ထားဝယ်က ရှင်ဓာတ်ဝဲဘုရားအနီး အရက်မူးနေတဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်ခံရ (ရုပ်သံ)

ထားဝယ်က ရှင်ဓာတ်ဝဲဘုရားအနီး အရက်မူးနေတဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်ခံရ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာက ရှင်ဓာတ်ဝဲဘုရားအနီးမှာရှိနေတဲ့ စစ်ကောင်စီတပ်သားတွေ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီကနေ့မွန်းလွှဲ ၂ နာရီခွဲလောက်မှာ ဘုရားနဘေးက ဘောလုံးကွင်းထဲမှာ ရှိနေတဲ့ စစ်ကောင်စီတပ်သား အင်အား ၃၀ လောက်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေက သွားရောက်ပစ်ခတ်ခဲ့တာပါ။ “လူတွေကိုအရက်ဝယ်ခိုင်းပြီးသောက်ထားကြတာ။ အကုန်မူးနေကြတာလေ။ ပစ်ခံရပြီးမှောက်သွားတာတွေရှိတယ်” လို့ပြည်သူ့ကာကွယ်ရေးတပ်နဲ့နီးစပ်တဲ့ ဒေသခံတစ်ဦးကပြောပါတယ်။ အလစ်ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေဘက်ကလည်း ပြန်လည်ပစ်ခတ်တာတွေရှိတယ်လို့ ​ဒေသခံကဆိုပါတယ်။ အဲဒီပစ်ခတ်မှုအတွင်း နှစ်ဖက်ထိခိုက်မှုအသေးစိတ်ကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။ ညနေ ၄ နာရီလောက်မှာတော့ ဇဟာရွာအခြေစိုက်စစ်ကောင်စီတပ်ရင်းကနေ ပစ်ခတ်ခံရတဲ့နေရာကို စစ်ကူတွေတက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မောင်မယ်ရှောင်ရွာမှာရှိတဲ့ ရှင်ဓာတ်ဝဲဘုရားဟာ ထားဝယ်ဒေသမှာထင်ရှားတဲ့ ရှေးဟောင်းသမိုင်းဝင် ရှင်ကိုးရှင် ဘုရားတစ်ဆူဖြစ်ပါတယ်။ အခုလ ၁၅ ရက်နေ့ကလည်း ထားဝယ်မြို့အဝင် အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်မှာရှိနေတဲ့ စစ်ကောင်စီတပ်သား၊ … Read more

မောင်တောမြို့တွင် ရှေ့နေတစ်ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးအပါအဝင် ဒေသခံ ၁၀ ဦးခန့်ကို အလိုရှိကြောင်း မြန်မာစစ်တပ်က ဓာတ်တိုင်များတွင် စာကပ်

မောင်တောမြို့တွင် ရှေ့နေတစ်ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးအပါအဝင် ဒေသခံ ၁၀ ဦးခန့်ကို အလိုရှိကြောင်း မြန်မာစစ်တပ်က ဓာတ်တိုင်များတွင် စာကပ် ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့တွင် တရားလွှတ်တော်ရှေ့နေတစ်ဦး အပါအဝင် ဒေသခံ ၁၀ ဦးကို အလိုရှိနေကြောင်း မြန်မာစစ်ကောင်စီတပ်က ဓာတ်တိုင်များတွင် စာကပ်ထားသည်ဟု သတင်းရရှိသည်။ ၎င်းတို့ အထဲတွင် တရားလွှတ်တော်ရှေ့နေ ဦးမောင်ခင်ဝင်း၊ ဦးထွန်းအေးသိန်း (န၀ရတ်ရွှေဆိုင်ပိုင်ရှင်) ဦးစောသီဟအောင်၊ ကိုကျော်စိုးဌေး၊ ချစ်ထူးခိုင်၊ ညီညီ ( ၁ ) ထွန်းလင်းကျော်၊ ဦးမောင်ကြီးအောင်၊ ဦးမောင်ဝင်းသိန်း (ဝင်းစတိုးဆိုင်ပိုင်ရှင်)၊ ဦးစိုးထွန်းဝေနှင့် ဝေသာလီရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစံထွန်းအောင်တို့ဖြစ်ကြသည်။ တရားလွှတ်တော်ရှေ့နေ ဦးမောင်ခင်ဝင်းနှင့် ပတ်သက်ပြီးကပ်ထားသည့်စာတွင် ၎င်းသည် မောင်တောမြို့ မြို့မအနောက်ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး AA အဖွဲ့၏ အဖွဲ့ဝင်များကို ဥပဒေသင်တန်းများနှင့် … Read more

