နေပူတော် စ၊စ်ဗို၊လ်ချု၊ပ်တွေ အထုပ်ပြင်ကုန်ကြပြီ

ကချင်ပြည်နယ်အတွင်း အရှိန်အဟုန်ဖြင့် ပြေးဝင်လာသော မြားတစ်စင်းကို ဂီလာန စစ်ကောင် စီတပ်က မည်သို့မျှ တားဆီး နိုင်စွမ်းမရှိခြင်းမှာ အစဉ်အလာတစ်ရပ်သဖွယ် ဖြစ်နေပြီမို့ ရှက်စရာ၊ သိက္ခာ ကျစရာ၊ ဂုဏ်ငယ်စရာ တော့ မဟုတ်ပေ။ မတ်လ ၇ရက် နံနက်၅နာရီတွင် ထောင်နှင့်ချီသော ကေအိုင်အေနှင့်မဟာမိတ်တို့က ကချင်ပြည်နယ် ၌ ထိုးစစ်စတင်ကာ စစ်မျက်နှာသစ်ကို အရှိန်ပြင်းစွာဖြင့် ဖွင့်လှစ်လိုက်သည်။ကေအိုင်အေနှင့်အတူ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး (PDF) တပ်ဖွဲ့များနှင့် ရက္ခိုင့်တပ်တော် (AA) တို့က ပါဝင်တိုက်ခိုက်နေပြီး လိုင်ဇာမြို့အနီးရှိ စစ်တပ်စခန်း များ၊ ဝိုင်းမော်၊ ဒေါ့ဖုန်းယန်နှင့် ဗန်းမော်မြို့နယ် အ တွင်းရှိ တပ်စခန်းများနှင့် ကချင်ပြည်နယ်၏မြို့တော်၊ မြစ် ကြီးနားမြို့ရှိ လေတပ်စခန်းတို့ကို တစ်ပြိုင်နက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ … Read more

ရခိုင်နဲ့ ဗမာကို ရန်တိုက်ပေးနေတဲ့ စစ်လော်ဘီတွေကို ပြောသွားတာ အားရတယ်

ရခိုင်နဲ့ ဗမာကို ရန်တိုက်ပေးနေတဲ့ စစ်လော်ဘီတွေကို ပြောသွားတာ အားရတယ်။ တကယ်လည်း ပြည်သူတွေတော်တော်များများက အသိဥာဏ်တွေပွင့်လာကြပြီ။ ခုဆို ရခိုင်ကတိုက်ပွဲတွေမှာ ဗမာလူငယ် GZ တွေကိုယ်တိုင် ပါ၀င်နေကြပြီ။ ရှေ့လျောက်တိုက်ပွဲသတင်းတွေကတော့ အားရစရာတွေကြီးကြားရဦးမှာပဲ။

သဇင်ဦး ဆို့ နင့် ကြေ ကွဲ

ကနီကိုတိုက်တဲ့ အင်အားက ထင်တာထက်များတယ် ၃၀၀၀လောက်နဲ့တိုက်နေတာ…။ တပ်ကအထိုင်ချထားတဲ့ဗျူစခန်းကုန်းက နေရာကောင်းလို့သာမပါသေးတာ…။ အခု ၉:၁၂ အချိန်ကစပြီး လက်နက်ကြီး/ငယ်များနဲ ဒလစပ်ဝင်တိုက်ခံနေရပါတယ်။ လေယာဥ်ပစ်ကူတွေ လာရင်လည်း ဘုရားလှိုဏ်တွေထဲ၊ လူနေအိမ်တွေထဲ ဝင်ခိုအောင်းကြတာရယ်၊ အကြမ်းဖက်တွေဆီမှာ လေယာဥ်ပစ်တွေပါ ရောက်ရှိလာတဲ့အတွက် ပစ်ကူထက် စစ်ကူကို မြေပြင်မှာ ပိုလိုအပ်နေကြောင်း…….  အထူးအလေးထားတင်ပြအပ်ပါတယ်။ သတင်းသမားတစ်ယောက်အနေနဲ့ ကနီနဲ့ ပတ်သက်ရင် လုပ်နိုင်သမျှ အကုန်လုပ်နေတာ ဖြစ်တဲ့အတွက် ကျုပ်တာဝန်ကျေသလို လိပ်ပြာလည်း လုံတယ်…။ တာဝန်ရှိသူတွေရော……? ကနီမှာ ရန်သူက အလံဖြူထောင်ဖို့နဲ့ လက်နက်ချဖို့ထိ ဖိအားပေးလာနေပြီ ။ ကနီ တိုက်ပွဲ အစကနေ အလယ်၊ အဆုံးထိ တောက်လျှောက် တင်ပြပေးခဲ့ပေမယ့် ဘာမှ စွမ်းဆောင်ခြင်းမရှိရင်တော့ ကနီကျတဲ့နေ့က စလို့ သတင်းတင်ခြင်းအား ရက်အနည်းငယ် ရပ်နားပြီး ဆန္ဒထုတ်ဖော်ပါမယ်။ … Read more

