စစ်ခေါင်းဆောင်က ပစ္စတိုခါးချိတ်ပြီး လားရှိုးကို နေ့ချင်းပြန်သွား

ဒီဇင်ဘာ ၁၁၊ ၂၀၂၃။ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဒီဇင်ဘာ ၁၀ ရက် မနေ့က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လာရှိုးမြို့ရှိ စစ်ဆေးရုံနဲ့ မန်ဆူဘုန်းကြီးကျောင်းက စစ်ဘေးရှောင်တွေကို သွားရောက်တွေ့ဆုံတယ်လို့ စစ်တပ်ထိန်းချုပ်မီဒီယာတွေကနေတဆင့် မနေ့ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။ သွားရောက်ရာမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့အတူ စစ်ဗိုလ်ချုပ်အများစုဟာ ပစ္စတိုသေနတ်ခါးချိတ်ထားတာကိုလည်း စစ်တပ်ပိုင်မီဒီယာတွေနဲ့ စစ်တပ်ထောက်ခံတဲ့တယ်လီဂရမ်တွေမှာ ထုတ်ပြန်လာတဲ့ဓာတ်ပုံတွေအရ တွေ့ ရပါတယ်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ ကိုးကန့်ဒေသအပြင် လားရှိုးမြို့နဲ့အနီးတဝိုက်မြို့တွေမှာ အောက်တိုဘာလမှစတင်ကာ လက်ရှိအထိ တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပြီး တိုက်ပွဲစတင်ဖြစ်ပွားပြီးနောက် ၁ လ ကျော်အကြာမှာ စစ်ခေါင်းဆောင်နဲ့အဖွဲ့က လာရောက်တာလည်းဖြစ်ပါတယ်။ လားရှိုးမြို့ကို စစ်ခေါင်းဆောင်က နေ့ချင်းပြန် သွားရောက်ခဲ့ပြီး မနေ့ညနေပိုင်းမှာပဲ ပြင်ဦးလွင်မြို့ကို ပြန်လည်ရောက်ရှိလာတယ်လို့ သိရပါတယ်။ စစ်ခေါင်းဆောင်ရောက်ရှိနေတဲ့ ပြင်ဦးလွင်မြို့နဲ့ နေရာအနှံ့မှာ လုံခြုံရေးတင်းကျပ်နေတာ သီတင်းပတ်တခုခန့်ရှိပြီဖြစ်ပြီး မြို့တွင်းဝင်၊ထွက်ခွင့်ကိုလည်း ပိတ်ဆို့ထားတယ်လို့ … Read more

လောက်ကိုင်မှာ စစ်ကောင်စီလက်အောက်ခံ စစ်သား(၂၀၀)နဲ့ မိသားစုတွေ အစုလိုက်အပြုံလိုက် အလံဖြူထောင် အလင်းဝင ရန်ကုန်၊နိုဝင်ဘာ(၃၀) ရှမ်းပြည်မြောက်ပိုင်း၊ လောက်ကိုင် ဒကစလက်အောက်ခံ ခလရ ၁၂၅ တပ်ရင်းက စစ်သား(၂၀၀) နဲ့မိသားစုဝင်တွေ အစုလိုက်အပြုံလိုက် အလံဖြူထောင် အလင်းဝင်ခဲ့တယ်လို့ MNDAA သတင်းနဲ့ပြန်ကြားရေးဆီက သိရပါတယ်။ ကုန်းကြမ်းဒေသမှာရှိတဲ့ တပ်စခန်း(၅)နေရာနဲ့ ကင်းစခန်းတွေကို MNDAA ပူးပေါင်းတပ်တွေက အခုလ(၂၈)ရက်နေ့စပြီး အင်အားနဲ့ အရှိန်တိုးတိုက်ခိုက်နေလို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခလရ (၁၂၅) တစ်ရင်းတစ်ခုလုံး လက်နက်ချအလင်းဝင်ခဲ့တာဖြစ်တယ်လို့ MNDAA ကပြောပါတယ်။ ခလရ (၁၂၅) တပ်ရင်းမှူးက ဦးဆောင်ကာ အလုံဖြူထောင်လက်နက်ချခဲ့တာဖြစ်ပြီး ကော်မျိုးနွယ်ပြည်သူ့စစ်အဖွဲ့ဝင် (၂၇)ယောက် (ဗမာလူမျိုး) ၊ ခလရ (၁၂၅)အဖွဲ့ဝင် (၉၃)ယောက် ၊ စကခ(၁၆)အဖွဲ့ဝင် (၃၆)ယောက် ၊ စကခ(၁၂)အဖွဲ့ဝင် (၁၄)ယောက် … Read more