မနက်ကတည်းက သိမ်းပြီးနေတဲ့စခန်းကိစ္စ နေဖျင်ထိုးမှ ဌာနချုပ်ကသိ

တီးတိန်၊ ကနေဒီတောင်ရှိ စစ်တပ် စခန်းကို PDF-Zoland က နံနက် အစောပိုင်း တိုက်ခိုက်သိမ်းပိုက်မှု နမခ တိုင်းစစ်ဌာနချုပ်က မွန်းတည့်ချိန်ရောက်မှ သိရှိ၊ ဗိုလ်မှူး ၁ ဦး အပါအဝင် စစ်သား ၁၀ ဦးထက်မနည်း အရှင်ဖမ်းမိ ကနေဒီတောင် စခန်းသိမ်းတိုက်ပွဲဗိုလ်မှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးဖမ်းမိ၊ လက်နက် ၂၄ လက်ရဟု PDF Zoland ပြော ▪️Non CDMများနှင့် စစ်သား၊ ရဲများ ပြည်သူ့ရင်ခွင်ခိုလှုံရန် သတိပေး ချင်းပြည်နယ် တီးတိန်မြို့နယ် ကနေဒီတောင်စခန်းသိမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးကာ ဗိုလ်မှူးတစ်ဦး အပါအဝင် ၁၃ ဦး အရှင်ဖမ်းမိခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်-ဇိုလဲန်း(PDF-Zoland) ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ကနေဒီတောင် စစ်ကောင်စီတပ်စခန်းကို PDF Zoland တပ်ဖွဲ့များက … Read more

မတ္တရာမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၂ ဦး သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဥဒိန်ကျေးရွာမှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ယူနီကွန်းပြောက်ကျားတပ် ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ နိုဝင်ဘာလ ၁၇ ရက်နှင့် ၁၈ ရက်နေ့တို့တွင် အင်အား ၅၀ ခန့်ဖြင့် မတ္တရာမြို့နယ်၊ ဥဒိန်ကျေးရွာ၌ ၄ ရက်ကြာတပ်စွဲပြီး မတ္တရာမြို့ဘက်သို့ ပြန်ထွက်လာစဉ် ဥဒိန်ကျေးရွာအထွက်နှင့် သစ်ပုဒ်ပင်ရွာတို့အ ရောက် ဒရုန်းဖြင့် ၂ ရက်ဆက်တိုက် ဗုံးသီး ၁၄ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ တပ် သား ၂ ဦးသေဆုံးခဲ့ ကြောင်း၊ ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် သစ်ပုဒ်ပင်ရွာမှ ပြည်သူ့နေအိမ်တစ်လုံး ကို မီးရှို့ဖျက်ဆီးခဲ့ပြီး အနီးအနားရှိ ဖရဲခင်းစိုက်ပျိုးနေသူ ပြည်သူများကို ပစ်ခတ်ခဲ့ရာ ပြည်သူ … Read more

