Tag: Feature

  • “အလွယ်မယုံနဲ့”

    “အလွယ်မယုံနဲ့”

    သင်္ဘောသုံးစင်း ဖြစ်စဉ်ကြောင့် ကလေးတွေ သေဆုံးရပါတယ်လို့ နာဂစ်မုန်တိုင်းက ဓာတ်ပုံတွေကို အသုံးပြုပြီး ဖြန့်ဝေလာတဲ့ လုပ်ကြံသတင်းဖြန့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့၊ ညရှစ်နာရီ အချိန်ခန့်က စပြီး Myanmar Hard Talk (MHT) အမည်ရ စစ်ကောင်စီရဲ့ လော်ဘီ သတင်းမီဒီယာရဲ့ တယ်လီဂရမ်ချန်နယ်ကနေ ‘ကျောက်တော်ဖြစ်စဉ်အတွင်း အသတ်ခံရသည့် ကလေးငယ်များ’ လို့ ခေါင်းစဉ်တပ်ပြီး ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်မှုကြောင့် နစ်မြုပ်သွားတဲ့ စစ်ကောင်စီ၏ စစ်သင်္ဘော သုံးစင်း ဖြစ်စဉ်ကို လုပ်ကြံသတင်းဖန်တီးပြီး စတင်ဖြန့်ဝေလာပါတယ်။ အဲဒီတယ်လီဂရမ်ပိုစ့်ကို Myanmar Hard Talk အမည်ရ စောင့်ကြည့်သူ သုံးသောင်းကျော်ရှိတဲ့ တယ်လီဂရမ်ချန်နယ်ကနေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့၊ ည ၈…

  • ကိုယ်အသက်ကိုယ် နှမျောရင် ဝင်ဖတ်သွား

    ကိုယ်အသက်ကိုယ် နှမျောရင် ဝင်ဖတ်သွား

    by

    in

    ခရီးသွားနေတာတှေ ရပ်လိုက်ပါ.. နယ်တွေ မြို့တွေမှာ ပြင်ပအသွားအလာ ဂရုစိုက်ပါ .. စစ်မှုထမ်းရန် ဆင့်ခေါ်စာ ၊ အတည်ပြုစာထဲမှာပါတဲ့ ပြည်နယ် ၊ ခရိုင် ၊ မြို့ စုဆောင်းရေး ဆိုတာ စာထဲမှာပဲ ရှိတာ ၊ ကြားကောင်းအောင် ရေးထားရုံသက်သက်ပဲ .. တကယ်က ဒီလိုဖြစ်လာမယ်.. ရပ်ထဲ ရွာထဲ ကို စစ်ကား ထိုးဆိုက်လာမယ် တစ်အိမ်မှာ စစ်မှုထမ်းနိုင်တဲ့အရွယ် နှစ်ယောက်ရှိရင် တစ်ယောက် ကို ခေါ်မယ်.. ဘာမှမမေးမြန်းပဲ ကားပေါ်တင်မယ်.. တပ်ထဲရောက်မှ အမည် ၊ အသက် ၊ မိဘ ၊ နေရပ်လိပ်စာ ၊ ပညာအရည်အချင်း မေးမယ် .. ပြီးရင် အခြေခံစစ်သင်တန်း ကို ပို့မယ်…

  • ပြည်သူတိုင်း မဖြစ်မနေ စစ်မှုထမ်းခိုင်းမည့် ဥပဒေသည် ဆန့်ကျင်ဘက် ရလဒ်သာဖြစ်စေမည်ဖြစ်ပြီး တရားမဲ့စစ်အာဏာရှင်ကို ပြန်လည် တိုက်ခိုက်ရန်သာရှိတော့သည်

    ပြည်သူတိုင်း မဖြစ်မနေ စစ်မှုထမ်းခိုင်းမည့် ဥပဒေသည် ဆန့်ကျင်ဘက် ရလဒ်သာဖြစ်စေမည်ဖြစ်ပြီး တရားမဲ့စစ်အာဏာရှင်ကို ပြန်လည် တိုက်ခိုက်ရန်သာရှိတော့သည်