ရန်ကုန်လေဆိပ်တွင် အကြမ်းဖက် မင်းအောင်လှိုင်၏ ကျွန် အတိုအပြတ်အား ရောက်ရှိနေပြီး သက်ဆိုင်ရာ ဆေးရုံများသို့ ပိုဆောင်နေ

ရန်ကုန်လေဆိပ်တွင် အကြမ်းဖက် မင်းအောင်လှိုင်၏ ကျွန် အတိုအပြတ်အား ရောက်ရှိနေပြီး သက်ဆိုင်ရာ ဆေးရုံများသို့ ပိုဆောင်နေသောကြောင့် လူနာတင်ယာဉ်များ တန်းစီရောက်နေ နိုဝင်ဘာလ ၂၁ ရက် ရန်ကုန်လေဆိပ်တွင် အကြမ်းဖက် မင်းအောင်လှိုင်၏ ကျွန် စစ်ခွေး နှင့် ရဲခွေး / အတိုအပြတ်များ ရောက်ရှိနေပြီး သက်ဆိုင်ရာ ဆေးရုံများသို့ ပိုဆောင်နေသောကြောင့် လူနာတင်ယာဉ်များ တန်းစီရောက်နေကြောင်း ပြည်သူတစ်ဦးမှ Hlaing Info သတင်းပေးပို့လာပါသည်။ ကျွန် စစ်ခွေး နှင့် ရဲခွေး အတိုအပြတ်တွေ လေယာဉ်နဲ့ သယ်လာကြောင်း သိရပါသည်။ နောက်ဆက်တွဲသတင်းများကို ဆက်လက်စုံစမ်းနေပါသည်။ #HlaingInfo

မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း

မယ်စဲ့မြို့နယ် မယ်စဲ့မြို့နယ်သည် ကရင်နီ (ကယား) ပြည်နယ်၏ အရှေ့တောင်ဘက်၊ သံလွင်မြစ်၏ အရှေ့ဘက်ခြမ်း ထိုင်းနယ်စပ်တွင် တည်ရှိ၏။ မယ်စဲ့မြို့နယ်၏ အရှေ့ဘက်နှင့်‌တောင်ဘက်တွင် ထိုင်းနှင့်နယ်စပ်ထိတွေ့နေပြီး နယ်စပ်မှတ်တိုင် BP ၁၁ မှ BP ၁၆ အထိ တွေ့ရ၏။ မြောက်ဘက်တွင် ရှားတောမြို့နယ်၊ အနောက်ဘက်၊ သံလွင်မြစ်အနောက်ဘက်ခြမ်းတွင် ဖားဆောင်းမြို့နယ်၊ ဘောလခဲမြို့နယ်များရှိ၏။ ၁၉၆၂ ခုနှစ်၊ စစ်တပ်အာဏာသိမ်းပြီးနောက် မယ်ဆည်နမ်ကို မြို့အဖြစ် သတ်မှတ်ခဲ့ပြီး မယ်ဆည်နမ် ကျေးရွာအုပ်စု၊ မယ်စဲ့ကျေးရွာအုပ်စု၊ ဟိုဂျစ်ကျေးရွာအုပ်စု၊ နန်းမန်းကျေးရွာအုပ်စု၊ ဒေါကဒွီးကျေးရွာအုပ်စု၊ သာယာကျေးရွာအုပ်စုနှင့် ဝမ်လွဲ့ကျေးရွာအုပ်စုများ ပါဝင်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့တွင် မယ်စဲ့မြို့နယ်အဖြစ် ဖွဲ့စည်းခဲ့သည်။ ၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၇ ရက်နေ့တွင် မယ်စဲ့မြို့နယ်ကို … Read more

