ထူးအိမ်သင်၊ ဝေးသွားတဲ့အခါနဲ့ မြင့်မိုးအောင် သိဖို့

မြင့်မိုးအောင် မြင့်မိုးအောင် ခင်ဗျားလည်း ငမိုက်သားထဲမှာပါတာပဲ။ ခင်ဗျားနှိပ်ချပြောဆိုလိုက်တဲ့သူက ၁၉၈၀ နောက်ပိုင်းကစပြီး ဒီနေ့အချိန်ထိ သူ့ကို ဘယ်သူမှမမှီသေးဘူးနော် အရေး အဆို ပိုင်းရော Music Theory ပိုင်း မြန်မာနိုင်ငံကအဆိုတော်တွေထဲမှာ တူရိယာမျိုးစုံ တီးတတ်တဲ့အထဲမှာ No.1 ကထူးအိမ်သင် အကုန်တီးတတ်တယ် No.2 ကဦးညီထွဋ် ခင်ဗျားက ပိုနားလည်ပါတယ် ဆေးမချတဲ့ အဆိုတော်ရှိရင်ပြပါအုံး မြင်ဖူးချင်လို့ပါ။ လူပဲဗျာ အိမ်နဲ့အဆင်ပြေတာရှိတယ် မပြေတာလည်းရှိမှာပဲလေ။ လေလွင့်ခြင်းလမ်းမများက ခင်ဗျားရေးတာမှန်တယ် ဆရာငှက်ဆိုလို့ အဲ့သီချင်းက နာမည်ကြီးတာ မယုံရင် အဲ့သီချင်းကို ဂျီဖက်တို့ ဘစိုင်းတို့ ထက်ယံ တို့ i Cool တို့ကို ဆိုခိုင်းကြည့်လေ ခင်ဗျားသိထားဖို့က တေးရေးဆရာက အရေးကြီးတယ်ဆိုတာကိုလက်ခံတယ် ခင်ဗျားက မတောက်တခေါက်ပညာနဲ့ အဲ့သီချင်းကိုရေးခဲ့တာ ခင်ဗျားအဲ့အချိန်က ပချီပါချပ်ပဲရှိသေးတာ။ … Read more

မြို့ကြီးပြကြီးများဆီသို့ တဖြည်းဖြည်း ရောက်ရှိဦးတည်လာနေသည့် စစ်ပွဲများ

၂၀၂၁ ဖေဖော်ဝါရီလမှာ စတင်ခဲ့တဲ့ မြန်မာ့နွေဦးတော်လှန်ရေးဟာ တိုင်းပြည်ထဲက မျိုးဆက်သစ် GenZ များရဲ့ အကြမ်းမဖက် လှုပ်ရှားမှုများ၊ မြို့ပြမှာ အများစုနေထိုင်တဲ့ လူလတ်တန်းစား ပညာတတ်အလွှာနဲ့ (အထည်ချုပ်စက်ရုံအလုပ်သမား၊ မီးရထားဝန်ထမ်းစသည်) အလုပ်သမားလူတန်းစားတွေအတူ ပူးပေါင်းပါဝင်ခဲ့ကြတဲ့ Civil Disobedience Movement အဖြစ် စတင်ခဲ့ပါတယ်။ စစ်အုပ်စုက သွေးထွက်သံယို ရက်စက်စွာနှိမ်နင်းမှုတွေစတင်လာပြီး တရားလက်လွတ် သတ်ဖြတ် ပစ်မှုတွေ၊ လက်နက်မပါဘဲ ဆန္ဒပြနေတဲ့ လူထုထဲကို လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်မှုတွေ၊ အစုလိုက် အပြုံလိုက် ဖမ်းဆီးမှုတွေ၊ နှိပ်စက်မှုတွေ စတင်လာချိန်မှာတော့ လူထုရဲ့ ဆန့်ကျင် လှုပ်ရှားမှုတွေဟာ မြို့ပြကနေ ဗမာကျေးလက်တွေ၊ တောင်တန်းနယ်စပ်ဒေသလူမျိုးစုတွေရှိတဲ့ ဒေသတွေဆီကို ရွေ့လျားလာခဲ့ပါတယ်။ စတင်ခဲ့တုန်းက အကြမ်းမဖက် မြို့ပြ လူထုလှုပ်ရှားမှုအနေနဲ့ ရှိခဲ့ပေမယ့် အဲဒီအချိန်က အာဆီယံနဲ့တကွ နိုင်ငံတကာ … Read more

မြင့်မိုးအောင်…ဆိုတာ..

