ထိုင်းသတင်းကပြောသော ရွှေကုက္ကိုလ်အကြောင်း
လတ်တလော မြန်မာနိုင်ငံမှာ ကျားဖြန့်ငွေလိမ်ဂိုဏ်း နှိမ်နင်းမှုနဲ့ နောက်ဆက်တွဲဂယက်တွေ လှိုင်းထနေချိန်မှာ ထိုင်းက နာမည်ကြီး သတင်းဌာနတခုကလည်း မြန်မာဘက်ခြမ်း မြဝတီခရိုင် ရွှေကုက္ကိုလ် အထူးစီးပွားရေးဇုန်နဲ့ ပတ်သက်တဲ့ အကြောင်းအရာကို ဖေဖော်ဝါရီ ၁၁ ရက် မနေ့က ထုတ်လွှင့်ခဲ့ပါတယ်။ ကရင်ပြည်နယ် မြဝတီခရိုင် ရွှေကုက္ကိုလ် စီးပွားရေးဇုန်မှာ အလုပ်ကောင်းရမယ်ဆိုပြီး ဥပဒေနဲ့မကင်းတဲ့ အလုပ်တွေကို အတင်းအကျပ် စေခိုင်းခံရသူ၊ အလိမ်ခံရသူ စုစုပေါင်း ၁ ထောင်ကျော်ကို တာဝန်ရှိသူတွေက ပြီးခဲ့တဲ့အပတ်က ကယ်ထုတ်ခဲ့ပြီး အဲဒီထဲမှာ ထိုင်းနိုင်ငံသား ၁၀၀ ကျော်လည်း ပါဝင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ထိုင်းလဝက (လူဝင်မှုကြီးကြပ်ရေး) ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ကယ်တင်ခံရသူ စုစုပေါင်း ၁,၈၃၇ ဦးရှိပြီး အဲဒီထဲမှာ တရုတ်နိုင်ငံသား ၂၅၈ ဦး၊ […]
ထိုင်းသတင်းကပြောသော ရွှေကုက္ကိုလ်အကြောင်း Read More »