PDF တွေ အစွမ်းပြခဲ့တဲ့ ဒီပဲယင်းနှင့် ဘုတလင်တိုက်ပွဲ
စစ်ကိုင်းတိုင်း အထက်ပိုင်းတွင် မော်လူးကို သိမ်းပိုက်ထားပြီး အင်းတော်၊ ပင်လည်ဘူး၊ ထီးချိုင့်တို့တွင် PDF အမှတ် ၁ စစ်ဒေသမှ အင်အားများ စုစည်းပြီး မြို့သိမ်းတိုက်ပွဲများ တိုက်ခိုက်နေသကဲ့သို့ စစ်ကိုင်းတိုင်း တောင်ပိုင်းတွင်လည်း ရှိသည့်အင်အားကို စုစည်း၍ တိုက်ပွဲငယ်များ တိုက်နေသည်ကိုတွေ့ရ၏။ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လနှင့် စက်တင်ဘာလတွင်း စစ်ကိုင်းတိုင်းတောင်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ဒီပဲယင်းတိုက်ပွဲနှင့် ဘုတလင်တိုက်ပွဲမှာ လူသိများသည့်၊ အောင်မြင်မှုရသည့် တိုက်ပွဲများဖြစ်ခဲ့သည်။ ၃၅ ကီလိုမီတာခန့်သာဝေးသည့် မြို့နှစ်မြို့၌ တလခွဲအတွင်း အောင်မြင်မှုရသည့် တိုက်ပွဲများဖြစ်ခဲ့၏။ စံနမူနာပြုရမည့် တိုက်ပွဲများဖြစ်၏။ ဒီပဲယင်းတိုက်ပွဲ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်တွင် ဒီပဲယင်း မြို့သိမ်းတိုက်ပွဲ စတင်ခဲ့ပြီး ဒီပဲယင်းမြို့ထဲရှိ မြို့နယ်အုပ်ချုပ်ရေးရုံး၊ ရဲစခန်း၊ ဝန်ထမ်းအိမ်ရာ၊ ရွှေဇာလီဘုရား၊ စာရင်းစစ်ရုံး၊ … Read more