တော်လှန်ရေး လက်သီးဆုပ်တွေ ပိုမိုတင်းကြပ်လာချိန် (သို့မဟုတ်) စစ်ကောင်စီ ခြေကုန်လက်ပမ်းကျလာချိန်
တရုတ်ရဲ့ ကြားဝင်မှုကြောင့် စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာတ်မိတ် ညီနောင် ၃ဖွဲ့ဟာ ဒုတိယအကြိမ် တွေ့ဆုံမှုလုပ်ခဲ့ပေမယ့် ဘယ်လိုသဘောတူညီမှုမှ မရခဲ့ပါဘူး။ သူတို့ကိုယ်သူတို့ အင်အားကြီးအဖွဲ့တစ်ခုအဖြစ် အထက်စီးက နေချင်တဲ့ အကြမ်းဖက်စစ်ကောင်စီဟာ ရှမ်းမြောက်စစ်ပွဲတွေ ယာယီရပ်ဆိုင်းပေးဖို့ လိုလားနေသည့်တိုင် တောင်းဆိုချက်တွေက မြင့်မားနေဆဲပါ။ စစ်ကောင်စီက သူတို့တပ်ရင်းတွေကို နေရာပြန်ချပေးရေးနဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်ပေးဖို့ ဆွေးနွေးခဲ့သလို ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့ကို စစ်ရေး မစတင်ခင်က နေရာတွေအထိ ပြန်ဆုတ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။ စစ်ရေးအသာရနေတဲ့ မြောက်ပိုင်းညီနောင်အဖွဲ့တွေကတော့ တိုက်ပွဲဆက်လက်ဆင်နွှဲလိုတဲ့ ဆန္ဒရှိနေတာကြောင့် ဆွေးနွေးပွဲအခြေအနေ တင်းမာခဲ့ပါတယ်။ ဒါကြောင့် စစ်ရေးတင်းမာမှုက ပိုဆိုးလာနိုင်သလို ရှမ်းမြောက်ဒေသ တိုက်ပွဲတွေကလည်း ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပါတယ်။ ဒီလိုတွေ့ဆုံမှုကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာ … Read more