Tag: Feature

  • စစ်အင်အားပြုန်းတီးမှုကို နည်းမျိုးစုံနဲ့ ထိန်းဖို့ကြိုးစားနေတဲ့ စစ်ကောင်စီ

    စစ်အင်အားပြုန်းတီးမှုကို နည်းမျိုးစုံနဲ့ ထိန်းဖို့ကြိုးစားနေတဲ့ စစ်ကောင်စီ

    စစ်အင်အားပြုန်းတီးလာတာကိုကာမိဖို့အတွက် စစ်မှုထမ်းဥပဒေ၊ အရန်တပ်ဖွဲ့ဥပဒေတွေကိုထုတ်ပြန်ထားခဲ့တဲ့ စစ်ကောင်စီဟာ အခုနောက်ဆုံး တန်းပြည့်စစ်မှုထမ်းချိန်ဆိုပြီး ကြေညာခဲ့ပါတယ်။ တန်းပြည့်စစ်မှုထမ်းချိန်ဆိုတာ ရန်သူနဲ့ တိုက်ပွဲဆင်နွဲနေတဲ့ တပ်ဖွဲ့တဖွဲ့မှာ တွဲဖက်ထားတဲ့အချိန် ဒါမှမဟုတ် ပါဝင်တဲ့အချိန်၊ ရန်သူက လုံးဝသော် လည်းကောင်း၊ တစိတ်တဒေသသော်လည်းကောင်း သိမ်းပိုက်ထားတဲ့ တိုင်းပြည် တပြည်မှာဖြစ်စေ၊ နေရာတခုမှာ ဖြစ်စေ စစ်ချီတက်ရာမှာပါဝင်တဲ့အချိန်ဆိုပြီး သတ်မှတ်ထားတာဖြစ်ပါတယ်။ အဓိကတော့ မတည်မငြိမ်ဖြစ်နေတဲ့ တပ်တွင်းအခြေအနေတွေကိုထိန်းသိမ်းနိုင်ဖို့အတွက် တန်းပြည့် စစ်မှု ထမ်းချိန်ကို သတ်မှတ်လိုက်တာဖြစ်ပါတယ်။ စစ်ဆင်ရေး ၁၀၂၇ ကာလအတွင်းနဲ့ နောက်ပိုင်းတိုက်ပွဲတွေမှာ သေဆုံး၊ ဒဏ်ရာရ တပ်သားတွေ တောင်လို ပုံလာ သလို တပ်ပြေး၊ တပ်ထွက်တွေလည်း စစ်ကောင်စီတပ်တွင်းမှာ ထောင်နဲ့ချီပြီး များပြားလာခဲ့တာဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တွေနဲ့ တော်လှန်ရေးအင်အားစုတွေဟာ စခန်းသိမ်း တိုက်ပွဲတွေအဆင့်ကနေ စစ်ကောင်စီရဲ့ တပ်ဌာနချုပ်တွေ…

  • ကျောင်းပြန်တက်ချင်နေတဲ့ ကလေးသရုပ်ဆောင်ပြည့်ပြည့်

    ကျောင်းပြန်တက်ချင်နေတဲ့ ကလေးသရုပ်ဆောင်ပြည့်ပြည့်

    ကမ္ဘာ့တလွှားကရုပ်ရှင်တွေကြည့်ရှုလို့ရတဲ့ ဒီဂျစ်တယ်ပလက်ဖောင်း Netflix မှာ ပထမဆုံးပြသခွင့်ရတဲ့ မြန်မာဇာတ်ကား “လိပ်ပြာစံအိမ်” မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင်ပြည့်ပြည့်ဟာ အာဏာသိမ်းမှုကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံကို ထွက်ပြေးတိမ်းရှောင်နေရင်း ပညာရေးကမောက်ကမ အခြေအနေကို ရင်ဆိုင်နေရပါတယ်။ တချိန်က အလားအလာကောင်းတဲ့တက်သစ်စ ကလေးသရုပ်ဆောင်ဘဝကနေ ကျောင်းလခမတတ်နိုင်လို့ စာသင်ခန်းနဲ့ အဝေးမှာ ရှင်သန်နေရပါတယ်။ “အခုက ကျောင်းမတက်ရဘူး။ အခြားကလေးတွေလိုမျိုး သူငယ်ချင်းတွေနဲ့ အတူ နေ့လယ်စာ စားပြီး ကျောင်းပြန်တက်ချင်တယ်” လို့ ကလေးသရုပ်ဆောင် ပြည့်ပြည့်က သူ့ခံစားချက်ကို ပြောပြပါတယ်။ ပြည့်ပြည့်ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုရဲ့ အကျိုးဆက်အဖြစ် အုပ်ထိန်းသူတွေနဲ့အတူ တိုင်းတပါးကို ထွက်ပြေးရင်း ပညာသင်ယူခွင့်ဆုံးရှုံးနေတဲ့ မြန်မာ့ကလေးငယ်တွေထဲက တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်တုန်းက Asian Academy Creative Awards ဆုပေးပွဲမှာ…

