလည်း မြန်မာဘက်ခြမ်း မြဝတီခရိုင် ရွှေကုက္ကိုလ် အထူးစီးပွားရေးဇုန်နဲ့ ပတ်သက်တဲ့ အကြောင်းအရာကို ဖေ‌ဖော်ဝါရီ ၁၁ ရက် မနေ့က ထုတ်လွှင့်ခဲ့ပါတယ်။ ကရင်ပြည်နယ် မြဝတီခရိုင် ရွှေကုက္ကိုလ် စီးပွားရေးဇုန်မှာ အလုပ်ကောင်းရမယ်ဆိုပြီး ဥပဒေနဲ့မကင်းတဲ့ အလုပ်တွေကို အတင်းအကျပ် စေခိုင်းခံရသူ၊ အလိမ်ခံရသူ စုစုပေါင်း ၁ ထောင်ကျော်ကို တာဝန်ရှိသူတွေက ပြီးခဲ့တဲ့အပတ်က ကယ်ထုတ်ခဲ့ပြီး အဲဒီထဲမှာ ထိုင်းနိုင်ငံသား ၁၀၀ ကျော်လည်း ပါဝင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ထိုင်းလဝက (လူဝင်မှုကြီးကြပ်ရေး) ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ကယ်တင်ခံရသူ စုစုပေါင်း ၁,၈၃၇ ဦးရှိပြီး အဲဒီထဲမှာ တရုတ်နိုင်ငံသား ၂၅၈ ဦး၊

ထိုင်းသတင်းကပြောသော ရွှေကုက္ကိုလ်အကြောင်း Read More »

Scroll to Top