မြင့်မိုးအောင်…ဆိုတာ..၁၉၉၅-၉၆ လောက်မှာ ပုသိမ်မှာဗျ.. ပုသိမ်စျေးရုံကြီး အဝနားက ဆိုင်ခန်းလေးတစ်ခုမှာ ကတ်ဆက်ခွေဆိုင် ဖွင့်ထားတယ်.. နေတာက..ပုသိမ်တက္ကသိုလ်နားက ရွှေဝတ်မှုံရပ်ကွက်( စစ်တပ်အသိုင်းအဝိုင်းက မြေကွက်တွေယူပြီး အိမ်ဆောက်ထားတဲ့ ရပ်ကွက်) ယောက္ခမက ( အဲ့အချိန်က) ပုသိမ် နတခ ဗိုလ်မှူးတဲ့..။ သူမိန်းမက ပုသိမ်တက္ကသိုလ် သင်္ချာမေဂျာ တက်နေတာ.. သူနဲ့က အသက်အတော်ကွာတယ်.. ဦးနဲ့ သမီးအဆင့် မကဘူး..။ ထူးအိမ်သင်က အရမ်း ပေါက်နေတဲ့အချိန်..။ မြင့်မိုးအောင် ရေးတဲ့သီချင်းတွေကို ဆိုလို့ နာမည်ကြီးလာတာ မဟုတ်ဘူး… သူကိုယ်တိုင် ရေးထားတဲ့ နာရီပေါ်မှ မျက်ရည်စက်များ တေးစီးရီးနဲ့ နာမည်ကြီးခဲ့တာ.. music မှာလည်း ဆရာကျသူ..။ အသေးစိပ် သိပ်မရေးချင်ဘူး..။ စိုင်းခမ်းလိပ် သီချင်းနဲ့ နာမည်ကြီးတဲ့ ဆိုင်ထီးဆိုင်ကို..စစ်တပ်က ဗိုလ်မှူးအဆင့် မြသန်းစံ က … Read more

လေတပ်စခန်း သီးသန့်တိုက်ခိုက်ခြင်း (ရုပ်သံ)

တော်လှန်ရေး အင်အားစုတွေကို အန္တရာယ်အပေးဆုံး ဖြစ်နေတဲ့ လေတပ်ကို သီးသန့်ပစ်မှတ်ထား တိုက်ခိုက်ဖို့ လိုလာပါပြီ။ ရန်သူ့လေတပ်စခန်းတွေ၊ လေယာဥ်မောင်းသမားတွေ၊ လေယာဥ်ထိန်းသိမ်းရေးသမားတွေ၊ လေယာဥ်ဆီ သယ်ပို့မှုတွေ၊ လေတပ်ကို ဆက်သွယ်ထားတဲ့ လျှပ်စစ်ဓာတ်အားလိုင်းတွေကို ပုံမှန် ပစ်ခတ် တိုက်ခိုက်ဖို့လိုပါတယ်။ အာဖဂန်စစ်ပွဲမှာ ကမ္ဘာ့အင်အား အကြီးဆုံးလေတပ် ပိုင်ဆိုင်ထားတဲ့ အမေရိကန် လေတပ် အခြေစိုက်စခန်း တွေကို မော်တာတွေ၊ ဒုံးကျည်တွေ နဲ့ ပုံမှန် ပစ်ခတ်တိုက်ခိုက်ပြီး ရန်သူ့လေတပ် နဲ့ လေယာဉ်အမှုထမ်းတွေ၊ မြေပြင် ပြုပြင်ထိန်းသိမ်းရေးသမားတွေကို ခြိမ်းခြောက် ခဲ့ကြပါတယ်။ အကြမ်းဖက် စစ်တပ်မှာ မှော်ဘီလေတပ်၊ ကျောက်ထုလေတပ်၊ လားရှိုးလေတပ်၊ မကွေးလေတပ်၊ မင်္ဂလာဒုံလေတပ်၊ မုံရွာ လေတပ်၊ မြိတ် လေတပ်၊ မြစ်ကြီးနား နမ့်ပေါင် လေတပ်၊ နမ့်စန် လေတပ်၊ … Read more