အသက် (၃၃) နှစ်အရွယ်မှာ အသည်းအဆီဖုံးရောဂါဖြစ်နေပြီဆိုတဲ့ စည်ဖြိုး

ခန္ဓာရှိရင်ဝေဒနာရှိတယ်ဆိုတဲ့ စကားအတိုင်းပဲ အသက် (၃၃) နှစ်အရွယ်မှာ အသည်းအဆီဖုံးရောဂါဖြစ်နေပြီဆိုတဲ့ စည်ဖြိုး ပရိသတ်ကြီးရေ …. သရုပ်ဆောင် စည်ဖြိုးကတော့ ကြော်ငြာတွေဗွီဒီယိုဇာတ်ကားတွေနဲ့ နာမည်ကြီးတဲ့ မင်းသားတစ်လက်ပဲဖြစ်ပါတယ်။ စည်ဖြိုးဟာ အခုဆိုရင် အိမ်ထောင်ကျ ကလေးအဖေဖြစ်လို့ နေပြီဖြစ်ပေမယ့် သူဝါသနာပါတဲ့ အနုပညာအလုပ်တွေ ကိုလုပ်ကိုင်နေပြီး တစ်ဖက်မှာလည်း စီးပွားရေးလုပ်ငန်း တစ်ခုကို တည်ဆောက်ထားနိုင်ပြီပဲ ဖြစ်ပါတယ်။ ဒီကတော့မှာတော့ စည်ဖြိုးက ခန္ဓာရှိရင် ဝေဒနာရှိတယ်ဆိုတဲ့စကားအတိုင်းပဲ ရောဂါအသစ်တစ်မျိုးခံစားနေရတယ်ဆိုပြီး ပြောလာပါတယ်။ စည်ဖြိုးက “အသက် ၃၃ အသည်း အဆီဖုံး ခန္ဓာရှိရင် ဝေဒနာရှိမယ်။ အရမ်းကြိုက်တဲ့ အချိုကြောင့်တဲ့ကွယ်”ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာတာပဲဖြစ်ပါတယ်။ စည်ဖြိုးကတော့ အသက် ၃၃ နှစ်အရွယ်မှာ အသည်းအဆီဖုံးနေပြီဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။ စည်ဖြိုးတစ်ယောက် ခံစားနေရတဲ့ ရောဂါဝေဒနာတွေ အမြန်ဆုံး … Read more

ပေါက်တောမြို့တွင် စစ်တပ်က လူသားဒိုင်းအဖြစ် ဓားစာခံ ဖမ်းဆီးထားသော သံဃာတော်များ အပါအဝင် ပြည်သူ ၁၀၀ နီးပါးကို AA က ကယ်ထုတ်

ပေါက်တောမြို့တွင် စစ်တပ်က လူသားဒိုင်းအဖြစ် ဓားစာခံ ဖမ်းဆီးထားသော သံဃာတော်များ အပါအဝင် ပြည်သူ ၁၀၀ နီးပါးကို AA က ကယ်ထုတ် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင် စစ်တပ်က လူသားဒိုင်းအဖြစ် ဓားစာခံ ဖမ်းဆီးထားသော သံဃာတော်များအပါအဝင် ရခိုင်ပြည်သူ ၁၀၀ နီးပါးကို AA က ကယ်ထုတ်ခဲ့ကြောင်း AA က တရားဝင် ထုတ်ပြန်ပြောဆိုသည်။ နိုဝင်ဘာလ ၂၁ ရက်နေ့၊ မွန်းတည့် ၁၂ နာရီ ၀၂ မိနစ်ခန့်အချိန် ရက္ခိုင်ပြည်နယ်၊ ပေါက်တောမြို အတွင်း နေရာအချိ့် နှင့် လောကထိပ်ပန်ဘုရားကုန်းတို့တွင် စစ်ကောင်စီတပ်နှင့်ရက္ခိုင့်တပ်တော် (AA) တို့ မြိုတွင်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီက ပေါက်တောမြိုမှ ရဟန်းသံဃာ အပါအဝင် ဒေသခံပြည်သူလူထု ၁၀၀ … Read more

