အချိုမှုန့်သမိုင်း

၁၉၀၈-ခုနှစ်မှ စ၍ ဂျပန်ပါမောက္ခ ကီရာနအဲ အီကဲဒါဆိုသူက ဂျုံ၊ကြံ၊ ပီလောပီနံဥ၊ ရေညှိစသည့် သဘာဝပစ္စည်းများနှင့် ပေါင်းစပ်ကာ ဂလူတာမိတ်(GLUTAMAIE)ဓာတ်ကို ထုတ်လုပ်၍ ဆိုဒီယမ်ဆားတို့ ပေါင်းခံလိုက်သောအခါ ဟင်းခပ်လျှင် အရသာရှိသော (MONOSODIUMGLUTAMATE) MSGခေါ်အချိုမှုန့်ကို ရသည်။ အဆိုပါအချိုမှုန့်ကို အာဂျီနိုမိုတိုဟု အမည်ပေး၍(AJINOMOTO) ကမ္ဘာသို့ ဖြန့်ချီလိုက်ရာ လူသားတို့နှစ်သက်စွဲလန်းသွားကြသည်။ နောက်ပိုင်း၌ ပီလောပီနံဥစသော သဘာဝပစ္စည်းတို့ကို အသုံးမပြုတော့ဘဲ ဓာတုဗေဒနည်းဖြင့် အစားထိုးခဲ့သည်။ ဓာတုနည်းဖြင့်ထုတ်လုပ်ထားခြင်းကြောင့် ရောဂါအမျိုးမျိုးဖြစ်ခဲ့ကြရသည်။ အချိုမှုန့်အန္တရာယ်ကို ကမ္ဘာက သိလာကြသဖြင့် စီးပွားရေးသမားများက နောက်ပုံစံတစ်မျိုးနှင့် ဟင်းခပ်မှုန့်ပြောင်းလဲထုတ်လုပ်ခဲ့သည်။ တံဆိပ်အမျိုးမျိုးတပ်ထားကြသောကြက်သားမှုန့်တို့်မှာ မူလအချိုမှုန့်များပါဝင်နေသဖြင့် အချိုမှုန့် ကြက်သားမှုန့်ကို ဓာတ်ခွဲလျှင် မိုနိုဆိုဒီယမ်ဂလူတာမိတ်ကို တွေ့ရ၏။ (MONOSODIUM GLUTAMATE)ကြက်သားအနံ့ဓာတုအရောင်တင်ထားသဖြင့် ပိုမို အန္တရာယ်ဘေးဆိုးဖြစ်စေနိုင်သည်။ (ငါး၊ပုဇွန်၊ ပြည်ကြီးငါးတို့ဖြင့် ပြုလုပ်ထားသော ငံပြာရည်တို့၌လည်း အချိုမှုန့်ပါနေသည်။) … Read more

PDF တွေ မြို့​ကို ဝိုင်းထားတဲ့အခါ

ဒါကတော့ ချင်း-မကွေးတိုင်းနယ်စပ်မှာရှိတဲ့ ဆောမြို့လေးရဲ့ လက်ရှိအနေအထားဖြစ်ပါတယ်။စစ်အုပ်စုက နိုင်ငံတော်အာဏာကို လက်နက်အားကိုးနဲ့ အဓမ္မသိမ်းယူထားပြီး နှစ်နှစ်ခွဲကျော်လာတဲ့အခါ မ​ကွေးတိုင်းထဲက မြို့ တစ်မြို့အနေအထား ဖြစ်ပါတယ်။ လက်နက်​တွေကိုင်ထားတဲ့ လူငယ်​တွေ စစ်ဆေးနေတဲ့ PDF ဂိတ်တခုကို ကျော်လိုက်တဲ့အခါ မကွေးနဲ့ ချင်းနယ်စပ်မှာရှိတဲ့ မြို့လေးထဲကိုရောက်သွားပါတယ်။ မြို့ငယ်လေးထဲမှာတော့ ဈေးဆိုင်​တွေ၊ ဆိုင်ကယ်​တွေနဲ့ ပုံမှန်လည်ပတ်နေပါတယ်။ ဒါ​ပေမယ့် မြို့လယ်လမ်းမဘေးမှာ ခြုံနွှယ်တွေတက်နေတဲ့ အစိုးရဌာနဆိုင်ရာရုံးတွေကို တွေ့ရမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်ရုံး၊ အ​ထွေထွေအုပ်ချုပ်​ရေးဦးစီးဌာနရုံး၊ သမဝါယရုံး စတဲ့ မြို့နယ်အဆင့် အစိုးရရုံးတွေ ဖြစ်ပါပါတယ်။အဲဒီရုံး​တွေဟာ လ​ပေါင်းများစွာ လူသူကင်းမဲ့ စွန့်ပစ်ခံထားရတာ​ကြောင့် ခြုံနွယ်မြက်​တွေက မင်းမူ​နေပါတယ်။   ဒီမြို့အတွင်းမှာ စစ်​ကောင်စီအုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင် မှုမရှိ​တော့ပါဘူး ။ မြို့ထဲက​နေ ဆိုင်ကယ်နဲ့ ၃ မိနစ်​လောက်သွားမယ်ဆိုရင်​တော့ မြို့အစွန်တောင်ကုန်းပေါ်မှာ သဲအိတ်​တွေအထပ်ထပ်၊ ဘန်ကာ​တွေ၊ … Read more

