မြို့ကြီးပြကြီးများဆီသို့ တဖြည်းဖြည်း ရောက်ရှိဦးတည်လာနေသည့် စစ်ပွဲများ
၂၀၂၁ ဖေဖော်ဝါရီလမှာ စတင်ခဲ့တဲ့ မြန်မာ့နွေဦးတော်လှန်ရေးဟာ တိုင်းပြည်ထဲက မျိုးဆက်သစ် GenZ များရဲ့ အကြမ်းမဖက် လှုပ်ရှားမှုများ၊ မြို့ပြမှာ အများစုနေထိုင်တဲ့ လူလတ်တန်းစား ပညာတတ်အလွှာနဲ့ (အထည်ချုပ်စက်ရုံအလုပ်သမား၊ မီးရထားဝန်ထမ်းစသည်) အလုပ်သမားလူတန်းစားတွေအတူ ပူးပေါင်းပါဝင်ခဲ့ကြတဲ့ Civil Disobedience Movement အဖြစ် စတင်ခဲ့ပါတယ်။ စစ်အုပ်စုက သွေးထွက်သံယို ရက်စက်စွာနှိမ်နင်းမှုတွေစတင်လာပြီး တရားလက်လွတ် သတ်ဖြတ် ပစ်မှုတွေ၊ လက်နက်မပါဘဲ ဆန္ဒပြနေတဲ့ လူထုထဲကို လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်မှုတွေ၊ အစုလိုက် အပြုံလိုက် ဖမ်းဆီးမှုတွေ၊ နှိပ်စက်မှုတွေ စတင်လာချိန်မှာတော့ လူထုရဲ့ ဆန့်ကျင် လှုပ်ရှားမှုတွေဟာ မြို့ပြကနေ ဗမာကျေးလက်တွေ၊ တောင်တန်းနယ်စပ်ဒေသလူမျိုးစုတွေရှိတဲ့ ဒေသတွေဆီကို ရွေ့လျားလာခဲ့ပါတယ်။ စတင်ခဲ့တုန်းက အကြမ်းမဖက် မြို့ပြ လူထုလှုပ်ရှားမှုအနေနဲ့ ရှိခဲ့ပေမယ့် အဲဒီအချိန်က အာဆီယံနဲ့တကွ နိုင်ငံတကာ … Read more