  • ကုန်ဈေးနှုန်းတွေ အဆမတန် တက်လာရခြင်း၏ အဓိကလက်သည်

    ကုန်ဈေးနှုန်းတွေ အဆမတန် တက်လာရခြင်း၏ အဓိကလက်သည်

    by

    in

    စစ်အာဏာသိမ်းမှု ၃ နှစ်ကျော်အတွင်း စစ်ကောင်စီက မြန်မာကျပ်ငွေ ၃၀၀၀၀ ဘီလီယံ နီးပါး ရိုက်ထုတ်ခဲ့မှုက ကျပ်ငွေတန်ဖိုးထိုးကျမှု၏ အဓိက အကြောင်းအရင်းတွင်ပါဝင်နေဟု NUG ဘဏ္ဍာရေးဝန်ကြီးနှင့် ဒေါက်တာရှောင်တာနယ် ပြောဆို အကြမ်းဖက်စစ်ကောင်စီ၏ စစ်အာဏာသိမ်းမှု ၃ နှစ်ကျော်အတွင်း စစ်ကောင်စီက မြန်မာကျပ်ငွေ ၃၀၀၀၀ ဘီလီယံ နီးပါး ရိုက်ထုတ်ခဲ့မှုက ကျပ်ငွေတန်ဖိုးထိုးကျမှု၏ အဓိက အကြောင်းအရင်းတွင်ပါဝင်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောဆိုလိုက်သည်။ ယနေ့ ကျင်းပနေသည့် မြန်မာ့စီးပွားပျက်ကပ်အကြောင်း သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။ စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ်၊ မေလအထိ ၃ နှစ် ၃ လအတွက် မြန်မာကျပ်ငွေစက္ကူအသစ်…

  • နေပူတော် အကြီးကြီးတွေ ပွက်လောရိုက်တော့မယ်

    နေပူတော် အကြီးကြီးတွေ ပွက်လောရိုက်တော့မယ်

    by

    in

    လာမယ့်ရက်ထဲ နေပူတော်မှာ ထိပ်သီး ​ခေါင်းကြီးပိုင်းတွေကို ဖြုတ် ထုတ် ဖယ် တွေ ရှိလိမ့်မယ်လို့ သိရပါတယ်။ စစ်ရှုံးမအလ အနေနဲ့ သူ့အောက်က လူတွေကို မယုံကြည်တာလည်း ပါသလို သူ့ကိုပြန်ပြီး အာ ဏာသိမ်းမှာကိုလည်း ကြောက်နေတယ်လို့ သိရပါတယ်။ သတင်းကောင်းပဲ မဟုတ်ပါလား။ လာမယ့် တနင်္လာနေ့မထူးခြားရင် သောကြာနေ့ ထူးပါလိမ့်မယ်။ ဒီတစ်ပွဲက အားရစရာကောင်းလောက်အောင် ထူးနေမယ်လို့ မျှော်လင့်မိကြောင်းပါ။ စာကြွင်း။ ။ကျွန်တော့်ရဲ့ သုံးသပ်ချက်တွေဟာ များ မကြာမီ ထွက်ပေါ်​လာ​တော့မယ့် စစ်မျက်နှာသစ်အ တွက် မြေပုံကြိုတင်ကြည့်နေပြီ ဖြစ်ပါကြောင်း သ တင်းကောင်းပါးအပ်ပါတယ် ခင်ဗျာ။ ဇင်‌ယော် ၂၀၂၄ ‌ဇွန် ၀၁ ၁၆၂၀

