Tag: Feature
-
ခေတ်ကြီးတစ်ခေတ်လုံးကို ထမ်းပိုးခဲ့သူတွေဟာ ခေတ်အဆက်ဆက်မှာလဲ လူငယ်တွေပါပဲ
ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေး တိုက်ခိုက်ရေး တပ်ဖွဲ့ (၂) ရဲဘော်များ စက်ပစ်ကွင်းဆင်းနေကြစဉ် ” ခေတ်ကြီးတစ်ခေတ်လုံးကို ထမ်းပို့ခဲ့ သူတွေဟာ ခေတ်အဆက်ဆက်မှာလဲ လူငယ်တွေဘဲဖြစ်တယ် လူမမယ် အရွယ်တွေဘဲဖြစ်တယ် သူတို့ ကျောင်းသားတွေ ဖြစ်ခဲ့မယ် အခု ဘ၀ပေး အခြေအနေအရ ပြည်သူ့စစ်သားလဲ ဖြစ်လာရတယ် ” ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ – ၂
-
အဲ့သမှာ ဇွတ်ဖြူနေလိုက်
အလင်းကိုစူးနေအောင်ထားပြီး ရိုက်တာတောင် စွပုဆင်က ဖြူမလာဘူး။ ဒါကို အားရပါးရနဲ့ ပြောနေတာ ဆင်ဖြူတဲ့ ။ ဟိုသတင်းကြေငြာတဲ့ ကောင်မလည်း ပြောနေရင်း ရယ်ချင်စိတ်မဖြစ်ဘူးလား မသိဘူး။ ကျမသာ သူ့နေရာမှာဆို သတင်းကြေညာရင်းနဲ့ ထရယ်မိတာ ။ ဒါလား ဆင်ဖြူဆိုပြီး – ဒင်းတို့ လိမ်ချက်က သူများတင်မကဘူး ကိုယ့်ကိုယ်ကိုပါ ပြန်လိမ်တာ ။ ဒီဆင်ကို ဘယ်နားမှာ ဖြူတာတွေ့လဲ ။ သက်သက်မဲ့ ဘုရင်ရူး ရူးတဲ့ကောင်က မဖြူတဲ့ဆင်တောင် ဖြူတယ်လုပ်ပြီး ဖီးလ်က တက်နေတယ် ။ ဆင်ကိုကြည့်တော့ ဇော်မဲလုံးနဲ့စပ်ပြီး သားကျထားတဲ့ရုပ်နဲ့ အဲ့မှာဇွတ်ဖြူနေလိုက် — 🤭 Ma Shwe Moe
-
အညာသူ မရင်သွေး ရင်သွေးလေး မမွေးနိုင်တော့ပါ
“ရှေ့က အရင်ပြေးနှင့်။ ဒါတွေ သိမ်းဆည်းပြီးရင် လိုက်ခဲ့မယ်။ ပြေးနှင့်တော့” ကိုဖိုးအောင် နောက်ဆုံးကြားခဲ့ရတဲ့ ဇနီးသည် မရင်သွေးရဲ့ စကားသံ။ မပေါ့မပါး ကိုယ်ဝန်ကြီးနဲ့ ချက်ပြုတ်လက်စ ထမင်းဟင်းတွေကို သိမ်းဆည်းနေရင်း မရင်သွေးက သူ့ကို အရင် ပြေးခိုင်းတဲ့ အကြောင်း ကိုဖိုးအောင်က ပြန်ပြောပြနေတာပါ။ “ကျွန်တော်က ရှေ့ကနေ သစ်ပင်ပေါ်ကို တက်ပြီးတော့ အခြေအနေ ကြည့်တာပေါ့။ မိန်းမရေ ငါတို့တော့ မလွတ်တော့ဘူး ထင်တယ်ဟေ့။ (စစ်အုပ်စု) လာနေကြပြီ ပြေးရကြအောင်လို့။ သူက ကျွန်တော့်ကို ပြောတာ၊ ရှင်ရှေ့ကနေ ပြေးနှင့်တဲ့။ ဒီမှာ စစ်ရှောင်တွေအတွက် ချက်ပြုတ်ထားတဲ့ အစားအသောက်တွေ ရှိသေးလို့ သိမ်းရ၊ဆည်းရ ဦးမှာမို့ နောက်ကနေ လိုက်ခဲ့မယ်တဲ့။ သူလည်း ကျွန်တော့် နောက်ကတော့ လိုက်တော့ လိုက်ခဲ့သေးတာပေါ့ဗျာ။…
