ရှေ့တန်းကို သွားရောက်ဖြော်ဖြေသည့် ရုရှားရုပ်ရှင်မင်းသမီး စစ်သားများနှင့်အတူ ဟိုင်းမားစ်ထိမှန်သေဆုံး
ရုရှားရုပ်ရှင်မင်းသမီးနဲ့ ဒါရိုက်တာ ပိုလီနာ မန်ရှီဟာ ဒိုးနက်စ်ဒေသက ရုရှားစစ်တပ်ကို သွားရောက်ဖြော်ဖြေအားပေးရင်း ယူကရိန်းဟိုင်းမားစ်ထိမှန်ပြီး နိုဝင်ဘာ ၁၉ ရက်နေ့က သေဆုံးသွားကြောင်း ရုရှားအစိုးရသတင်းတွေက ဖော်ပြပါတယ်။ အသက် ၄၀ အရွယ် မင်းသမီး ပိုလီနာဟာ တခြားရုပ်ရှင် ဂီတပညာရှင်တွေနဲ့အတူ ရုရှားလက်နက်ကြီးတပ်ဖွဲ့များနေ့ သူရဲကောင်းဆုပေးပွဲအခမ်းအနားကို သွားရောက်ဖြော်ဖြေခဲ့တာလို့ ဆိုပါတယ်။ ဆုပေးပွဲအခမ်းအနားကို ရုရှား မရိန်းအထူးတပ်ဖွဲ့အခြေစိုက်ရာ စတာရိုဘက်ရှ် အထက်တန်းကျောင်းမှာ ကျင်းပခဲ့တာဖြစ်ပြီး ပိုလီနာ သီချင်းဆိုဖြော်ဖြေနေချိန်မှာပဲ ယူကရိန်းက ပစ်ခတ်တဲ့ ဟိုင်းမားစ်ဒုံးကျည်နှစ်စင်း ထိမှန်ခဲ့တာလို့ သတင်းတွေက ဖော်ပြပါတယ်။ ဒုံးကျည်တစ်စင်းက ဖြော်ဖြေပွဲကျင်းပနေတဲ့ ကျောင်းပြဇာတ်ရုံကို တိုက်ရိုက်ထိမှန်ခဲ့ပြီး ကျန်ဒုံးကျည် တစ်စင်းကတော့ ပြဇာတ်ရုံဘေးက ကားတွေကို ထိမှန်ခဲ့တာလို့ဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကြောင့် မင်းသမီးပိုလီနာနဲ့အတူ ဂီတပညာရှင်တချို့နဲ့ မရိန်းတပ်သားအနည်းဆုံး ၃၀ နေရာမှာတင် သေဆုံးခဲ့ရ … Read more