တေးရေး မြင့်မိုးအောင်ကိစ္စ “မြန်မာပြည်က လူတွေ ဆင်ခြင်ခြင်းတွေ ပျောက်ကြပြီ”တဲ့

ကိုမြင့်မိုးက ဒါ့ထက်မကပြောလို့ရပါတယ်။ ကိုမြင့်မိုးနဲ့ထူးအိမ်သင်ဆိုတာ လင်မယားလိုပဲ။ ထူးအိမ်သင်ရှိရင် သူပြောတာ သက်သက်ညှာညှာပါဗျာလို့ ရယ်ပြောမှာ။ အဆဲလေးနဲ့ စပြီးတော့ပေါ့။ မယုံရင်ကြွက်နီမေးကြည့်။ သောက်ပိုတွေလုပ်မနေကြနဲ့။ ပုံ/ပုသိမ်သူ ဟဲ့ နင်တို့မေမေစုလဲ အေဘီတွေနဲ့တွေ့တော့ လိမ်မာသွားပြီလားမေးတာနော်။ ဆဲကြဦး။ လူရွေးပြီးမဘလိန်းနဲ့။ ဟွန်း ငါတို့ခေတ်ကလေ ဆိုးတဲ့ကောင်တွေပဲ တောခိုတာ။ လိမ်မာတဲ့ကောင်တွေကျောင်းဆက်တက် စစ်တပ်ဖား ရာထူးတွေယူ ချမ်းသာလာသူတွေက မေမေစုခေါ်ပြီး ရဲရဲတောက်ကြတာ၊ တောထဲကပြန်လာသူတွေကို ကျောင်းမပြီးခဲ့လို့အကန့်နဲ့ဆက်ဆံသေးတယ်။ အမယ်ခုကျ တောခိုတာ ဆိုးတယ်ဆိုလို့ ဒေါသတွေထွက်ပြ😁 မြို့ခိုသူတွေက 🙄😐 ဘာပြသနာဖြစ်ဖြစ် ရေဆုံးရေဖျား လိုက်တတ်တာ ကျမ။ အခု မူရင်းလင့်ရလာပြီ ။ ပထမ တင်သူကသာ စိတ်ယုတ်မာနဲ့ ဖြတ်ချပြီး တင်လိုက်တာ။ စကားဆက်တွေပါ ဆက်နားထောင်ရင် ကိုမြင့်မိုး စကားကို နားလည်လိမ့်မယ်။ လေလွင့်ခြင်းလမ်းမများ … Read more

စွပု ရဲ့ ကြေကွဲသံစဥ်

ဝယ်ထားတဲ့ လေယာဥ်က အကြွေးမကြေသေးလို့ ငိုချင်နေရတဲ့အထဲ လေယာဥ်ဆီတင်တဲ့ သင်္ဘောကပါ ဖောက်ခွဲခံလိုက်ရပြန်တယ် အခုလည်း ရခိုင်က သံချပ်ကာကားတွေကို မီးဖုတ်လိုက်ပြန်ပြီတဲ့ မအလကို ကျိန်စာတွေဆူးတာများ စောက်အကုသိုလ်ဆိုတာ ဝင်ပြီဆိုရင် အဖော်နဲ့အပေါင်းနဲ့ တပြုံတမကြီးလာတာ ပျော်ရဲ့လား ဟေ့ ! မောင်တို့ ရေ ! ပျော်တယ်ဟေ့ ! ပျော်တယ်ဟေ့ !!! GenZPhoeMaung