-
ထိုင်းသတင်းကပြောသော ရွှေကုက္ကိုလ်အကြောင်း
လတ်တလော မြန်မာနိုင်ငံမှာ ကျားဖြန့်ငွေလိမ်ဂိုဏ်း နှိမ်နင်းမှုနဲ့ နောက်ဆက်တွဲဂယက်တွေ လှိုင်းထနေချိန်မှာ ထိုင်းက နာမည်ကြီး သတင်းဌာနတခုကလည်း မြန်မာဘက်ခြမ်း မြဝတီခရိုင် ရွှေကုက္ကိုလ် အထူးစီးပွားရေးဇုန်နဲ့ ပတ်သက်တဲ့ အကြောင်းအရာကို ဖေဖော်ဝါရီ ၁၁ ရက် မနေ့က ထုတ်လွှင့်ခဲ့ပါတယ်။ ကရင်ပြည်နယ် မြဝတီခရိုင် ရွှေကုက္ကိုလ် စီးပွားရေးဇုန်မှာ အလုပ်ကောင်းရမယ်ဆိုပြီး ဥပဒေနဲ့မကင်းတဲ့ အလုပ်တွေကို အတင်းအကျပ် စေခိုင်းခံရသူ၊ အလိမ်ခံရသူ စုစုပေါင်း ၁ ထောင်ကျော်ကို တာဝန်ရှိသူတွေက ပြီးခဲ့တဲ့အပတ်က ကယ်ထုတ်ခဲ့ပြီး အဲဒီထဲမှာ ထိုင်းနိုင်ငံသား ၁၀၀ ကျော်လည်း ပါဝင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ထိုင်းလဝက (လူဝင်မှုကြီးကြပ်ရေး) ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ကယ်တင်ခံရသူ စုစုပေါင်း ၁,၈၃၇ ဦးရှိပြီး အဲဒီထဲမှာ တရုတ်နိုင်ငံသား ၂၅၈ ဦး၊…
-
ကျေးဇူးတင်ပါတယ် နီပိန်းတွေ
တော်လှန်ရေးမှာ နီပိန်း အမတ်တွေ ခြေရှုပ်နေတယ် တဲ့ ။ ဒီစကားကို ကျနော်က အပြစ်မမြင်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်တဲ့ ပါတီပေါင်း ၉၇ ပါတီရှိတယ်။ ခု တော်လှန်ရေးမှာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီလောက်က လွဲလို့ဘယ်ပါတီက ကိုယ်စားလှယ်လောင်း ဘယ်နှယ်ယောက်ကများ ဒီတော်လှန်ရေးမှာ ပြည်သူနဲ့ အတူ ပါဝင်ဆောင်ရွက်တာ ရှိလဲ ? နီပိန်း ပါတီက လူတွေပဲရှိလို့ နီပိန်း ပါတီက လူတွေရဲ့ ခြေ တွေပဲ မြင်ရတာပေါ့။ အမှန်တကယ်ဆို ပါတီပေါင်း ၉၇ ပါတီက ကိုယ်စားလှယ်တွေကိုလည်း ကျနော်တို့ ပြည်သူ့တော်လှန်ရေးထဲမှာ ပါလာစေ့ချင်တာပေါ့၊တစ်ယောက်မှ မပါလာဘူးလေ၊ မဲရွေးတဲ့ အခါကတော့ ပြည်သူ့အတွက်ပါ ပြည်သူ့အတွက်ပါ ဆိုပြီး ရွှန်းရွှန်းဝေအောင် ပြောနေတဲ့…
-
တော်လှန်ရေးကာလမှာ မွေးနေ့မရှိဘူး အဖိတ် ဥဗုဒ် မရှိဘူး