  • မြဝတီတိုက်ပွဲခေါင်းဆောင် ၄၄ တပ်မမှူး စစ်ဗိုလ်ချုပ်ရဲ့ ဇာတ်သိမ်း

    မြဝတီတိုက်ပွဲခေါင်းဆောင် ၄၄ တပ်မမှူး စစ်ဗိုလ်ချုပ်ရဲ့ ဇာတ်သိမ်း

    ကရင်ပြည်နယ်တွင် ယခုနှစ် ဇန်နဝါရီလကုန်ပိုင်းက ရဟတ်ယာဉ်ပစ်ချခံရမှုကြောင့် သေဆုံးသွားသည့် ၄၄ တပ်မမှူး ဗိုလ်မှူးချုပ် အေးမင်းနောင် နေရာတွင်အစားထိုးရန် နေပြည်တော်မှ စစ်ခေါင်းဆောင် ဗိုလ်ချုပ်များက ဖေဖော်ဝါရီလဆန်းပိုင်း၌ တပ်မမှူးအသစ်တဦးကို ထပ်မံခန့်အပ်လိုက်ရသည်။ “တဗိုလ်မရှိ တဗိုလ်” ဟူသည့် စစ်ကောင်စီတပ်၏ ဆိုရိုးစကားအရ မြဝတီမြေကို မနင်းလိုက်ရသည့် တပ်မမှူး ဗိုလ်မှူးချုပ် အေးမင်းနောင်နေရာတွင် အစားထိုးခန့်အပ်ခံရသူ တပ်မမှူးမှာ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်နယ်မြေ၊ ဘုတ်ပြင်းမြို့အခြေစိုက်၊ အမှတ် ၁၃ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၃) ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူးအဖြစ် တာဝန်ယူထားသူ ဗိုလ်မှူးကြီး စိုးမင်းထက် ဖြစ်ပြီး တပ်မ ၄၄ သို့ ဗိုလ်မှူးချုပ်အဖြစ် အဆင့်တိုး၊ ရာထူးတိုးဖြင့် ရောက်ရှိလာခြင်းဖြစ်သည်။ ဗိုလ်မှူးချုပ် စိုးမင်းထက်သည် တပ်မ ၄၄ သို့ ရာထူးတိုးဖြင့်ရောက်ရှိလာပြီးနောက် တပ်မမှူးအဖြစ် ၃…

  • ပြည်သူတွေ အဘကို တောင့်တနေရပြီ….

    ပြည်သူတွေ အဘကို တောင့်တနေရပြီ….

    by

    in

    😁😁 ပြည်သူတွေ အဘကို တောင့်တနေရပြီ…. ဗိုလ်ချုပ်မူုးကြီး မင်းအောင်လှိုင်ကို “ဘုန်းတံခိုးနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်တယ်”လို့ သူရဲ့အခါတော်ပေးတွေနဲ့ ဗေဒင်ဆြာကြီးတွေက အသေအချာ တွက်ချက်ပေးခဲ့ကြတယ်။ သို့သော် ပြည်သူတွေကတော့ “အကုသိုလ်ကောင်” အဖြစ် နေ့စဥ် ဆဲဆိုနေကြရတယ် မဟုတ်ပါလား။ မည်သို့ပင် ဆိုစေ၊ မအလရဲ့ဘုန်းတခိုးကိုတော့ အသိအမှတ် ပြုရပါလိမ့်မယ်။ မအလဟာ ကျန်အင်လက္ခဏာ ၇ပါးနဲ့ပြည့်စုံတဲ့ ဆင်ဖြူရှင် မင်းတျားကြီးအဖြစ် ခံယူခဲ့တယ်။ သို့သော် သူဟာသူ ပန်းရောင်သန်းပြီး ဖြူချင်နေတဲ့ ဆင်ဖြူတော်လေး ရဌန္ဒကခမြာ မအလရဲ့ဘုန်းတခိုးကြောင့် တနေ့တခြား မဲသထက် မဲသွားပါတယ်။ အခုနောက်ပိုင်း အတော်လေးကို မဲလာနေလို့ ကင်မရာ နည်းပညာနဲ့ ဇွတ်ဖြုအောင်လုပ်ပြီး TV ကနေပဲ အဘကို နေ့စဥ်မြင်အောင် ပြသ နေရရှာပါသတဲ့။ “ဆင်ဖြူတော်လေး…

  • ဗိုလ်မှူးကြီးစောချစ်သူ(ခ) စံမြင့် မိသားစု အပါအဝင် BGFခေါင်းဆောင်တချို့ ပါဝင်နေသော နိုင်ငံတကာရာဇဝတ်မှုဖြစ်သည့်  တရားမဝင် ကျားဖြန့် ငွေလိမ် ဂိုဏ်း နှင့် အွန်လိုင်းကာစီနို လောင်းကစားလုပ်ငန်းများ