ရန်ကုန်မြို့ရဲ့ မြို့နယ်အမည်တွေ ဘယ်လိုဖြစ်လာသလဲ

ရန်ကုန်မြို့ရဲ့ မြို့နယ်အမည်တွေ ဘယ်လိုဖြစ်လာသလဲ ဟိုးတုန်းကတော့ ရန်ကုန်ဟာ ရွှေတိဂုံဘုရားကို ဗဟိုပြုထားတဲ့ ငါးဖမ်းရွာလေးတစ်ရွာသာ ဖြစ်ပါတယ်။ အေဒီ ၆ ရာစုက စလို့ မွန်လူမျိုးများက ဒဂုံ အဖြစ်ပြောင်းလဲ တည်ထောင်ခဲ့ကြပါတယ်။ ဒဂုံ ဆိုသည်မှာ ဒဂုင်လွုင် ဟူသော ရွှေတိဂုံစေတီတော်ကြီး၏ ဘွဲ့အမည်မှ ဆင်းသက်လာခဲ့ကြောင်း သိရပါတယ်။ မွန်ဝေါဟာရအရ ကုန်းမြင့်ပေါ်က စေတီ လို့ အဓိပ္ပါယ်ရပါတယ်။ ၁၇၅၅ ခုနှစ်မှာ အလောင်းဘုရားဟာ ဒဂုံကို အောင်နိုင်ပြီး ရန်ကုန် ဟူ၍ စတင်ပြောင်းလဲခဲ့ပါတယ်။ အဲဒီနောက် ကုန်းဘောင်ခေတ် ၊ ကိုလိုနီခေတ်များကို ကျော်ဖြတ်ခဲ့ပြီး ယနေ့အချိန်မှာတော့ ရန်ကုန်ဟာ မြန်မာနိုင်ငံရဲ့ အစည်ကားဆုံး နဲ့ အဓိကအကျဆုံး မြို့အဖြစ်ရပ်တည်နေပါတယ်။ ရန်ကုန်မြို့ဟာ ကမာရွတ်၊ တာမွေ ၊ စမ်းချောင်း … Read more

ယောကျာ်းလေးတွေနဲ့ပုံတင်တိုင်း အတင်းပေးစားနေကြတာတွေကို ရပ်တံ့ကြဖို့ ပြောလာခဲ့တဲ့ ဥက္ကာမင်းမောင်

ပရိသတ်ကြီးရေ… သရုပ်ဆောင် ဥက္ကာမင်းမောင်ကတော့ Gay တစ်ယောက်ဖြစ်ကြောင်း ပရိသတ်တွေကို ပွင့်လင်းစွာ ဝန်ခံထားသူတစ်ယောက် ဆိုတာ အားလုံးလည်းသိပြီးသားဖြစ်မှာပါ။ ဥက္ကာမင်း မောင်ဟာ အမေရိကန်နိုင်ငံမှာ နေထိုင်နေတာမို့ သူ့ရဲ့ လက်ရှိပတ်ဝန်းကျင်ဟာ သူ့ရဲ့ ဖြစ်တည်မှုအပေါ်လက်ခံ ပေးကြပြီး မြန်မာနိုင်ငံကသူတွေကတော့ ပွင့်လင်း မြင်သာမှုမရှိကြတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ဥက္ကာမင်းမောင်က သူ့အနေနဲ့ ယောကျာ်းလေးတွေနဲ့ ပုံတင်တိုင်း အတင်းပေးစားနေကြတာတွေကို ရပ်ပေးပါ လို့ ပြောလာပါတယ်။ ဥက္ကာမင်းမောင်က “သြော်..ဂယက်​တခု.. ကျွန်​​​တော့်ရဲ့ မြန်မာမဟုတ်တဲ့ ဒီက သူငယ်ချင်းများအားလုံးကို Babe လို့ ​ခေါ်ပါတယ်ခင်ဗျ.. ရည်းစားမို့လို Babe လို့ခေါ်ခြင်းမဟုတ်ပါ.. သူတို့ကလဲ ကိုယ့်ကို Babe ပဲ​ခေါ်ပါတယ်.. မသိရင် ဥက္ကာမင်း​မောင် သည် လင် ၁ သိန်းနဲ့ ၁၈ ​ယောက်ရှိသလိုပဲ.. … Read more