တော်လှန်ရေးကာလမှာ မွေးနေ့မရှိဘူး အဖိတ် ဥဗုဒ် မရှိဘူး ဆန်းဒေး လပြည့် မရှိဘူး ရုံးပိတ်ရက်မရှိဘူး နေ့ကြီးရက်မြတ်မရှိဘူး နေပူမရှိဘူး မိုးရွာမရှိဘူး ဟိုဟာစားချင်လိုက်တာ ဒီဟာစားချင်လိုက်တာ ပူလို့ အဲယားကွန်းနဲ့နေချင်လိုက်တာ ဟိုဟာလေးတော့ သောက်ချင်လိုက်တာ တွေတော့ တမ်းတခွင့်ရှ်ိပါတယ် ရွေးချယ်ခွင့်တော့မရှိဘူး။ ရှိတဲ့ဟာစား ရတဲ့နေရာနေ တွေ့ရာသောက်ပဲ။ ဒီလိုနဲ့နေလာတာ ၃နှစ်ကျော်လို့ အောင်ပွဲအလီလီလည်းရခဲ့ပြီ။ ပေးခဲ့ရတဲ့ အသက်နဲ့ ကိုယ်ခန္ဒာအစိတ်ပိုင်းတွေလည်း မနည်းတော့ဘူး။ ရဲဘော်တွေနဲ့ တသားတည်းနေပေးနေတဲ့ မြေပြင်ကကွန်မင်ဒါတွေကိုလေးစားတယ်။ သူတို့မှာ အကျိုးစီးပွါးနဲ့အသပြာတွေမလိုဘူး၌ တော်လှန်ရေးအောင်ချင်တာပဲရှိတယ်။ နွေဦးတော်လှန်ရေးလောက် အရှိန်ကောင်းတဲ့တော်လှန်ရေး ဘယ်မှာရှိခဲ့လို့လဲ။ ဒါကိုသိရက်နဲ့ ဘာလို့အမိအရဖမ်းဆုတ်ဖို့ မရဲကြတာလဲ။ လုပ်စမ်းပါရဲဘော်။ တော်လှန်ရေးအောင်ရင် ငါတို့ရလာမယ့်အနာဂတ်က အတိုင်းအဆမဲ့ပါပဲ။ ဒါကိုတွေးပါ တွေးပြီးရင် ရဲရဲဆုံးဖြတ်ပါ။ မတွေဝေပါနဲ့။ ကိုယ့်လည်းအချိန်မဆွဲနဲ့ ရန်သူကိုလည်းအချိန်မပေးပါနဲ့။ ကိုပေါက် ငပိန်းတွေကို…
-
သူရ မချစ်ပို
မြန်မာနိုင်ငံတွင် တစ်ဦးတည်းသော ‘သူရ’ဘွဲ့ပိုင်ရှင် အမျိုးသမီး တစ်ဦးဖြစ်သူ သူရမချစ်ပို ကို ၁၉၀၈ ခုနှစ် ဖေဖော်ဝါရီလတွင် ထားဝယ်မြို့တွင် မွေးဖွားခဲ့သည်။ မောင်လေး တစ်ဦးမှာ ဘီအီးတပ်ထဲသို့ ဝင်သွားသည်ဟု ကြားသိရသဖြင့် လိုက်ရှာရင်း မေမြို့ (ယခုပြင်ဦးလွင်မြို့) ရှိ ဦးကြွယ်၊ ဒေါပုတို့အိမ်တွင် နေဖြစ်သွားသည်။ ထို့နောက် ဦးကြွယ်တို့နှင့် ခင်မင်ရင်းနှီးသော ဘီအီးတပ်မှ တပ်ကြပ်လှမောင်နှင့် အိမ်ထောင်ပြုသည်။ တပ်ကြပ်လှမောင်မှာ တပ်တွင်း၌ စားရေးသောက်ရေးကို တာဝန်ယူရသောကြောင့် ထမင်းချက်လှမောင်ဟု လူသိများသည်။ မချစ်ပိုသည် ထားဝယ်သူပီပီ စကားပြောလျှင် အသံဝဲဝဲလေးနှင့် ချစ်စရာကောင်းလှသည်။ အသားကမဖြူ မညို၊ မျက်နှာက လေးထောင့်စပ်စပ်၊ အရပ်အမောင်းက ငါးပေသုံးလက်မခန့်ရှိသည်။ စကားပြော လျှင် ခပ်ပြတ်ပြတ်ပြောတတ်၍ လုပ်စရာရှိလျှင်လည်း ပြတ်ပြတ်သားသား လုပ်တတ်သည်။ မချစ်ပို၏ ယောက်ျားဖြစ်သူ…
-
အာဏာရှင်ဟောင်းကြီး ပြန်ပေါ်လာတာ အကြောင်းမဲ့မဟုတ်ဘူး
