ရမခ ကျရှုံးချိန်မှာ အာဏာသိမ်းခေါင်းဆောင် ဘာလုပ်ခဲ့လဲ
စစ်တပ်သမိုင်းတလျှောက်တွင် အဆိုးရွားဆုံးနေ့ရက်များကို ကြုံတွေ့နေရချိန်တွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က လုံခြုံရေးအထပ်ထပ်ချထားသည့် နေပြည်တော်၌ ၎င်း၏ အာဏာဆွဲဆန့်နိုင်ရေးကိုသာ ကြိုးပမ်းနေခဲ့သည်ကို တွေ့ရသည်။ စစ်တပ်အတွက် အစဥ်အလာကြီးမားသည်ဆိုသော အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်(ရမခ)ကို MNDAA ဦးဆောင်သော တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များက အပြီးသတ်စီးနင်းသိမ်းပိုက်ချိန်(သြဂုတ် ၃ ရက်)တွင် အာဏာသိမ်းစစ်ခေါင်းဆောင်က မြန်မာ့မီးရထားစက်ခေါင်းသစ်တပ်စက်ရုံနှင့် အမျိုးသားပြတိုက်တို့ကို သွားရောက်ကြည့်ရှုနေခဲ့သည်။ ယင်းမတိုင်မီ ရမခရှိ ရာနှင့်ချီသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ ထိခိုက်ဒဏ်ရာများဖြင့် အသက်လုနေရချိန်၌လည်း မင်းအောင်လှိုင်က ယာယီသမ္မတတာဝန်ကို ၎င်းကိုယ်၎င်း ခန့်အပ်ကာ ၎င်း၏စစ်ကောင်စီသက်တမ်း ၆ လတိုးခဲ့သည်။ “တစ်ခါမှမကြုံဖူးတဲ့ အဖြစ်ဆိုးတွေ ကြုံနေရတာတောင် မင်းအောင်လှိုင်က ဆင်ဖြူတော်ရှာခိုင်းတာတို့၊ ဆိုကရေးတီးပြိုင်ပွဲ ကျင်းပခိုင်းတာမျိုးတို့၊ ဒါမျိုးပုံစံမျိုးကို ဟန်မပျက်လုပ်ပြနေတဲ့ အနေအထားအထိ ရောက်နေတယ်။ ဆိုလိုတာက သူတို့ အပြုံးမပျက်ပါဘူး။ သူတို့ ဘာမှ မဖြစ်ပါဘူးဆိုတဲ့ ပုံစံမျိုးနဲ့ … Read more