ဟေ့ရောင်တွေ မင့်တို့အစား ငါ ရှက်လိုက်တာကွာ

ဟျောင့် ဖားပြုတ်.. မင်းတို့ စစ်ရှုံးတပ်က အရာရှိဆိုတဲ့ ကောင်တွေက သတ္တိကြောင်တဲ့ စောက်ကြောက်တွေတဲ့.. Drop ဗုံးလေး ၅ လုံးလောက် ချတာကို သေးထွက်ကျနေတာတဲ့.. ငါ ပြောတာ မဟုတ်ဘူးနော်.. မင်းတို့ ခွေးတပ်ထဲက အခြားအဆင့် အောက်ခြေကကောင် ပြောတာ.. စစ်ရှုံးတပ်ရဲ့ အောက်ခြေအဆင့်က အရာရှိဆိုတဲ့ ငစနူကောင်တွေကို အဲ့ဂလို အထင်ကြီးကြရှာတာ.. အ..ဟစ်..ဟစ်..🤣

“စစ်တွေ ဘယ်တော့လဲ”

ပုဏ္ဏားကျွန်းမြို့ရှိ တစ်ခုတည်းသော လက်ကျန်တပ်ရင်းဖြစ်တဲ့ ခမရ (၅၅၀) ကို ရက္ခိုင့်တပ်တော် AA က မတ်လ (၄) ရက်နေ့မှာ အပြီးပိုင် သိမ်းပိုက်လိုက်လို့ ပုဏ္ဏားကျွန်းမြို့လဲ Sold Out ဖြစ်သွားပြီ။ ရက္ခိုင့်တပ်တော် AA က ရခိုင်ပြည်နယ် အတွင်းမှာ အကြမ်းဖက် စစ်သားတွေကို တစ်ယောက်မှ ချန်မထားပဲ အပြီးတိုင် ချေမှုန်းသုတ်သင်သွားမယ်လို့ တရားဝင် ကြေညာထားခဲ့ပြီးသား။ အခုနောက်ပိုင်း ရက္ခိုင့်တပ်တော် AA က စစ်ရှုံးကောင်စီရဲ့ တပ်ရင်းတစ်ခုကို တိုက်ခိုက်ရင် (၅) ရက်ထက် ပိုမကြာတော့ဘူး။ စစ်တွေရဲ့ ပတ်ပတ်လည်မှာ ရှိနေတဲ့ မြို့တွေအားလုံးကိုလဲ ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ခဲ့ပြီးသွားပြီ။ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာဆိုရင် ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တော (၃) … Read more

ရှမ်းမြောက်မှာ တစ်ကျော့ပြန်တိုက်ပွဲ ဖြစ်တော့မည်လော …

ကူမင်း ဆွေးနွေးပွဲရလဒ်ကို ဘယ်ဘက်ကမှ ထုတ်ပြန်ခွင့်မရှိဘူးဆိုတာ မှန်ပါတယ်။သတင်းပေါက်ကြားမှုဟာလည်း စကစဘက် ကသာဖြစ်ပါတယ်။သဘောတူညီမှု (၆)ချက်အရ MNDAA ဟာ ခွဲထွက်ခြင်း မဟုတ်ပါ။ UWSA ပုံစံမျိုးပါဘဲ။စစ်အုပ်ချုပ်ရေး ကြေငြာတာ ဒီလထဲမှာ (၅) မြို့ဖြစ်နေပါပြီ။မပခ တိုင်းမှူးကို မြို့ နှစ်မြို့အတွက် တာ၀န်ပေးထားပြီး ရမခ တိုင်းမှူးကိုလည်း မန်တုံ ၊နမ့်ဆန်နဲ့ နမ္မတူ မြို့တွေကို တာ၀န်ပေးအပ် လိုက်ပါတယ်။ရမခ တိုင်းမှူးတော့ မျက်ရည်ဝိုင်းပြီပေါ့ဗျာ။ TNLA အိတ်ကပ်ထဲ ရောက်နေတာကို စစ်အုပ်ချုပ်ရေးဆိုတော့ ဘာလုပ်ရမလဲနော်။ယာယီအပစ်အခတ် ရပ်စဲထားပြီး နောက်ပိုင်းမှာ စကစဟာ လားရှိုး အလွယ်ယ်တကူမကျစေဖို့ အင်အားဖြည့်တင်းထားသလို မိုင်းလုံ၊ မိုင်းငေါ့ဘက်မှာပါအင်အားထပ်ဖြန့်ထားကြောင်း ကျနော်ပြောပြခဲ့ပြီးဖြစ်ပါတယ်။ကျောက်မဲ၊ နောင်ချိုဘက်မှာတော့ TNLA တို့ လှုပ် ရှားပြီး လက်ဦးမှု ရယူထားတယ်လို့ ဆိုရပါ့မယ်။ပြောရမှာ နည်းနည်းတော့ … Read more

