“အညာ PDF ရဲဘော်နှစ်ဦးရဲ့ ခြောက်လကြာ Spy (သူလျှို) စွန့်စားခန်း”
နာမည်က ရဲဘော် ကျောင်းသား။ တက္ကသိုလ် ပထမနှစ် တက်နေရင်း စစ်အာဏာသိမ်းလိုက်ချိန် ကျောင်း ဆက်မတက်တော့ဘဲ လက်နက်ကိုင် တော်လှန်ခဲ့သူ။ အသက်က(၂၁)နှစ်။ အညာသား ဆိုပေမယ့် အသားအရည်က ညိုညိုစိုစို၊ ကိုယ်နေဟန်ထား ခပ်တောင့်တောင့်နဲ့ မြန်မာ အက်ရှင်ကားတွေမှာ မင်းသား ဖြစ်နိုင်တဲ့ ရုပ်ရည်မျိုး။ CDM တက္ကသိုလ်ကျောင်းသား မောင်ကျောင်းသားကို ရဲဘော်ရဲဘက်တွေက ရဲဘော်ကျောင်းသားလို့ ချစ်စနိုး ခေါ်ကြတယ်။ စုံထောက်၊ သူလျှိုနဲ့ စွန့်စားခန်း ရုပ်ရှင်တွေ ကြည့်ပြီး အဲဒီ ဇာတ်ကောင်တွေကို အားကျခဲ့တယ်ဆိုတဲ့ ရဲဘော် ကျောင်းသား က တကယ့်လက်တွေ့ ဘဝမှာလည်း ရန်သူ စစ်အုပ်စုရဲ့ အခြေစိုက် စခန်းမှာ ခြောက်လကြာ Spy (သူလျှို) အဖြစ် စွန့်စားခန်း ဝင်ခဲ့သူ။ “အဲဒီ ဇာတ်ကောင်တွေလိုပဲ … Read more