ကောလင်းမြို့တွင်တိုက်ပွဲများဆက်လက်ဖြစ်ပွား
ကောလင်းမြို့တွင်တိုက်ပွဲများဆက်လက်ဖြစ်ပွား ဇော်ရမ်း၊အောင်ဇေယျ /People’s Spring ကောလင်းမြို့ တွင် အဓိကနေရာများကို စစ်ကောင်စီတပ်က တပ်စွဲထားသော်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း People’s Spring ၏ စစ်ရေးသတင်း ရင်းမြစ် ၅ ဦးကပြောသည်။ ” စစ်ေးတွေက ထွေအုပ်ရုံး၊ ဆောက်လုပ်ရေးဝင်း၊အထက(၁) လိုနေရာတွေမှာအထိုင်ချပြီး မြို့ပတ်လည်ကို တပ်ဖြန့်ထားပါတယ်။အဆောက်ဦးအမြင့်တွေ ကိုအကုန်နီးပါးနေရာယူထားပါတယ်” ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။ ရပ်ကွက် ၈ ရပ်ကွက် ရှိသော ကောလင်းမြို့ကို စစ်ကောင်စီတပ်က နေရာအများစုတွင်တပ်စွဲထားသော်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားကာ ၊စစ်ကောင်စီတပ်က မြို့ပေါ်ရှိ နေအိမ်အဆောက်အဦးများကို မီးရှို့နေကြောင်း ဒေသခံ အချို့က ပြောသည်။ “ကောလင်းမြို့ ကို စခတွေပြန်ထိမ်းချုပ်တာမဟုတ်ပါဘူး။ ၃/၄နေရာကိုတော့ ထိန်းထားနိုင်တယ်။ ကစားကွက်ပြောင်းလိုက်တာ။ တိုက်ပွဲတွေက ဆက်ဖြစ်နေတယ် မနေ့ညရော ခုကော။ မြို့ထဲမှာ မနေ့ကလည်းမီးလောင်တယ်။ ဒါလောက်ပဲ” … Read more