လွတ်မြောက်နယ်မြေ များ ရှိ အုပ်ချုပ်ရေး ပိုင်းဆိုင်ရာ စိန်ခေါ်မှုများ

အဆိုပါ ခေါင်းစဉ် ဖြင့် ဝါရှင်တန်ရှိ မဟာဗျူဟာ နှင့် နိုင်ငံတကာ လေ့လာရေး စင်တာ (CSIS) မှ မိုက်ကယ် မာတင်မှ သူ၏ အမြင်ကို ယခုလို ရေးသားလာခဲ့သည်။ မြန်မာ နိုင်ငံတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှ ရွာတရွာ၊ မြို့တမြို့ အား “လွတ်မြောက်” စေခဲ့သည် ဟူသော သတင်းများ ထွက်ပေါ်မလာသည့် နေ့ဟူ၍ ရှိခဲလှသည်။ ထိုသတင်းများသည် အားတက်ရွှင်လန်းစရာ သတင်းများ ဖြစ်လာသော်လည်း ယင်းနှင့် အလားတူ လွန်စွာ စိုးရိမ်ဖွယ် ကောင်းလှသည့် စိန်ခေါ်မှု များ လည်း ထွက်ပေါ်လာခဲ့သည်။ ဤနေရာတွင် မိမိ ဝင်ပြောလိုသည်မှာ ကောလင်းအား အမျိုးသား ညီညွတ်ရေး အစိုးရမှ … Read more

ရှမ်းမြောက်ကပြောသော အမှန်တရားများ

ရှမ်းမြောက်မှာ စကစတပ်တွေ ဖျက်သိမ်းလိုက်တဲ့ကိစ္စ လွန်ခဲ့တဲ့ရက်က ကျနော်သတင်းပါးခဲ့ပါသေးတယ်။ယမန်နေ့က သဘောတူညီချက်အရ စကစဟာ စစ်ရှုံးသူပီပီ စစ်နိုင်သူတွေရဲ့ အလိုကျ သဘောတူပေးလိုက်ရတာကို တွေ့ရတယ်။နောက်ဆက်တွဲအဖြစ် ပျောက်ဆုံးစာရင်းသွားထားတဲ့ စစ်သုံ့ ပန်းတွေကို ပြန်တောင်းပါလိမ့်မယ်။စကစဟာ ဒီအရှုံးကို လိုချင်ပြီး လက်ခံတာမဟုတ်ကြောင်း သေဒဏ်ကျ စစ်ဗိုလ်ချုပ်များကို ကြည့်ရင်သိသာပါတယ်။”တကယ်တိုက်နိုင်ရင် တကယ်ရတယ်”ဆိုတာကို သက်သေပြလိုက်တာပါ ။ စစ်လော်ဘီတွေ တစ်ချိန်လုံး တောက်လျောက်ပြောနေသလို “မြန်မာနိုင်ငံ မြေပုံပျက်အောင် တိုက်နေခြင်း” မဟုတ်ဘဲ “အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းတွေကို နိုင်ငံ့မြေပုံပေါ်ကနေ ဖယ်ထုတ်ပစ်နေခြင်း” ဖြစ်ပါတယ်။ပြည်သူတွေ စိတ် ဓာတ်ကျနေစရာ အကြောင်းလုံးဝ မရှိပါဘူး။မျှော်လင့်ချက်တွေ အများကြီး ထားခဲ့မိရင်တော့ နည်းနည်းစိတ်ပျက်ရမှာပေါ့။”မန်းလေးကို သိမ်းမယ် ပြင်ဦးလွင်ကို ရောက်တော့မယ် “ဆိုတဲ့ အသံတွေကြောင့်ပါ။ “ကျနော့တောင် သံဘိုကိစ္စနဲ့ရန်လို ခံလိုက်ရပါသေးတယ်။ရှမ်းမြောက်တစ်ခုတည်း အပစ်လုံး၀ရပ်သွားတာပါ။ပထမက ယာယီ။အခုကတော့ အကြာကြီးဘဲ။တစ်ချိန်ချိန် … Read more

ယိုးဒယားမှာ တစ်ကွက်ပြလိုက်တဲ့ အောင်ဖုန်းမော်..