The Power of Quantum Computing: Advantages and Opportunities

Quantum computing is a revolutionary field that harnesses the principles of amount mechanics to perform complex calculations. Unlike classical computing, which relies on bits to represent information as either 0 or 1, amount computing uses amount bits or qubits that can live in multiple countries contemporaneously, thanks to the miracle of superposition. This capability opens … Read more

အညာလမ်းမများပေါ် ဓားပြတွေ သောင်းကြမ်းနေသည်

ကလေးမြို့တွင် လုံခြုံရေးအကြောင်းပြကာ လမ်ပေါ်တွင်စစ်ဆေးရေးဂိတ်ဖွင့်ပြီး ခရီးသွားများထံ ငွေညှစ်နေသည့် စစ်ကောင်စီတပ်သားများ၏ ဝိုင်းဝန်းရိုက်နက်မှုကြောင့် ချင်းတိုင်းရင်းသူ အမျိုးသမီး တဦး ယခုလ ၅ ရက်နေ့က သေဆုံးသွားခဲ့သည်။ စစ်သားများက အမျိုးသမီး၏ ဆိုင်ကယ်၊ လက်ကိုင်ဖုန်း နှင့် ပိုက်ဆံအိတ်တို့ကို လုယူကာ လူကို ဖမ်းဆီး၊ ရိုက်နှက်စစ်ဆေးပြီး ပြန်လွှတ်ပေးလိုက်သော်လည်း အိမ်ရောက်ပြီးနောက် တပတ်အကြာတွင် သေဆုံးသွားခြင်း ဖြစ်သည်။ “သူ(သေဆုံးသူ)က သူငယ်ချင်းနဲ့ ရွာကနေကလေးမြို့ကို နှစ်ယောက်သွားကြတာ။ ဘာအကြောင်းမှ မယ်မယ်ရရမရှိဘဲ ပါးတွေနားတွေ အသားကုန်ရိုက်တယ်။ နားထဲက သွေးတွေထွက်တယ်။ အိမ်ရောက် ပြီးနောက်ရက် မနက်စာ စားနေရင်း သတိမေ့သွားတော့ ဆေးရုံတင်ဖို့လုပ်ပေမယ့် မရတော့ဘူး” ဟု ကလေးမြို့ သပိတ်ကော်မတီဝင်တဦးက ပြောသည်။ ခုခံတော်လှန်စစ်အားကောင်းသည့် အညာဒေသတွင် စစ်ကောင်စီသည် ၎င်းတို့ ထိန်းချုပ်နိုင်သည့် … Read more

မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း

မယ်စဲ့မြို့နယ် မယ်စဲ့မြို့နယ်သည် ကရင်နီ (ကယား) ပြည်နယ်၏ အရှေ့တောင်ဘက်၊ သံလွင်မြစ်၏ အရှေ့ဘက်ခြမ်း ထိုင်းနယ်စပ်တွင် တည်ရှိ၏။ မယ်စဲ့မြို့နယ်၏ အရှေ့ဘက်နှင့်‌တောင်ဘက်တွင် ထိုင်းနှင့်နယ်စပ်ထိတွေ့နေပြီး နယ်စပ်မှတ်တိုင် BP ၁၁ မှ BP ၁၆ အထိ တွေ့ရ၏။ မြောက်ဘက်တွင် ရှားတောမြို့နယ်၊ အနောက်ဘက်၊ သံလွင်မြစ်အနောက်ဘက်ခြမ်းတွင် ဖားဆောင်းမြို့နယ်၊ ဘောလခဲမြို့နယ်များရှိ၏။ ၁၉၆၂ ခုနှစ်၊ စစ်တပ်အာဏာသိမ်းပြီးနောက် မယ်ဆည်နမ်ကို မြို့အဖြစ် သတ်မှတ်ခဲ့ပြီး မယ်ဆည်နမ် ကျေးရွာအုပ်စု၊ မယ်စဲ့ကျေးရွာအုပ်စု၊ ဟိုဂျစ်ကျေးရွာအုပ်စု၊ နန်းမန်းကျေးရွာအုပ်စု၊ ဒေါကဒွီးကျေးရွာအုပ်စု၊ သာယာကျေးရွာအုပ်စုနှင့် ဝမ်လွဲ့ကျေးရွာအုပ်စုများ ပါဝင်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့တွင် မယ်စဲ့မြို့နယ်အဖြစ် ဖွဲ့စည်းခဲ့သည်။ ၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၇ ရက်နေ့တွင် မယ်စဲ့မြို့နယ်ကို … Read more