    သိသိသာသာ စစ်မြေပြင်နှင့် နယ်မြေ ဆုံးရှုံးမှုများအပြီးတွင် ၎င်းတို့ကိုယ်ကိုယ်စစ်ကောင်စီဟုခေါ် သောယူနီဖောင်းဝတ် အဓမ္မဂိုဏ်းသည် မဖြစ်မနေစစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေ ၂၀၁၀ ကို စတင်အသက်ဝင်ကြောင်း ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညပိုင်းတွင် ကြေညာခဲ့သည်။ အဆိုပါ ဥပဒေကို ယခင်စစ်အစိုးရခေတ် က ၂၀၁၀ ခုနှစ်တွင်ပြဋ္ဌာန်းခဲ့သော်လည်း အသက်ဝင်ခဲ့ခြင်းမရှိပေ။ အဆိုပါဥပဒေတွင်အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်ကြား အမျိုးသမီးများအား ၂ နှစ်မှ ၅ နှစ်အထိ တာဝန်ထမ်းဆောင်ရန် စစ်တပ်ကဆင့်ခေါ်ခွင့်ပြုထားသည်။ ကျရှုံးနေပြီဖြစ်သည့် စစ်အာဏာရှင်တို့၏ဇွတ်တရွတ်လုပ်ဆောင်သော ယခုလုပ်ရပ်သည် ပြောင်းပြန် အကျိုးဆက်သာဖြစ်လာမည်ဖြစ်ပြီး ဘာမှဖြစ်နိုင်စရာမရှိဟု လောင်းကြေးထပ်ပါသည်။ စစ်အာဏာရှင်တို့သည် လက်ရှိတွင်အလွန်အားနည်းနေပြီး ပြိုကွဲပျက်စီးနေသောကြောင့် ပမာဏ အတိုင်းအတာတခုအတွက် စစ်သားသစ်စုဆောင်းခြင်းလုပ်ငန်းဆောင်ရွက်ရန်…

  • မူလစစ်တပ်ကိုပင် ပုံစံတကျ စီမံခန့်ခွဲမှု လုပ်ဆောင်နိုင်ခြင်းမရှိသည့် စစ်ခေါင်းဆောင်က စစ်မှုထမ်း ဥပဒေဖြင့် တပ်သစ်တည်ရန်ကြိုးစား

    မူလစစ်တပ်ကိုပင် ပုံစံတကျ စီမံခန့်ခွဲမှု လုပ်ဆောင်နိုင်ခြင်းမရှိသည့် စစ်ခေါင်းဆောင်က စစ်မှုထမ်း ဥပဒေဖြင့် တပ်သစ်တည်ရန်ကြိုးစား

    အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်း၏ တပ်အင်အား အရေးပေါ် လိုအပ်ချက်အတွက် ယခင်စစ်ခေါင်းဆောင်ဟောင်း ပြဌာန်းခဲ့သည့် နိုင်ငံသား တိုင်းမဖြစ်မနေ စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို အသက်သွင်းကာ အရွယ်ရောက်သူတိုင်း မဖြစ်မနေ စစ်မှုထမ်းရမည်ဖြစ်ကြောင်း ယမန်နေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ ညပိုင်းက ထုတ်ပြန် ကြေညာခဲ့သည်။ ယခင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာ ၄ ရက်နေ့တွင် လက်မှတ်ထိုး ထုတ်ပြန် ခဲ့သည့် အဆိုပါဥပဒေကို ၁၃ နှစ်ကျော်အကြာတွင် စစ်ကောင်စီက လက်ရှိကာလတွင် စတင်ကျင့်သုံးရန် ပြင်ဆင်လာခြင်းဖြစ်ပြီး အနည်းဆုံး ၂ နှစ်မှ ၅ နှစ်အထိ စစ်မှုထမ်း ရမည်ဖြစ်ကြောင်း သိရသည်။ ဥပဒေတစ်ခုကို…

  • ပေါ့ပေါ့မတွေးဘဲ ကြိုတင် ပြင်ဆင်ကြပါ

    ပေါ့ပေါ့မတွေးဘဲ ကြိုတင် ပြင်ဆင်ကြပါ

    စစ်ပွဲတွေ မရှိတဲ့ ရန်ကုန်၊ နေပြည်တော်၊ ဧရာဝတီ၊ မွန်၊ တနင်္သာရီနဲ့ တိုက်ပွဲတွေ ရှိပေမဲ့ နေရာလိုက်ကွက်ပြီး တည်ငြိမ်တဲ့ ကချင်၊ ကရင်၊ ကရင်နီ၊ မကွေးတို့လို နေရာတွေမှာ စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၃ တနှစ်လုံး Biometric Data ကောက်တာ လုပ်ခဲ့ပါတယ်။ Biometric Data (ဇီဝဆိုင်ရာအချက်အလက်) ကောက်ယူတယ်ဆိုတာက လက်ဗွေရာ အပြည့်အစုံယူတာ၊ မျက်စိကို စကန်ဖတ်တာတွေ ဖြစ်ပြီး ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာဆိုရင်တော့ အသံကို သွင်းယူတာ၊ မျက်နှာအနေအထားကိုပါ မှတ်တမ်းတင်ယူတာမျိုးတွေထိ ပါဝင်ပါတယ်။ ◉ အချိန်ယူခဲ့ပုံရ Burma Affairs & Conflict Study အဖွဲ့ရဲ့ စစ်တမ်းတွေအရ ဒီလို ဇီဝအချက်အလက် ကောက်ယူတာတွေကို ပြီးစလွယ်လုပ်ခဲ့တာ မဟုတ်ဘဲ မကွေး၊ မန္တလေး၊…