လေကြောင်းပစ်မှတ်အမိန့် ဘယ်ကလာသလဲ

စစ်ကောင်စီလေတပ်အနေနဲ့ လေကြောင်းတိုက်ခိုက်မှုကို အခြေအနေ နှစ်မျိုးမှာသုံးပါတယ်။ ခြေလျင်တပ်က စစ်ကူတောင်းတဲ့အချိန်နဲ့ စခန်းသိမ်းတိုက်ပွဲတွေမှာ ဝေဟင်ကနေ ဗုံးကြဲတာမျိုးဖြစ်ပါတယ်။ တိုက်ပွဲပြင်းထန်တဲ့နေရာတွေမှာ အနီးကပ်လေကြောင်းပစ်ကူပေးတာနဲ့ တစ်ဖက်လက်နက်ကိုင်အဖွဲ့ရဲ့ အခြေစိုက်စခန်းတွေကို ဗုံးကြဲတာမျိုးလို့လည်း ပြောနိုင်ပါတယ်။ ဒီပုံစံနှစ်မျိုးအတွက် လေတပ်အကူအညီရယူတဲ့အခါမှာ အဆင့်ဆင့်သတင်းပေးပို့မှုတွေ လုပ်ပြီး ပစ်မှတ်အတွက် အတည်ပြုချက်ယူတယ်လို့ CDM လုပ်လာခဲ့တဲ့ လေတပ်အရာရှိတစ်ဦးကပြောပြပါတယ်။ ပစ်မှတ်ရှိတဲ့ ဒေသနဲ့ဧရိယာ၊ ပြုလုပ်ရမယ့် စစ်ဆင်ရေးအခြေအနေကိုအရင်ဆုံး စိစစ်ပြီး လေယာဥ် အလိုက် ပစ်ခတ်ရမယ့် ဗုံးအမျိုးအစားတွေကို တပ်ဆင်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ဂူးဂဲလ်မြေပုံကိုအသုံးပြုသလို Air Navigation Pro လို လေကြောင်းသုံးအက်ပလီ ကေးရှင်းတွေနဲ့ တည်နေရာလမ်းကြောင်းတွေကို လေယာဥ်မှူးက စစ်ဆေးတာကို အရင်ဆုံး စတင်လုပ်ဆောင်တာပါ။ စစ်ဆေးမှုတွေပြီးစီးရင် သွားမယ့်ဒေသနဲ့ ဧရိယာအတွင်းက ဗျူဟာမှူး၊ တိုင်းမှူ နဲ့ ကစထမှူး … Read more

စာကျက်သံတွေပျောက်သွားတဲ့ရွာ

လေကြောင်းပစ်ခတ်မှု တစ်ခုအတွက် စစ်တပ်ဘယ်လောက်သုံးလဲ ဝေလူးရွာရဲ့ ညစာသင်ဝိုင်းက စာကျက်သံတွေကို ‌ခပ်နိမ့်နိမ့်ပျံနေတဲ့ ‌စစ်လေယာဥ်သံက ဖုံးလွှမ်းသွားပါတယ်။ ‌‌ချင်းပြည်နယ်ရဲ့ တောင်ဘက်အကျဆုံး မတူပီမြို့နယ်နဲ့ မိုင် ၄၀ ဝေးတဲ့ ဝေလူးရွာမှာ ညတိုင်းနီးပါး စာကျက်သံတွေဖုံးလွှမ်းနေတာ လချီကြာခဲ့ပါပြီ။ ဒေသတွင်းက ပဋိပက္ခတွေကြားမှာ စာမသင်ရတဲ့ ဝေလူးရွာက ကလေးတွေကို CDM ကျောင်းဆရာတစ်ဦးဖြစ်တဲ့ ဦးဟာလောင်းက သူ့ အိမ်မှာနေ့တိုင်း စာသင်ပေးနေခဲ့တာပါ။ ဒါပေမဲ့ နိုဝင်ဘာ ၁၅ ရက် ည ၇ နာရီ‌လောက်မှာတော့ ဆရာဟာလောင်းနဲ့ ကလေးငယ်တွေဆီကို ကံကြမ္မာဆိုးက ရောက်လာခဲ့ပါတယ်။ ပလက်ဝနဲ့ မတူပီမြို့နယ်အစပ်တဝိုက်ကိုလာတဲ့ စစ်တပ်လေယာဥ်ရဲ့ ဗုံးဆံတွေက စာကျက်သံတွေညံနေတဲ့ ကျောင်းဆရာ ဦးဟာလောင်းရဲ့ အိမ်ပေါ်တည့်တည့် ကျရောက်ခဲ့ပါတယ်။ ” အဲဒီညက လေယာဥ်သံတွေကိုရွာကအကုန်ကြားကြတယ်။ပုံမှန်ပျံနေကြတာလို့ပဲထင်ကြတယ်။ ရွာကိုလာပစ်တယ်လို့မထင်ဘူး။ အဲဒီလိုကြားပြီးသိပ်မကြာဘူး။ … Read more