ရက္ခိုင်တပ်တော်၏ အောင်မြင်မှု များ နှင့် အိန္ဒိယ၊ ထိုင်း တို့ လှုပ်နှိုးခံရပြီ

ရက္ခိုင်တပ်တော် AA သည် ၂၀၂၃ နိုဝင်ဘာ ၁၃ မှစ၍ အကြမ်းဖက် စစ်တပ် အား ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စစ်စခန်းပေါင်း ၁၇၀ ကျော် နှင့် မြို့ ကိုး မြို့ကို သိမ်းယူနိုင်ခဲ့ပြီ ဖြစ်သည်။ စစ်တပ် အတွက် တပ်များ ရွှေ့ပြောင်းရေး တွင် လွန်စွာ အသုံးတည့်လှသည့် ကမ်းတက်စစ်ရေယာဉ် လေးစီးကိုလည်း ဖျက်ဆီးပစ်နိုင်ခဲ့သည်။ (ပုံတွင်ရှု) မြို့တော် စစ်တွေ တွင်လည်း အုပ်ချုပ်ရေး ပျက်ပြားသွားပြီ ဖြစ်၍ ပြည်နယ် အစိုးရသည် သံတွဲ တွင် စစ်ပြေး အစိုးရ အဖြစ် ရောက်ရှိ နေပြီဟု သတင်းများက ဆိုသည်။ ရက်ပေါင်း ၉၀ ကာလ အတွင်း စစ်ကောင်စီ သစ္စာခံ … Read more

ကျန်ရစ်သူရဲ့အလွမ်းစာ

အခုလာမဲ့ ၂၈ ရက်နေ့ဟာဆိုရင် ကျွန်တော်ရဲ့ တဦးတည်းသော အမွှာညီလေးဖြစ်တဲ့ ညီညီအောင်ထက်နိုင် တိုင်းပြည်အတွက် အာဏာရှင်စနစ်ကို ဆန့်ကျင်ရင်း နွေဦးတော်လှန်ရေးအတွက် အသက်ပေးသွားခဲ့တာ ၃နှစ်ပြည့်ခဲ့ပါပြီ။ အဲ့အချိန်တုန်းက ညီအကို နှစ်ယောက် အတူတူ လမ်းမ‌ထက်မှာ အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြရင်း အိမ်အပြန်ခရီးမှာ ညီ‌လေးမပါဘဲ တယောက်ထဲပြန်ရမယ်လို့ ဘယ်ထင်မိခဲ့မှာလဲ။ အကိုတစ်ယောက်အနေနဲ့ ညီလေးကို ကိုယ့်အနီးနားလေးတင် ကြွေလွင့်သွားရတယ်ဆိုတဲ့ အရာကြီးက ကျွန်တော်အတွက် နာကျင်ရသမျှထဲမှာ အဆိုးဆုံးပါပဲ။ ညီလေးနဲ့သာ ပြန်ဆုံခွင့်ရခဲ့ရင် ပြောချင်တဲ့စကားတွေကိုမှ အများကြီးပါပဲ။ ညီလေးကို သတိရတယ်။ ကျွန်တော်တို့ ညီအကိုအချင်းချင်းပဲ နားလည်နိုင်တဲ့ ဆက်ဆံရေးတွေ၊ ဖြတ်သန်းခဲ့ရတဲ့ အခိုက်အတန့်အားလုံးကို သတိရတယ်။ ငါ ဘာတွေ ဖြတ်သန်းခဲ့ရတယ်၊ ဘယ်လိုတွေ ဖြတ်သန်းနေလဲဆိုတဲ့ အကြောင်းတွေ၊ ညီလေးရော ငါ့ကို ဘာပြောစရာတွေရှိလဲ၊ ဘာတွေ … Read more