    ဗိုလ်မှူးကြီးစောချစ်သူ(ခ) စံမြင့် မိသားစု အပါအဝင် BGFခေါင်းဆောင်တချို့ ပါဝင်နေသော နိုင်ငံတကာရာဇဝတ်မှုဖြစ်သည့် တရားမဝင် ကျားဖြန့် ငွေလိမ် ဂိုဏ်း နှင့် အွန်လိုင်းကာစီနို လောင်းကစားလုပ်ငန်းများ

    အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ဗိုလ်မှူးကြီး စောချစ်သူ(ခ) စံမြင့် အပါအဝင် BGF/KNA ခေါင်းဆောင်တချို့ ပါဝင်နေသော တရားမဝင် ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းနှင့် အွန်လိုင်းကာစီနိုလောင်းကစားကုမ္ပဏီများကို Justice For Myanmar (JFM) က ဖော်ထုတ်လိုက်ပြီး နိုင်ငံတကာက ချက်ချင်း အရေးယူရန် တိုက်တွန်းလိုက် သည်။ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ကရင်အမျိုးသားတပ်မတော် KNA ဟု အမည်ပြောင်းလဲထားသော ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ(ခ) စံမြင့်က ၎င်းတို့မိသားစုနှင့် မဟာမိတ်များ ကို ကြွယ်၀ ချမ်းသာစေသော နိုင်ငံဖြတ်ကျော် စီးပွားရေးကွန်ရက်တစ်ခုကို တည်ဆောက်ထားပြီး အဆိုပါ စီးပွားရေးကွန်ရက်များ၏ ချိတ်ဆက်မှုများကို JFM သုတေသန လေ့လာ ဖော်ထုတ်ထားသည်။ BGF ၏ တရားမဝင် စီးပွားရေးလုပ်ငန်းများတွင်…

  • ကျဆုံးသွားတဲ့ ရဲဘော်အားပေါင်ကို အခမ်းအနားနဲ့ သင်္ဂြိုဟ်🥀

    ကျဆုံးသွားတဲ့ ရဲဘော်အားပေါင်ကို အခမ်းအနားနဲ့ သင်္ဂြိုဟ်🥀

    by

    in

    ကျောင်းသားလက်ရုံးတပ်တော်က ကျဆုံးသွားတဲ့ ရဲဘော်အားပေါင်ကို အခမ်းအနားနဲ့ သင်္ဂြိုဟ်🥀💔😥 မကွေးတိုင်းစစ်ဒေသမှာ လှုပ်ရှားနေတဲ့ ကျောင်းသားလက်ရုံးတပ်တော်-SAF က ရဲဘော် အားပေါင်ဟာ ရက္ခိုင်ဒေသ၊ အမ်းမြိုနယ်၊ တောဟိန်းတောင်ဗျူဟာအတွင်းရှိ တိုက်ပွဲမှာ ကျဆုံးခဲ့တယ်လို့ အဲဒီတပ်ဖွဲ့ ဆီက သိရပါတယ်။ တောဟိန်းတောင်ဗျူဟာအတွင်းရှိ တိုက်ပွဲမှာ တော်လှန်ရေးမဟာမိတ်အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ မေလ ၁၈ ရက်က တိုက်ပွဲဖြစ်ခဲ့ပြီး အဲဒီနေ့လည် ၁ နာရီခွဲခန့်မှာ ရဲဘော်အားပေါင် ကျဆုံးခဲ့တာလို့ SAF ဗဟိုကော်မတီဝင် ကိုကျော်ဟိဏ်းက ပြောပါတယ်။ “ရဲဘော်အားပေါင်က ပျော်ပျော်နေတတ်တဲ့ ရဲဘော်ပါ။ အပတ်စဉ်တူရဲဘော်တွေထဲမှာရော အပတ်စဉ်မတူတဲ့ရဲဘော်တွေထဲမှာရော လူချစ်လူခင်များပါတယ်။ အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ် (နပခ) အမ်းအတွက် အရေးပါတဲ့တောဟိန်းတောင်ဗျူဟာအတွင်းရှိ တိုက်ပွဲထဲမှာကျဆုံးသွားတာပါ။ မဟာမိတ်တော်လှန်ရေးအဖွဲအစည်းများမှရဲဘော်များနှင့်အတူ ရဲဝံ့စွာလက်တွဲတိုက်ပွဲဝင်နေရင်း ကျဆုံးသွားတာပါဗျာ” လို့ ကိုကျော်ဟိဏ်း ကပြောပါတယ်။ ကျဆုံးသွားတဲ့…