ရန်ကုန်လေဆိပ်တွင် အကြမ်းဖက် မင်းအောင်လှိုင်၏ ကျွန် အတိုအပြတ်အား ရောက်ရှိနေပြီး သက်ဆိုင်ရာ ဆေးရုံများသို့ ပိုဆောင်နေ

ရန်ကုန်လေဆိပ်တွင် အကြမ်းဖက် မင်းအောင်လှိုင်၏ ကျွန် အတိုအပြတ်အား ရောက်ရှိနေပြီး သက်ဆိုင်ရာ ဆေးရုံများသို့ ပိုဆောင်နေသောကြောင့် လူနာတင်ယာဉ်များ တန်းစီရောက်နေ နိုဝင်ဘာလ ၂၁ ရက် ရန်ကုန်လေဆိပ်တွင် အကြမ်းဖက် မင်းအောင်လှိုင်၏ ကျွန် စစ်ခွေး နှင့် ရဲခွေး / အတိုအပြတ်များ ရောက်ရှိနေပြီး သက်ဆိုင်ရာ ဆေးရုံများသို့ ပိုဆောင်နေသောကြောင့် လူနာတင်ယာဉ်များ တန်းစီရောက်နေကြောင်း ပြည်သူတစ်ဦးမှ Hlaing Info သတင်းပေးပို့လာပါသည်။ ကျွန် စစ်ခွေး နှင့် ရဲခွေး အတိုအပြတ်တွေ လေယာဉ်နဲ့ သယ်လာကြောင်း သိရပါသည်။ နောက်ဆက်တွဲသတင်းများကို ဆက်လက်စုံစမ်းနေပါသည်။ #HlaingInfo

ဒူဘိုင်းတွင် ရောင်းချခံရသည့် ရခိုင်အမျိုးသမီးတစ်ဦး ဒူဘိုင်းအထူးရဲများက လုံခြုံစိတ်ချနေရာတွင် ထိန်းသိမ်းထားရှိသော်လည်း ပြည်တော်ပြန် ရန် အခက်ကြုံနေ

ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့တွင် ရောင်းချခံရသောရခိုင်အမျိုးသမီးတစ်ဦးသည် ဒူဘိုင်း အထူးရဲတပ်ဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး လုံခြုံစိတ်ချရသည့်‌ နေရာတွင် ရှိကြောင်း ကာယကံရှင် အမျိုးသမီးငယ်ကပြောသည်။ အဆိုပါဒူဘိုင်းရဲတပ်ဖွဲ့ထံတွင် ထိန်းသိမ်းခံရသူမှာ အသက် (၂၂) နှစ်ရှိပြီး ပထမဦးစွာ ဆော်ဒီအာရေဗျနိုင်ငံမှာ ရောင်းစားခံရသည်။ ယင်းနောက်ပြီးခဲ့သည့် ဩဂုတ်လကုန်လောက်တွင် ဆော်ဒီအာရေဗျနိုင်ငံမှတဆင့် ဒူဘိုင်းနိုင်င်ငံသို့ ထပ်မံပို့ဆောင်ရောင်းစားခံခဲ့ရပြီးနောက် ၂ လကျော်အကြာတွင် ဒူဘိုင်းမြို့ မှ မြန်မာသံရုံးတာဝန်ခံများနှင့် ဒူဘိုင်းအထူးရဲတပ်ဖွဲ့တို့က နိုဝင်ဘာ ၁၅ ရက် နံနက် ၁၁ နာရီခွဲတွင် သူရှိသည့် နေအိမ်သို့ ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း မဝင်းဝင်းလှိုင်က ပြောသည်။ “ရဲက ဝင်ဖမ်းပြီး စခန်းကို ခေါ်လာတာပါ။ အခုသူတို့က လုံခြုံတဲ့ နေရာမှာ နေခိုင်းထားပါတယ်။ ရောင်းစားခံရ‌တယ်လို့ တိုင်ထားလို့ပါ။ နောက်တစ်ခု (အိုဗာစတေး) ဗီဇာသက်တမ်း ကျော်လွန်နေတာဖြစ်နေတာလည်းပါတယ်။ … Read more