မြန်မာပြည်သူတွေရဲ့ မှတ်ပုံတင်တွေကို စမတ်ကတ် ပြောင်းလဲရေး စစ်ကောင် စီ က တရုတ်ကို အကူအညီတောင်း၊ ပြည်သူတွေကို ခြေရာခံစောင့်ကြည့်ရေး ရည်ရွယ်

အကြမ်းဖက်စစ်ကောင်စီ ဟာ ပြည်သူတွေကို ပိုမိုခြေရာခံစောင့်ကြည့်ရေး ရည်ရွက်ချက်နဲ့ မှတ်ပုံတင်တွေကို အီလက်ထရောနစ် နိုင်ငံသားစိစစ်ရေး ကတ် တွေ အဖြစ်ပြောင်းလဲထုတ်ပေးဖို့ အတွက် တရုတ်အစိုးရဆီမှာ အကူ အညီ တောင်းခံထားတယ်လို့ သိရှိရပါတယ်။ မြန်မာစစ်အစိုးရ ရဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်ကြိုင်နဲ့ အီလက်ထရွန်နစ် မှတ်ပုံတင်ဌာန အကြီးအကဲတို့ဟာ ယခုသီတင်းပတ်ထဲမှာ တရုတ်နိုင်ငံကိုသွားရောက် အကူအညီတောင်းခံ ခဲ့တယ်လို့ စစ်ကောင်စီ ဝါဒဖြန့် အင်္ဂလိပ်သတင်းစာ Global New Light of Myanmar မှာဖော်ပြထားပါတယ်။ တရုတ်အစိုးရ ဆီမှာ အီလက်ထရောနစ် နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးရေး နဲ့ သန်းခေါင်စာရင်း ကောက်ယူမှု ကိစ္စရပ်တွေကို အကူအညီပေးဖို့ တောင်းဆို ခဲ့ကြတယ်လို့ သိရှိရပါတယ်။ နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်)ကို စမတ်ကတ် … Read more

ရှုတင်စက်အဖွဲ့သားတွေနဲ့ တစ်သားတည်းတန်းစီပြီး မေပန်းချီ၊ နောဖောအယ်ထားတို့ဆီက မုန့်ဖိုးတောင်းခဲ့တဲ့ မြင့်မြတ် (ရုပ်သံ)

ပရိသတ်ကြီးရေ… ဇာတ်လိုက် ဆို ပြီး ပရိသတ်တွေရော အနုပညာလောကသားတွေက ရော ချစ်စနိုးနဲ့ ခေါ်ကြတဲ့ မင်းသားချော မြင့်မြတ် ကတော့ ဟာသ၊ ဒရမ်မာ၊ အက်ရှင် စသည်ဖြင့် ဘယ်လို ဇာတ်ရုပ်မျိုးနဲ့မဆို လိုက်ဖက်သူဖြစ်ပါတယ်။ အကယ်ဒမီဆုကြီးတွေကိုလည်း လက်ဝယ်ပိုင်ဆိုင်ထား တဲ့ မြင့်မြတ်ဟာ မာန်မာနကြီးခြင်းလုံးဝမရှိပဲ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရင်းနှီးစွာနေထိုင်တတ်တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း နောဖောအယ်ထား၊ မေပန်းချီတို့နဲ့ အတူတူ ဇာတ်ကားရိုက်ကူးနေလျက်ရှိတဲ့ မြင့်မြတ်ဟာ ပြင်ဦးလွင်မြို့ကိုရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့ မှာတော့ မေပန်းချီနဲ့ နော်ဖောအယ်ထားတို့က ရှုတင်က အဖွဲ့သားတွေအားလုံးကို မုန့်ဖိုးဝေငှခဲ့ရာ မြင့်မြတ်က လည်း အပျော်တမ်း ဝင်ရောက်တန်းစီပြီး မုန်ဖိုးတောင်း ခဲ့တာကို အခုလိုပဲ ချစ်စရာကောင်းစွာ တွေ့ရပါတယ်။ မြင့်မြတ်ကတော့ သူ့ရဲ့ အနုပညာမောင်နှမတွေနဲ့ အတူတူ … Read more