ရန်ကုန်မြို့ရဲ့ မြို့နယ်အမည်တွေ ဘယ်လိုဖြစ်လာသလဲ

ရန်ကုန်မြို့ရဲ့ မြို့နယ်အမည်တွေ ဘယ်လိုဖြစ်လာသလဲ ဟိုးတုန်းကတော့ ရန်ကုန်ဟာ ရွှေတိဂုံဘုရားကို ဗဟိုပြုထားတဲ့ ငါးဖမ်းရွာလေးတစ်ရွာသာ ဖြစ်ပါတယ်။ အေဒီ ၆ ရာစုက စလို့ မွန်လူမျိုးများက ဒဂုံ အဖြစ်ပြောင်းလဲ တည်ထောင်ခဲ့ကြပါတယ်။ ဒဂုံ ဆိုသည်မှာ ဒဂုင်လွုင် ဟူသော ရွှေတိဂုံစေတီတော်ကြီး၏ ဘွဲ့အမည်မှ ဆင်းသက်လာခဲ့ကြောင်း သိရပါတယ်။ မွန်ဝေါဟာရအရ ကုန်းမြင့်ပေါ်က စေတီ လို့ အဓိပ္ပါယ်ရပါတယ်။ ၁၇၅၅ ခုနှစ်မှာ အလောင်းဘုရားဟာ ဒဂုံကို အောင်နိုင်ပြီး ရန်ကုန် ဟူ၍ စတင်ပြောင်းလဲခဲ့ပါတယ်။ အဲဒီနောက် ကုန်းဘောင်ခေတ် ၊ ကိုလိုနီခေတ်များကို ကျော်ဖြတ်ခဲ့ပြီး ယနေ့အချိန်မှာတော့ ရန်ကုန်ဟာ မြန်မာနိုင်ငံရဲ့ အစည်ကားဆုံး နဲ့ အဓိကအကျဆုံး မြို့အဖြစ်ရပ်တည်နေပါတယ်။ ရန်ကုန်မြို့ဟာ ကမာရွတ်၊ တာမွေ ၊ စမ်းချောင်း … Read more

မင်းအောင်လှိုင်အတွင်းလူ ဝါဒဖြန့်အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကျော်ဇောရဲ

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဝါဒဖြန့်လုပ်ငန်းများ၊ နိုင်ငံရေးအကောင်အထည်ဖော်မှုနှင့် လုံခြုံရေးဆိုင်ရာများလုပ်ကိုင်ရာတွင် အနီးကပ်ဆုံးသော လူယုံဖြစ်ပြီး စစ်ဗိုလ်ချုပ်ကြီးများထက်ပင် တန်ခိုးထွားနေသူမှာ ဗိုလ်မှူးကျော်ဇောရဲဖြစ်သည်ကို စုံစမ်းဖော်ထုတ်နိုင်ခဲ့သည်။ ဗိုလ်မှူးကျော်ဇောရဲ သည် မင်းအောင်လှိုင်နှင့် ဒေါ်ကြူကြူလှတို့၏ အတွင်းလူယုံဖြစ်ကာ သူ့ဦးဆောင်သည့် ဝါဒဖြန့်အဖွဲ့မှာ အင်းတိုင်ရှိ တပ်မ (၁၁) မှာ အခြေစိုက်သည်။ ရိုဟင်ဂျာများအပေါ် အကြမ်းဖက်မှုဖြစ်စဉ်အပါအဝင် နိုင်ငံရေးဖြစ်စဉ်များအတွင်း သတင်းမှားထုတ်လွှင့်ခြင်း၊ သတင်းမီဒီယာတွေနဲ့ နိုင်ငံရေးနယ်ပယ်က လူပုဂ္ဂိုလ်တို့ရဲ့ လူမှုကွန်ရက်တွေမှာ အပျက်သဘောဆောင်သော၊ မှားယွင်းသော ကွန်မင့်ပေးခြင်းကအစ အဆိုပါအဖွဲ့က လုပ်ကိုင်နေခဲ့သည်။ ဗိုလ်မှူးကျော်ဇော်ရဲကို အငြိမ်းစား သစ်တောဦးစီးမှူး ဦးသိန်းဇော်နဲ့ ဒေါ်တိုးတိုးတို့က ဗန်းမော်မြို့မှာ မွေးဖွားပြီး စစ်တက္ကသိုလ် DSA အပတ်စဉ်-၄၇ ဖြင့် ၂၀၀၄ ခုနှစ်မှာ သင်တန်းဆင်းခဲ့သူတဦးဖြစ်သည်။ သူသည် Information Computer Science … Read more