Tag: Article
-
Mpox ကျောက်ရောဂါ သတိပြုပါ
Mpox ကျောက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများသတိပြု ရှောင်ကျဥ် နိုင်ရန် အမျိူးသားညီညွတ်ရေးအစိုးရ(NUG) ကျန်းမာရေးဝန်ကြီးကသြဂုတ် ၂၂ ရက်တွင်ထုတ်ပြန်သော ပြည်သူလူထုကို အသိပေးနှိုးဆော်ချက်ကို People’s Spring ကဖော်ပြပေးလိုက်ပါသည်။ 🔴 အဓိကအချက်များ 🦠 Mpox ကျောက်ရောဂါသည် Monkeypox ဗိုင်းရပ်ကြောင့်ဖြစ်ပွားသည့်ရောဂါဖြစ်ပြီး Clade I နှင့် Clade II ဟူ၍ မျိုးကွဲ ၂ ခု ရှိပါသည်။ 🦠 အဖြစ်များသော လက္ခဏာမှာ အရေပြားတွင် အနီစက်၊ အနီကွက်များ (၂) ပတ်မှ (၄) ပတ်ကြာသည်အထိ ဖြစ်ပွားနိုင်ပါသည်။ အနီစက်၊ အနီကွက်များ ထွက်ပေါ်သည်နှင့်တစ်ပြိုင်နက်တည်း သို့မဟုတ် ထွက်ပေါ်ပြီးနောက် ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားများ ကိုက်ခဲခြင်း၊ ကျောအောင့်ခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ ပြန်ရည်ကြောဂလင်းအဖုများ…
-
ဒီပဲယင်း…
ဒီမြို့မှာ အံကြိတ်ရ တက်ခေါက်ရတဲ့ အဖြစ်အပျက်တွေ ရှိခဲ့တယ်…။ ကဗျာဆရာ လှသန်း ရဲ့ ကြည်မောင်သန်း ကလောင်အမည် နဲ့ ဒီပဲယင်း ကို ဖွဲ့တဲ့ “ဒီပရင်္ဂ” ကဗျာထဲက လက်သီးကို ကျစ်ကျစ်ဆုပ်ပြီး ရွတ်ဖတ်ရတဲ့ စာကြောင်းလေးတွေ…။ မကြာသေးခင် ရက်ပိုင်းက နွေဦး တော်လှန်ရေး တပ်ဖွဲ့တွေ ဒီပဲယင်း မြို့သိမ်းတိုက်ပွဲ ဆင်နွှဲတော့ လက်သီးဆုပ်လိုက် မိသေးတယ်။ ဒီပဲယင်းကို မျက်ရည်တွေ၊ သွေးတွေနဲ့ လိမ်းကျံ စွန်းထင်းစေခဲ့တဲ့ ရာဇဝင်ကျွေးကို တော်လှန်ရေး တပ်ဖွဲ့တွေက ပြန်လည် တောင်းယူနေပြီလို့…။ ၂၀၂၂ ခုနှစ် စက်တင်ဘာလ အတွင်း စကစ စစ်တပ်က ရဟတ်ယာဉ်နဲ့ ပစ်ခတ် တိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်း ဒီပဲယင်း မြို့နယ် လက်ယက်ကုန်း ရွာက သွေးစွန်း…
-
ဆရာမ ဒေါ်ရတီအုန်း (သို့မဟုတ်) တပွင့်နှင်းဆီ ရဲရဲနီ