ထိုင်းလွှတ်တော်က အာဏာသိမ်းပြီး ၃ နှစ်အကြာ မြန်မာ့အရေး ဆွေးနွေးပွဲကို ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ပါဝင်ဟောပြောခဲ့… ထိုင်းနိုင်ငံ၊ လွှတ်တော်မှာ ထိုင်းအတိုက်ခံပါတီဖြစ်တဲ့ Move Forward ပါတီက ဦးဆောင်ကျင်းပခဲ့ “အာဏာသိမ်းပြီး သုံးနှစ်အကြာ”ခေါင်းစဥ်နဲ့ မတ်လ ၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) အလုပ်အမှုဆောင် အဖွဲ့ဝင် ကိုအောင်ဖုန်းမော် တက်ရောက် ဟောပြောခဲ့တယ်လို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ထုတ်ပြန်ပါတယ်။ “တခြားကမ္ဘာ့နေရာ တော်တော်များများက လူငယ်တွေ လွယ်လွယ်ကူကူ ရနေကြတဲ့အခွင့်အရေးတွေကို မြန်မာပြည်က လူငယ်‌တွေက ခက်ခက်ခဲခဲကြီး တိုက်ယူနေကြရတယ်။ ဒီအကြောင်းတွေကို ဆွေးနွေးပွဲတက်ရောက်သူတွေ သိအောင် အဓိကထား ပြောခဲ့ပါတယ်။ ဂုဏ်သိက္ခာမရှိ အနာဂါတ်မရှိတဲ့ ဘဝနဲ့ နေမယ့်အစား လူငယ်‌တွေဟာ အမှန်တရားအတွက် ဂုဏ်သိက္ခာအတွက် … Read more

ထူးအိမ်သင်၊ ဝေးသွားတဲ့အခါနဲ့ မြင့်မိုးအောင် သိဖို့

မြင့်မိုးအောင် မြင့်မိုးအောင် ခင်ဗျားလည်း ငမိုက်သားထဲမှာပါတာပဲ။ ခင်ဗျားနှိပ်ချပြောဆိုလိုက်တဲ့သူက ၁၉၈၀ နောက်ပိုင်းကစပြီး ဒီနေ့အချိန်ထိ သူ့ကို ဘယ်သူမှမမှီသေးဘူးနော် အရေး အဆို ပိုင်းရော Music Theory ပိုင်း မြန်မာနိုင်ငံကအဆိုတော်တွေထဲမှာ တူရိယာမျိုးစုံ တီးတတ်တဲ့အထဲမှာ No.1 ကထူးအိမ်သင် အကုန်တီးတတ်တယ် No.2 ကဦးညီထွဋ် ခင်ဗျားက ပိုနားလည်ပါတယ် ဆေးမချတဲ့ အဆိုတော်ရှိရင်ပြပါအုံး မြင်ဖူးချင်လို့ပါ။ လူပဲဗျာ အိမ်နဲ့အဆင်ပြေတာရှိတယ် မပြေတာလည်းရှိမှာပဲလေ။ လေလွင့်ခြင်းလမ်းမများက ခင်ဗျားရေးတာမှန်တယ် ဆရာငှက်ဆိုလို့ အဲ့သီချင်းက နာမည်ကြီးတာ မယုံရင် အဲ့သီချင်းကို ဂျီဖက်တို့ ဘစိုင်းတို့ ထက်ယံ တို့ i Cool တို့ကို ဆိုခိုင်းကြည့်လေ ခင်ဗျားသိထားဖို့က တေးရေးဆရာက အရေးကြီးတယ်ဆိုတာကိုလက်ခံတယ် ခင်ဗျားက မတောက်တခေါက်ပညာနဲ့ အဲ့သီချင်းကိုရေးခဲ့တာ ခင်ဗျားအဲ့အချိန်က ပချီပါချပ်ပဲရှိသေးတာ။ … Read more