ဗိုလ်မြောက်ရှုံးမှ တပ်ပြုန်းညီနောင်ဆီ
နွေဦးတော်လှန်ရေး စတင်ပြီးနောက် မြန်မာပြည်အနှံ့ရှိ စစ်ကောင်စီ၏ စစ်အင်အားများ တစတစ ပြုန်းတီး ပျက်စီးလာရာမှ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် စစ်တပ်အင်အား ဆုံးရှုံးမှုကို သိသိသာသာ တွေ့ရ၏။ စစ်အင်အား အဆုံးရှုံးဆုံးမှာ အရှေ့မြောက်တိုင်းစစ်ဌာန ချုပ်နယ်မြေ (ရမခ) နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) နယ်မြေတို့တွင် ဖြစ်သည်။ ရမခ နယ်မြေမှ တပ်ပြုန်းတီးမှုများ ရမခ နယ်မြေတွင် အခြေခံအားဖြင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)၊ စစ်ဆင်ရေးနှင့် ကွပ်ကဲမှုဌာနချုပ် (စကခ) များ၊ အခြေချစစ်ဗျူဟာ (စဗခ)၊ စစ်ဗျူဟာ (စဗဟ) လက်အောက်ခံ တိုင်းတပ်များ၊ အမြောက်တပ်၊ သံချပ်ကာတပ်နှင့် စစ်လက်ရုံးတပ်၊ စစ်ဝန်ထမ်းတပ်များ ဖြန့်ခွဲထား၏။ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး သုံးလကျော်အကြာ၊ စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်ပြည့်ကာလတွင် ရမခ … Read more