လက်နက်ကြီးပစ်ခတ်သံများ အဆက်မပြတ် ကြားနေရသော်လည်း ဒေါ်ရတီအုန်း အပါအဝင် နေအိမ်ရှိ လူများသည် အန္တရာယ်ကို ဂရုမစိုက်နိုင်အား။ ဗိုက်နာနေသည်မှာ ၁၅ နာရီခန့် ရှိပြီဖြစ်သည့် ကိုယ်ဝန်ဆောင် အမျိုးသမီးကိုသာ စိတ်ပူနေကြပြီး ဒေါ်ရတီအုန်းမှာလည်း ယင်းကိုယ်ဝန်ဆောင် အမြန်ဆုံး မီးဖွားနိုင်ရေးကိုသာ အာရုံစိုက်လုပ်ဆောင်နေသည်။ သားဖွားဆရာမအဖြစ် ကူညီနေသည့် ဒေါ်ရတီအုန်းအတွက် ယခုအတွေ့အကြုံသည် ပထမဆုံးအကြိမ် ဖြစ်သောကြောင့်လည်း စိုးရိမ်ပူပန်မှုက အပြည့်။ သားဖွားဆရာမဖြစ်သူ မိခင်ထံမှ လက်ဆင့်ကမ်း အတွေ့အကြုံများနှင့် မိတ်ဆွေ သားဖွားမီးယပ်ဆရာဝန်၏ ဖုန်းဖြင့် အကြံပေးမှုများအတိုင်း ဒေါ်ရတီအုန်း ကြိုးပမ်းလုပ်ဆောင်ခဲ့ရာ နှစ်နာရီခန့်အကြာတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးအား အောင်မြင်စွာ မီးဖွားပေးနိုင်ခဲ့သည်။ သို့သော်လည်း ယင်းအချိန်က ဖြစ်ခဲ့သည့် စိတ်လှုပ်ရှားမှုနှင့် စိုးရိမ်မှုကို သူ မမေ့။ လက်နက်ကြီး ပစ်ခတ်သံများကြား ခက်ခက်ခဲခဲ မွေးဖွားပေးခဲ့ရသည့် ကလေး၏ဖခင်မှာ…
-
တ.လ.ရ ဟာ 😇ကျနော်တို့ ထင်ထားတာထက်🫡 ပိုမြန်မယ်
မင်းအောင်လှိုင်ဟာ သူ့ေ-သ-တွင်း-သူ-တူး-ပြီး ခုန်ဆင်းသွားပြီမို့ တော်လှန်ရေးက ခဗျ-ားတို့ ကျနော်တို့ ထင်ထားတာထက် ပိုမြန်တော့မယ်လို့ ေ-သ-ေ-သ-ချာချာ အာမခံပြီး ပြောနိုင်ပြီဖြစ်တယ် ဒီကနေ့မှာ စစ်ကောင်စီကဦးဆောင်ပြီး ရန်ကုန်နဲ့ နေပြည်တော်မှာ MNDAA ဆန့်-ကျင်ရေး တရု-တ်ဆန့်-ကျင့်ရေး ဆန္ဒပြပွဲတွေ ပြုလုပ်သွားတယ် အမျိုးသားရေး-အ-မည်-ခံ ၅၀၀၀ စ-ားတွေ မျိုး-ချစ် မျိုး-ညစ် အမည်ခံ မ-ဘ-သတွေနဲ့ အကြ-မ်းဖက်စစ်တပ်ကို ထောက်ခံသူတွေ ပါဝင်တဲ့ ဆန္ဒပြသူတွေဟာ MNDAA ဆန့်-ကျင်ရေးအပြင် တရု-တ်အစိုးရကိုပါ အကြ-မ်းဖက်သမားတွေလို့ စွပ်-စွဲ-သွားကြတယ် “စစ်-သွေး-ကြွ MNDAA” “ယူ-နန်-တရု-တ် အကြ-မ်းဖက်များ” အစရှိသော တရု-တ်လူ-မျိုး စကားလုံးကို အခြေခံသော လူ-မျိုး-ရေး-ခွဲ-ခြားသော စကားလုံးများဖြင့်လည်း ကြွေး-ကြော်-ခဲ့ကြသေးတယ်လို့ စစ်တပ်လော်ဘီ ချန်နယ်များတွင် ရေးသားထားကြတယ်လို့ မြန်မာနောင်းမ်မှာ ဖော်ပြတယ် ဒါပြင် မနေ့က မင်းအောင်လှိုင်ဟာ…
-
မင်းအောင်လှိုင်၏ သွေးပျက် စကား
