သင်တန်းဆိုတာဘယ်လိုမျိုးလဲ…
ဒါလေးကိုအရင်ကြည့်ပြီး ဒဏ်ခံနိုင်မှဆက်သွယ်ကြပါ။ ဒါက ရိုးရိုးသင်တန်းပါ။ အထူးကွန်မန်ဒိုသင်တန်းဆိုရင် ပိုကြမ်းပါတယ်။ အခက်အခဲများနဲ့ကြုံရမှာပါ။ အဲ့ဒါတွေကျော်လွှားနိုင်ပြီးမှ ပြည်သူ့ကာကွယ်ရေးတပ်သားကောင်း အိုအေစစ်အဖြစ်ရရှိမှာပါ။ စည်းစနစ်ကျနမှု၊ စည်းကမ်းရှိမှု၊ ရိုင်းပင်းတတ်တဲ့စိတ်၊ ရဲဘော်ရဲဘက်စိတ်အပြည့်ထားနိုင်မှု၊ ကျင့်ဝတ်တွေကိုလိုက်နာနိုင်မှု၊ အမိန့်နဲ့လမ်းညွှန်မှုကိုတိကျစွာနာခံနိုင်မှုတွေက အစစအရာရာ ဖက်ဆစ်ခွေ းတွေထက် သာလွန်အောင်ကျင့်နိုင်မှ ပြည်သူ့ကာကွယ်ရေးစစ်သားဖြစ်ပါမည်။ ဖက်ဆစ်ခဝေးအကျင့်တွေပါလာလို့မရပါဘူးခင်ဗျာ။ တိကျစွာတိုင်ပင်ဆုံးဖြတ်ပြီးမှ ဆက်သွယ်လာပေးပါ။ တောထဲ မလာပါနဲ့ (၁)အိမ်မှာလို အေးအေးလူလူ နေချင်ရင် တောထဲမလာပါနဲ့။ (၂)လနကိုင် ဓာတ်ပုံရိုက်ချင်ရုံနဲ့ တောထဲမလာပါနဲ့။ (၃)ချစ်တဲ့သူတွေနဲ့ဝေးမှာ ကြောက်ရင် တောထဲမလာပါနဲ့။ (၄)တလရ ကိုအချိန်အကန့်အသတ်နဲ့ပဲလုပ်မယ် ဆိုရင် တောထဲမလာပါနဲ့။ (မင်းတို့ပဲ အနာဂတ်ရှိတာ မဟုတ်ဘူး) (၅)ေ သမှာကြောက်ရင် တောထဲမလာပါနဲ့။ (၆)မဲဆောက်သွားချင်ရင် နံနံခြားပြေးချင်ရင်တိုက်ရိုက်သွားပါ၊ တောထဲမလာပါနဲ့။ (ရိက္ခာကုန်လို့ပါ) (၇)အရက်သောက်ချင်ရုံ၊ ဝိသောက်ချင်ရုံနဲ့ တောထဲမလာပါနဲ့။ (မြို့ထဲမှာလဲ အစုံရပါတယ်၊ … Read more