အယောင်ဆောင်သာသနာပြုသူရဲ့ မျက်နှာဖုံးကွာကျခြင်း
“လိမ်စရာရှိရင် ကြီးကြီးကျယ်ကျယ်လိမ်ပါ”လို့ ကမ္ဘာကျော် အာဏာရှင် ဟစ်တလာက ပြောခဲ့ဖူးပြီး အဲဒီနည်းနဲ့ပဲ ကမ္ဘာကိုလူလည်ကျခဲ့ပါတယ်။ ဂျူးလူမျိုးသန်းချီပြီး သတ်ပစ်ခဲ့ပါတယ်။ ဟစ်တလာလိုကမ္ဘာမကျော်ပေမယ့် သူယုတ်မာအဖြစ်အပုပ်နံ့တထောင်းထောင်းနဲ့ မကောင်းသတင်းနဲ့ဒေသတွင်းအောကြောလန်တဲ့ အာဏာသိမ်းခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်ကောင်စီကလည်း တိုင်းသိပြည်သိအမှန်တရားကို လိမ်ဖို့ ကြိုးစားနေကြပါတယ်။ ကြိုတင်ပြင်ဆင်ပြီးထားခြင်းမရှိခဲ့ဘဲ ရုတ်တရက် မျက်နှာပြောင်တိုက်မှဖြစ်တော့မယ့် ပြဿနာတစ်ခုက နေပြည်တော်က အာဏာလုထားတဲ့ စစ်ဗိုလ်ချုပ်တွေကြား ဇွန် ၂၀ ရက်ကစရောက်လာတာပါ။ ပြဿနာရဲ့အစက ဒီလိုပါ။ နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့ဝင် ငြိမ်း၊ ပဲခူးမြို့၊ ဝင်းနိမ္မတာရုံကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တမုနိန္ဒာဘိဝံသဟာ (ဇွန်လ ၁၉ ရက်)မနက်က မန္တလေးမြို့ ၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်(ရွှေကျင်နိကာယဗဟိုဌာန)မှာ ဇွန် ၂၀ မှာပြုလုပ်မယ့် ရွှေကျင်နိကာယဗဟိုဌာန အစည်းအဝေးအတွက် အကြိုညှိနှိုင်းဖို့ ရန်ကုန်မြို့ကနေ လေယာဉ်နဲ့ တံတားဦးလေဆိပ်ကို ကြွရောက်လာခဲ့ပါတယ်။ဆရာတော်နဲ့အတူ ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ပရိယတ္တိစာသင်တိုင် ဆရာတော် … Read more