မင်းအောင်လှိုင်သည် ယမန်နေ့ည က ဂယောင် ခြောက်ချား ဖြင့် ရုပ်မြင်သံကြား ရှေ့ ထွက်ရပ်ကာ နိုင်ငံသို့ ၎င်းတို့ ရှုံးနိမ့်မှု များ ကို ဝန်ခံသွားခဲ့သည်။ ၎င်း၏ စကားများထဲတွင် တိုင်းရင်းသား လက်နက်ကိုင် များ နှင့် ပြည်သူ့ကာကွယ်ရေး တပ်များသည် နယ်စပ်ဒေသများ မှ တဆင့် အဆင့်မြင့် လက်နက်များ ရရှိနေပြီး၊ MNDAA အား ပြည်ပ ကြေးစား နည်းပညာရှင်များ” က အဆင့်မြင့် ဒရုန်းများ တပ်ဆင်ပေးထားသည်ဟု စွပ်စွဲ ပြောဆိုသွားသည်။ ယင်းသည် စစ်တပ်ကို ထောက်ခံနေသူ များ အတွက် မည်သို့မျှ အားတက်စရာ ဖြစ်မလာသည့် အပြင် ရေးထားသော စာရွက်ကို ဖတ်ပြနေခြင်း မျိုး ဖြစ်နေသည်။ “ငါ…
-
ဒါဖတ်ပြီးမှ တခြားမြို့ကို ရှောင်ဖို့ စဉ်းစားကြပါ (မန္တလေး၊ ပြင်ဦးလွင်တို့ အရေးကြီးပါတယ်)
ဒါဖတ်ပြီးမှ တခြားမြို့ကို ရှောင်ဖို့ စဉ်းစားကြပါ (မန္တလေး၊ ပြင်ဦးလွင်တို့ အရေးကြီးပါတယ်) ကိုယ်နေတဲ့ မြို့ပတ်ဝန်းကျင်မှာ ပွဲဖြစ်ဖို့ အရိပ်အငွေ့တွေ ပြနေပြီဆိုရင် အရေးကြီးစာရွက်စာတမ်းတွေ တန်ဘိုးရှိ လက်ဝတ်လက်စားတွေနဲ့ ငွေသားတွေကို တပါတည်းယူသွားဖို့ စီစဉ်ထားပါ ကိုယ်တွေ့ကြုံခဲ့ရတဲ့ မိုးကုတ်၊မိုးမိတ် အတွေ့အကြုံအရ အိမ်မှာချန်ထားခဲ့တဲ့သူမှန်သမျှ ဘာတစ်ခုမှပြန်မရခဲ့ကြပါဘူး (အနည်းငယ်သောသူများမှအပ) မီး-ခံသေတ္တာ တို့ ကျင်းတူးပြီးမြုပ်တာတို့ကို သကောင့်သားတွေကနည်းသေးတယ်လို့ မှတ်ချက်ပေးသွားကြပါလိမ့်မယ်(ရွှေရှာစက်နဲ့လာကြတာပါ) အထုတ်ကြီးမယ်ဆိုရင်တော့ ရန်ကုန် မန္တလေး ကစိတ်ချယုံကြည်ရသူတွေရှိခဲ့ရင် ကြိုတင် ပို့ထားပါ ကိုယ်ထွက်မယ့်လမ်းကို ကြိုတင်ကြည့်ပါ သားသမီးကို လမ်းကြုံနဲ့ထည့်ပေးလိုက်တာမျိုးကိုရှောင်ကျဉ်ပါ (အဲ့လိုလူတွေပဲ ပြန်မတွေ့ရမချင်းမျက်ရည်နဲ့မျက်ခွက် မပြတ်တမ်း ငိုကြရလို့ပါ) ခဏခေတ္တရှောင်ဖို့နေရာရွေးထားရင်လည်း အဲ့ဒီနေရာမှာရိက္ခာ အခြောက်အခြမ်း လုံလောက်ရဲ့လားအရင်လေ့လာပါ တခြားမြို့တစ်မြို့ကိုဆက်သွားလို့ရမယ့်လမ်းကိုရွေးပါ (လမ်းပိတ်နေရာတွေက ရက်ကြာရင် စားစရာပြတ်တတ်ပါတယ်) မိုးကုတ်ကနေ မန္တလေးရောက်ဖို့ ကားခတယောက်ကို ၅သိန်းလောက်ပေးခဲ့ရတယ်…
-
ရမခ ကျရှုံးချိန်မှာ အာဏာသိမ်းခေါင်းဆောင် ဘာလုပ်ခဲ့လဲ
