ကျောင်းပြန်တက်ချင်နေတဲ့ ကလေးသရုပ်ဆောင်ပြည့်ပြည့်
ကမ္ဘာ့တလွှားကရုပ်ရှင်တွေကြည့်ရှုလို့ရတဲ့ ဒီဂျစ်တယ်ပလက်ဖောင်း Netflix မှာ ပထမဆုံးပြသခွင့်ရတဲ့ မြန်မာဇာတ်ကား “လိပ်ပြာစံအိမ်” မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင်ပြည့်ပြည့်ဟာ အာဏာသိမ်းမှုကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံကို ထွက်ပြေးတိမ်းရှောင်နေရင်း ပညာရေးကမောက်ကမ အခြေအနေကို ရင်ဆိုင်နေရပါတယ်။ တချိန်က အလားအလာကောင်းတဲ့တက်သစ်စ ကလေးသရုပ်ဆောင်ဘဝကနေ ကျောင်းလခမတတ်နိုင်လို့ စာသင်ခန်းနဲ့ အဝေးမှာ ရှင်သန်နေရပါတယ်။ “အခုက ကျောင်းမတက်ရဘူး။ အခြားကလေးတွေလိုမျိုး သူငယ်ချင်းတွေနဲ့ အတူ နေ့လယ်စာ စားပြီး ကျောင်းပြန်တက်ချင်တယ်” လို့ ကလေးသရုပ်ဆောင် ပြည့်ပြည့်က သူ့ခံစားချက်ကို ပြောပြပါတယ်။ ပြည့်ပြည့်ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုရဲ့ အကျိုးဆက်အဖြစ် အုပ်ထိန်းသူတွေနဲ့အတူ တိုင်းတပါးကို ထွက်ပြေးရင်း ပညာသင်ယူခွင့်ဆုံးရှုံးနေတဲ့ မြန်မာ့ကလေးငယ်တွေထဲက တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်တုန်းက Asian Academy Creative Awards ဆုပေးပွဲမှာ … Read more