  • အဘနဲ့ ထိရင်…

    အဘနဲ့ ထိရင်…

    အီရန်က သမ္မတနဲ့ အစိုးရအဖွဲ့ဝင်တွေ လေယဥ်ပျက်ကျပြီး သေတယ်ကြားရတော့ မအံ့သြမိဘူး။ ဘာလို့မအံ့သြလဲဆိုတော့ အီရန်ဟာ မအလကို စစ်လက်နက်တွေ ထောက်ပံ့ပေးပြီး နီးနီးကပ်ကပ် ဆက်ဆံနေလို့ပဲ။ အဲဒီလို ဆက်ဆံတာနဲ့ အီရန်သမ္မတအဖွဲ့ သေချင်းဆိုးသေတာနဲ့ ဘာဆိုင်လို့လဲပေါ့။ ဆိုင်တာမှ သိပ်ကိုဆိုင်ပါတယ်။ ကလင်ဒါကျကို ပြန်ကြည့်ရရင် ပထမက ယူကရိန်း၊ ဒီမိုကရေစီ နိုင်ငံဖြစ်ပေမယ့် အာဏာသိမ်းခဲ့တဲ့ မအလကို စစ်လက်နက်ပစ္စည်းတွေ ဆက်လက် ထောက်ပံ့ခဲ့တယ်။ သိပ်မကြာဘူး၊ အကုသိုလ်တွေ အဝင်ခံရတော့တာပဲ မဟုတ်လား။ ဒုတိယက ရုရှပါ၊ “ရုရှားပြည်ကြီး ငြိမ်းချမ်းပါစေ” လို့ သီတဂူနဲ့မအလ သွား အော်ပြီးကတည်းက ရုရှပြည်ကြီး စစ်မီး လောင်ရပါတော့တယ်။ လက်ရှိ အခြေအနေကလဲ မအလနဲ့ သိပ်ပြီး မထူးတော့တဲ့ အခြေအနေကို ရောက်နေရရှာပြီ။ တတိယက မအလကိုယ်တိုင်သွားရောက်…

  • ပွင့်လင်းရာသီအလွန် စစ်ကောင်စီရဲ့ ဝိုးတဝါးနေ့စွဲများ

    ပွင့်လင်းရာသီအလွန် စစ်ကောင်စီရဲ့ ဝိုးတဝါးနေ့စွဲများ

    by

    in

    မကြာခင်ကာလမှာ မြေပြန့်ဒေသ မဟာဗျူဟာထိုးစစ် စတင်တော့မှာဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီနဲ့ လွတ်လပ်မှု၊ တရားမျှတမှုနဲ့ တည်ငြိမ်အေးချမ်းမှုကိုဖော်ဆောင်နိုင်ဖို့ အဆုံးသတ်တိုက်ပွဲဆင်နွှဲတော့မှာဖြစ်တယ်လို့ NUG ကာ ကွယ်ရေးဝန်ကြီး ဦးရည်မွန်က တရားဝင် ပြောဆိုလိုက်တာတွေ့ရပါတယ်။ မေ ၁၄ ရက်ကပြုလုပ်တဲ့ အမှတ်(၁) စစ်ဒေသ၊ မကွေးတိုင်းကွပ်ကဲရေးရုံးက ဦးစီးကျင်းပတဲ့ NCO အကြပ်သင်တန်း အပတ်စဉ်(၂) သင်တန်းဆင်းပွဲကို ပေးပို့တဲ့သဝဏ်လွှာမှာ အခုလိုထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ မြန်မာနိုင်ငံ မြောက်ပိုင်းကနေ တောင်ပိုင်းအထိ ကျယ်ပြန့်တဲ့နယ်မြေ တလျှောက်မှာ လှုပ်ရှားတိုက်ခိုက်နိုင်နေပြီဖြစ်ပါတယ်။ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးနဲ့စစ်ရေး အခြေအနေတွေအရ မကြာခင်ကာလမှာ ထုအင်အားတည်ဆောက်ပြီး မြေပြန့်ဒေသ မဟာဗျူဟာထိုးစစ် စတင်တော့မှာဖြစ်ပါတယ်။ အဲဒီအတွက် စစ်ရေးလိုအပ်ချက်တွေကို ကြိုတင်ပြင်ဆင်ဖို့ အခုလိုသင်တန်းမျိုးတွေကို နေရာအနှံ့မှာ စီစဉ်ဖွင့်လှစ် နေတာဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးကဆိုခဲ့ပါတယ်။…