လက်လုပ် သေနတ်သာပါရှိသည့်အပြင် ဒေသခံများရှိနေ၍ ခုခံခြင်းမပြုနိုင်ဘဲ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရခြင်းဖြစ်

မြင်းမူမြို့တွင် PDF တပ်ဖွဲ့၀င် ၂၅ ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ် ၊ လက်လုပ် သေနတ်သာပါရှိသည့်အပြင် ဒေသခံများရှိနေ၍ ခုခံခြင်းမပြုနိုင်ဘဲ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရခြင်းဖြစ် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မြင်းမူ-မြောင်လမ်းမပေါ်တွင် ယနေ့ စက်တင်ဘာ ၂၃ ရက်နေ့ နံနက်ပိုင်းက PDF တပ်ဖွဲ့၀င် ၂၅ ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်သတ် ဖြတ်ခဲ့ ကြောင်း သိရသည်။ ယနေ့ စက်တင်ဘာ ၂၃ ရက် မနက်အစောပိုင်းတွင် မြင်းမူမြို့နယ်၊ ‌ခြေတော်ရွာကိုအနီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တိမ်းရှောင်ရင်း မြင်းမူ -မြောင်လမ်းမ ပေါ်တွင် စစ်ဆေးနေသည့် စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တွေ့ကာ ဖမ်းဆီးသတ်ဖြတ် ခံခဲ့ရ ခြင်းဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထံက သိရသည်။ “ဒေသခံတွေကလည်းပြေးကြတဲ့အချိန် စစ်ကြောင်းကနေ ဖဲ့ထွက်ပြီး စစ်ကောင်စီ … Read more

မြင့်မြတ်၊ ရွှေမှုံရတီတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ “ဖြတ်စ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ဇာတ်ဝင်တေးအဖြစ် အသုံးပြုခံရတဲ့ Anonymous ရဲ့ “ထားလိုက်ပါ”

ပရိသတ်ကြီးရေ… လက်ရှိ လူမှု ကွန်ယက်စာမျက်နှာတွေအားလုံးမှာ နာမည်ကြီးနေတဲ့ Anonymous ရဲ့ “ထားလိုက်ပါ” သီချင်းကို အထွေအထူး မိတ်ဆက်ပေးဖို့ လိုမယ်မထင်ပါဘူးနော်။ Anonymous အဆိုပါ “ထားလိုက်ပါ” သီချင်းနဲ့ တစ်နိုင်ငံလုံး အတိုင်းအတာအထိ အောင်မြင်လာခဲ့ပြီး သူကိုယ်တိုင် ဟာလည်း နေရာတစ်နေရာကို ရရှိခဲ့တာပဲဖြစ်ပါတယ်။ Anonymous ရဲ့ “ထားလိုက်ပါ” သီချင်းဟာ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ စိတ်ကြိုက်ဖြစ်ခဲ့ပြီး ရုပ်ရှင်ကုမ္ပဏီ တွေကလည်း ဇာတ်ဝင်တေးသီချင်းအဖြစ် အသုံးပြုဖို့ စာချုပ်ချုပ်ဆိုခဲ့ကြတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ လပ်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်မယ့် “ဖြတ်စ” ရုပ်ရှင်ဇာတ်ကားကြီးမှာ “ထားလိုက်ပါ” သီချင်းကို ဇာတ်ဝင်တေးအဖြစ် အသုံးပြုထားကြောင်း ရုပ်ရှင်ထုတ်လုပ်သူက ချပြလာပါတယ်။ Anonymous ရဲ့ “ထားလိုက်ပါ” သီချင်းကတော့ အခုဆို ရင် နိုင်ငံကျော် ထိပ်ထိပ်ကြဲ … Read more