စစ်တပ်သမိုင်းတလျှောက်တွင် အဆိုးရွားဆုံးနေ့ရက်များကို ကြုံတွေ့နေရချိန်တွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က လုံခြုံရေးအထပ်ထပ်ချထားသည့် နေပြည်တော်၌ ၎င်း၏ အာဏာဆွဲဆန့်နိုင်ရေးကိုသာ ကြိုးပမ်းနေခဲ့သည်ကို တွေ့ရသည်။ စစ်တပ်အတွက် အစဥ်အလာကြီးမားသည်ဆိုသော အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်(ရမခ)ကို MNDAA ဦးဆောင်သော တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များက အပြီးသတ်စီးနင်းသိမ်းပိုက်ချိန်(သြဂုတ် ၃ ရက်)တွင် အာဏာသိမ်းစစ်ခေါင်းဆောင်က မြန်မာ့မီးရထားစက်ခေါင်းသစ်တပ်စက်ရုံနှင့် အမျိုးသားပြတိုက်တို့ကို သွားရောက်ကြည့်ရှုနေခဲ့သည်။ ယင်းမတိုင်မီ ရမခရှိ ရာနှင့်ချီသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ ထိခိုက်ဒဏ်ရာများဖြင့် အသက်လုနေရချိန်၌လည်း မင်းအောင်လှိုင်က ယာယီသမ္မတတာဝန်ကို ၎င်းကိုယ်၎င်း ခန့်အပ်ကာ ၎င်း၏စစ်ကောင်စီသက်တမ်း ၆ လတိုးခဲ့သည်။ “တစ်ခါမှမကြုံဖူးတဲ့ အဖြစ်ဆိုးတွေ ကြုံနေရတာတောင် မင်းအောင်လှိုင်က ဆင်ဖြူတော်ရှာခိုင်းတာတို့၊ ဆိုကရေးတီးပြိုင်ပွဲ ကျင်းပခိုင်းတာမျိုးတို့၊ ဒါမျိုးပုံစံမျိုးကို ဟန်မပျက်လုပ်ပြနေတဲ့ အနေအထားအထိ ရောက်နေတယ်။ ဆိုလိုတာက သူတို့ အပြုံးမပျက်ပါဘူး။ သူတို့ ဘာမှ မဖြစ်ပါဘူးဆိုတဲ့ ပုံစံမျိုးနဲ့…
-
ဘွဲ့ရစစ်ဗိုလ်များ ဗိုလ်ချုပ်ဖြစ်မလာတော့
စစ်ကောင်စီတပ်၏ စစ်တိုင်းမှူးများထဲတွင် အရပ်ဖက်မှ ဘွဲ့တခုရပြီး စစ်ဗိုလ်ဖြစ်လာသော Officer Training School-OTS ကျောင်းဆင်း စစ်ဗိုလ်ချုပ်များကို ယခု မတွေ့ရတော့ပေ။ ၂၀၂၄ ခုနှစ် ဇူလိုင်လဆန်းပိုင်းတွင် တွေ့ရသော စစ်တိုင်းမှူး ဗိုလ်ချုပ် ၁၄ ဦးတွင် Defence Service Academy-DSA ကျောင်းဆင်း ၈ ဦးနှင့် အလုပ်သင် ဗိုလ်သင်တန်း ကျောင်းဆင်း ၆ ဦးတို့သာ တွေ့ရနိုင်ပြီး OTS ကျောင်းဆင်း တဦးမှ မတွေ့ရတော့ပေ။ မြန်မာစစ်တပ်တွင် စစ်ဗိုလ်သင်တန်းကျောင်း ၃ ခုရှိသည်။ DSA နှင့် အလုပ်သင် ဗိုလ်သင်တန်းကျောင်းများသည် ၁၀ တန်းအောင်ပြီး တက်ရောက်ရပြီး OTS ကျောင်းသည် ဘွဲ့ရပြီးသူများ တက်ရသည့် ဗိုလ်သင်တန်းကျောင်း ဖြစ်သည်။ အလုပ်သင်ဗိုလ်သင်တန်းကျောင်းသည် ၁၀…
-
မန္တလေးအိမ်အပြန် (သို့မဟုတ်) သပြေညိုနှင့် ပြည်တော်ဝင်ခရီး