သိပ်မကြာခင်ကမှ စီလုပ်ကြီးက သန်းရွှေကိုသွားတွေ့ ခဲ့တယ်။ အခု မအလကိုပုန်ကန်တဲ့အဖွဲ့ ပေါ်လာရုံသာမက မအလ ရှိရာ ပစ်မှတ်တွေကိုပါ ရှော့တိုက်ဒုံးနဲ့ ပစ်တဲ့ထိပေါ်လာတယ် ။ ဒီနေ့ပဲ စီလုပ်ကြီးက အပစ်အခတ်ရပ်စဲဖို့ ပြောတယ်။ 😹 ကျားဖြန့်ကိစ္စကြောင့် မအလဟာ စီလုပ်ကြီးကို ကြောက်နေရတယ်။ ပိုင်ဆိုင်မှုတချို့က စီလုပ်ကြီးလက်ထဲ မှာရှိတာကိုး။ But အသုံးမကျတဲ့ မအလကို ဖြုတ်ချဖို့ စီလုပ်ကြီးက စီစဉ်နေတာ 100%ပဲ။ မအလကို သန်းရွှေတင်ပေးခဲ့သလို မအလကိုပဲ သန်းရွှေက ဖြုတ်ချလိမ့်မယ်။ စိုးဝင်းကိုတော့ မအလက လက်ဦးမှူ ယူပြီး ပွဲထဲက ထုတ်နိုင်ခဲ့ပြီ။ သန်းရွှေနဲ့ မအလ ဘယ်သူလက်ဦးမှုရမလဲ။ ဒါကိုတော့ မိစ္ဆာနန်းတွင်းရဲ့ အပိုင်းသစ်တွေမှာ ရူစားကြည့်ရအောင် ပေါ့နော် 😹😹 P.S.ဒီလိုရေးလို့ တို့ဘက်က pdfတွေ…
-
“မဲနှိုက်ပြီး စစ်မှုထမ်း ပါသွားရင်ရော PDF က သ-တ်မှာလား”
စစ်ရှုံးကောင်စီကနေ စစ်မှုထမ်း ဥပဒေ ပြဌာန်းပြီး နည်းမျိုးစုံနဲ့ စစ်မှုထမ်းခိုင်းဖို့ လူသစ်စုဆောင်းတာတွေ လုပ်ခဲ့ချိန်မှာ ပြည်သူတွေရဲ့ မေးခွန်းပေါင်း မြောက်မြားစွာ ထွက်ပေါ်လာခဲ့ပါတယ်။ အများဆုံး သိချင်ကြတဲ့ မေးခွန်းက- စစ်မှုထမ်းဖို့ မတရား ဖမ်းဆီးခံရသူတွေ၊ မဲနှိုက်ပြီး ပါသွားသူတွေ၊ ကိုယ်တိုင် စစ်မှုမထမ်းလိုသော်လည်း အကြောင်းအမျိုးမျိုးကြောင့် စစ်တပ်ထဲကို ဝင်ခဲ့ရသူတွေကို ရှေ့တန်းရောက်ရင် PDF က သ-တ်မှာလား ဆိုတဲ့ မေးခွန်းပါ။ အကြမ်းဖက် စစ်တပ်ရဲ့ အဝန်းအဝိုင်းထဲကို ရောက်သွားပြီ ဆိုကတည်းက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက စစ်-ခွေးအဖြစ် သတ်မှတ်မှာပါပဲ။ ခွေးဝတ်စုံ ဝတ်ထားတဲ့ စစ်-ခွေးတစ်ကောင်ကို ဘာ့ကြောင့် စစ်တပ်ထဲကို ဝင်ရောက်လာတာလဲ ဆိုတဲ့ အတွေးမျိုး ဘယ် PDF ကမှ တွေးနေမှာ မဟုတ်ပါဘူး။ မျက်စိရှေ့ ရောက်လာတာနဲ့…
-
သင်္ကြန်အကျနေ့ မနက်ပိုင်း ပြည်သူ့ရင်ပြင်
၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့ မဟာသင်္ကြန်အကျနေ့ မနက်ပိုင်း စစ်ကောင်စီ ဦးဆောင်ကျင်းပနေတဲ့ ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်ထဲက သင်္ကြန်ပွဲတော်မြင်ကွင်းဖြစ်ပါတယ်။