မကြာပါဘူး..ပါသွားတာပဲ

မိုးမိတ်နဲ့ မဘိမ်းမြို့ကို စောက်ပုက မာရှယ်လော ထုတ်ပြန်သတဲ့🤣 လောက်ကိုင်၊ ကုန်းကြမ်းဝောာ့ အဲ့လိုထုတ်ပြီး မကြာဘူး ပါသွားဝာာပဲ🤣 “KIA အုပ်ချုပ်​နေတဲ့ မဘိမ်းမြို့” ဒီနေ့ မင်းအောင်လှိုင်ရဲ့ ပြည်ပြေး စစ်တပ်က မဘိမ်းမြို့ကို အဝေးကနေ စစ်အုပ်ချုပ်ရေး ကြေညာတယ်.. မဘိမ်းမြို့ထဲမှာ စစ်ကောင်စီနဲ့ ပတ်သက်တာ ဘာရှိလဲ ဆိုတော့ ရုံးအခွန်တွေပဲ ကျန်ခဲ့တယ်.. ဒါကို စစ်အုပ်ချုပ်ရေး ကြေညာသတဲ့လား.. မှတ်မိကြသေးလား.. ရှမ်း​မြောက်တုန်းကလဲ အခုလိုပဲ မြို့တွေကို စွန့်လွှတ်ရပြီ ဆိုတော့မှ မာရှယ်လော ကြေညာခဲ့တာလေ.. ဂေါင်းကြီးတွေ ငစားပဲ.. လည်တော့လည်တယ် နောက်ပြန်ကြီး.. ငလူး.. နောက်ဆိုရင် ခွေးပုက ရုစကီးကနေ နေပြည်တော်ကို စစ်အုပ်ချုပ်ရေး ဆိုပြီး လှမ်းကြေညာနေမလား မသိဘူး.. အ..ဟစ်..ဟစ်..🤣

“ဆယ့်ကိုးဖာပွန် တမလွန် ဖာပွန်ဆယ့်ကိုး အဖြစ်ဆိုး ” ဆိုပြီး ငိုကြတဲ့ ခေတ်တစ်ခေတ်ရှိခဲ့ဖူးပါတယ်

တာမခန် ငှက်ကင်ကိစ္စ ဖြစ်နိုင်ချေ နည်းပါတယ်။”မီးခိုးတွေ မည်းသွားတယ်” ဆိုတာ ကြီးကလည်း ဒုတိယကမ္ဘာစစ် ရုပ် ရှင်ဆန်နေပါတယ်။မည်သို့ပင်ဆိုစေကာမူ တာမခန် ကိုလှရွှေစခန်း နဲ့ ပုသိမ်ကြီးတပ် ၁၁၉ ထိုင်ထားတဲ့ နမ့်ရေစခန်းကိုလည်း မွန်းမတည့်ခင်တည်းက ကီယာတို့ အိတ်ကပ်ထဲ ထည့်လိုက်ပါပြီ။မနေ့တည်းက မှန်းထားတယ် ရလောက်ပြီလို့။ ဖားကန့်ဂွင်ထဲမှာ ဒီနှစ်အတွင်း ဝှေခါ နဲ့ နမ့်တိန်း စခန်းနှစ်ခု ရထားပြီးဖြစ်လို့ ဒီလ စခန်းနှစ်ခု သိမ်းနိုင်တာဖြစ်ပါတယ်။ညဘက်ကြီး ဆိုင်းတောင်မှာလည်း ပစ်ခတ်သံတွေကြားရပါတယ်။စကစရဲ့ ကြောက်လန့်တကြား ပုလဲရထား(ပစ်ရှင်း) တာလား။နှစ်ဘက်‌ထိတွေ့မှုလား ဆိုတာတော့ အခုမနက်မှသိရပါလိမ့်မယ်။ကာမိုင်း ၈မိုင် လမ်းခွဲကနေ မန်ရွက်ဘက်ကို စစ်ကြောင်းချီလာတဲ့ စကစ တပ်ကိုလည်း ကီယာတို့ Inbush အောင်မြင်ထားပါတယ်။အဲဒီစစ်ကြောင်းဟာ မိုးကောင်းကနေ လာတာဆိုတော့ စကခ ၃ စုပေါင်းစစ် ကြောင်း … Read more