“မန္တလေးဟာ ဂရိဒဏ္ဍာရီထဲမှာပါတဲ့ ဖီးနစ်ငှက်နဲ့တူတယ်။ ဖီးနစ်ငှက်ဟာ ပြာပုံထဲက ပြန်လည်လန်းဆန်းနုပျိုလာသလို၊ မန္တလးဟာလည်း ပြာပုံထဲက ရုန်းထပြီး နုပျိုလန်းဆန်းလာတာချည်းပဲ” အထက်ပါ စကားသည် တောင်သမန်ရွှေအင်းက လေညှင်းဆော်တော့ စာအုပ်တွင် စာရေးဆရာကြီး မြသန်းတင့်၏ မှတ်ချက်ဖြစ်သည်။ မန္တလေးဟု ဆိုလိုက်လျှင် မြန်မာတို့၏ နောက်ဆုံးမင်းနေပြည်တော်အဖြစ် မြို့ရိုး၊ ကျုံး၊ နန်းတော် ၊ ရွှေပဟိုရ်စည်သံတို့ဖြင့် ဂန္ထဝင်ဆန်သော ပုံရိပ်များက မန္တလေး၏ အမှတ်သင်္ကေတအဖြစ် စိတ်ထဲစွဲသည်။ ယင်းကား မန္တလေး၏ အပြင်ပိုင်း သင်္ကေတဖြစ်ပေလိမ့်မည်။ ကိုလိုနီနယ်ချဲ့စနစ်ကို ရဲရဲရင့်ရင့် ရင်ဆိုင် ခုခံမှုများ၊ စစ်ကြီးများအကြား ရှင်သန်ထူထောင်မှုများ၊ ဘေးအန္တရာယ်များအကြား ရုန်းထမှုများ၊ စစ်အာဏာရှင်စနစ်တိုက်ပွဲ အဆက်ဆက်တွင် ပေးဆပ်ခဲ့သည့် မန္တလေးလူထု၏ သွေးသတ္တိစသည်တို့သာလျှင် မန္တလေး၏ နက်နဲသော အတွင်းကျကျ သင်္ကေတ (ဝါ) အဇ္ဇျတ္တ…
-
စစ်သားတိုင်း အတွက် နောက်ဆုံးအချိန်
တော်လှန်ရေးတပ်တွေက မြို့ပေါင်း ၇၀ကျော်က စစ်တပ်စခန်းတွေကိုထိုးစစ်ဆင် သိမ်းပိုက်ပြီးနောက် သမိုင်းမှာ ပထမဆုံးအကြိမ် စစ်ကာင်စီရဲ့ တိုင်းစစ်ဌာနချုပ်တစ်ခုကိုပါ သိမ်းပိုက်နေတာကိုမြင်တွေ့နေကြရပြီဖြစ်ပါတယ် ။ စစ်တပ်သမိုင်းမှာ တိုင်းစစ်ဌာနချုပ် ဆုံးရှုံးခဲ့ရတာမျိုးမရှိခဲ့ဖူးပေမယ့် နွေဦးတော်လှန်ရေးမှာတော့ မကြုံဖူးတဲ့ အရှုံးရဲ့အရသာကို အာဏာလုစစ်အုပ်စု ခံစားနေကြရပါပြီ ။၁၉၆၂ စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး တိုင်းပြည်ရဲ့ အကောင်းဆုံးရင်းမြစ်အားလုံးကို စုပ်ယူပြီး ပြည်သူတွေအပေါ် ဆယ်စု ငါးခုကျော် ဖိနှိပ်ခဲ့တဲ့ စစ်တပ်တစ်ခုရဲ့ ကျရှုံးခန်းကို ယနေ့ မြန်မာပြည်သူတွေ မျက်မြင်သက်သေတွေအဖြစ် မြင်တွေ့ခွင့်ရနေကြတဲ့ကာလတွေပဲဖြစ်ပါတယ် ။ ဒါကြောင့် လူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်း ပြောသလို စုံးစုံးမြုပ်လာနေတဲ့ သင်္ဘောပျက်ကြီးပေါ်က အမြန်ဆုံး ခုန်ချနိုင်တဲ့သူဟာ အသက် ချမ်းသာရမှာ ဖြစ်ပါတယ်။သင်္ဘောပျက်ကြီးပေါ်က စစ်ကောင်စီတပ်သားတွေအနေနဲ့အမြန်ခုန်ချ မှ အသက်ရှင် လွတ်မြောက်မှာဖြစ်သလို စစ်ရာဇဝတ် ကောင်အုပ်စုဆီက အမြန်စွန့်ခွာရမယ့်အချိန်ရောက်နေပါပြီ။ စစ်အုပ်စုကိုစွန့်ခွာပြီး ပြည်သူ့ရင်ခွင်…