  • စစ်တပ်ထဲ ဝင်ပြီးမှ လက်နက်နဲ့ အလင်း ဝင်မယ်တို့၊ သူ့လက်နက်နဲ့ သူ့ပြန်ဆော်မယ်တို့ ဆိုတဲ့ အတွေးတွေ ခဏ မေ့ထား

    စစ်တပ်ထဲ ဝင်ပြီးမှ လက်နက်နဲ့ အလင်း ဝင်မယ်တို့၊ သူ့လက်နက်နဲ့ သူ့ပြန်ဆော်မယ်တို့ ဆိုတဲ့ အတွေးတွေ ခဏ မေ့ထား

    by

    in

    စစ်ကောင်စီဟာ ရခိုင်ကိစ္စနဲ့ အကြီးအကျယ် စိတ်ဓာတ် ပျက်နေတဲ့ သူ့လူတွေကို အာရုံလွှဲဖို့ စစ်မှု မထမ်းမနေရ ဥပဒေကို အတည်ပြု လိုက်ပါပြီ။ ဒီဥပဒေကို သန်းရွှေ လက်ထက် ကတည်းက ရေးဆွဲခဲ့တာ ဖြစ်ပေမယ့် သိန်းစိန် လက်ထက်မှာရော၊ NLD အစိုးရ လက်ထက်မှာပါ အတည်မပြု ခဲ့ကြပါဘူး။ အဘက်ဘက်မှာ အရှုံးတွေနဲ့ ရင်ဆိုင် နေရတဲ့ မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီ လက်ထက်မှာမှ သွေးရူးသွေးတမ်းနဲ့ အတည်ပြု အသက်သွင်း လိုက်တာ ဖြစ်ပါတယ်။ ဒီနေရာမှာ စစ်တပ်ထဲ ဝင်ပြီးမှ လက်နက်နဲ့ အလင်း ဝင်မယ်တို့၊ သူ့လက်နက်နဲ့ သူ့ပြန်ဆော်မယ်တို့ ဆိုတဲ့ အတွေးတွေ ခဏ မေ့ထားပါ။ စစ်မှုထမ်း ဥပဒေကြောင့် စစ်ထဲ မဖြစ်မနေ ဝင်လာတဲ့ သူတွေကို…

  • YDF ရဲဘော် ဖိုးတေနှင့် ရဲဘော်သားထောင်တို့ ဘယ်လို အဖမ်းခံခဲ့ရတာလဲ၊ အာဇာနည်ရဲဘော် ၂ ဦးရဲ့ ဘ၀ နောက်ကြောင်း ဘယ်လိုရှိသလဲ

    YDF ရဲဘော် ဖိုးတေနှင့် ရဲဘော်သားထောင်တို့ ဘယ်လို အဖမ်းခံခဲ့ရတာလဲ၊ အာဇာနည်ရဲဘော် ၂ ဦးရဲ့ ဘ၀ နောက်ကြောင်း ဘယ်လိုရှိသလဲ

    မြောက်ခင်ရန်းကျေးရွာမှ စစ်တပ်နှင့်ပျူစောထီးများက မီးရှို့သတ်ဖြတ်လိုက်သည့် YDF ရဲဘော် ဖိုးတေနှင့် ရဲဘော်သားထောင်တို့ ဘယ်လို အဖမ်းခံခဲ့ရတာလဲ၊ အာဇာနည်ရဲဘော် ၂ ဦးရဲ့ ဘ၀ နောက်ကြောင်း ဘယ်လိုရှိသလဲ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းကျေးရွာတွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ ယောဒေသကာကွယ်ရေးတပ် YDF မှ ရဲဘော်ဖိုးတေနှင့် ရဲဘော် သားထောင် တို့ ၂ ဦးကို စစ်တပ်နှင့်ပျူစောထီးများက အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်သည် ပြည်တွင်းပြည်ပနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်း၊ ကုလသမဂ္ဂလစုံစမ်းရေးကော်မရှင်IIMM အထိ ဗီဒီယိုသက်သေနှင့်တကွ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ သူတို့နှစ်ဦး သတ်ဖြတ်မခံရခင် အခြေအနေများနှင့် သူတို့နှစ်ဦး၏ အကြောင်းကို YDF ၏ စစ်ဒေသမှူး ကိုကောင်းကို ဆက်သွယ်မေးမြန်းထားပါသည်။ မေး ။ ။…

  • ဇော်ဘုန်းဟိန်း ပေါက်ကွဲနေပီ

    ဇော်ဘုန်းဟိန်း ပေါက်ကွဲနေပီ

    ဇော်ဘုန်းဟိန်း ပေါက်ကွဲနေပီ🤗. ခေါင်းစိမ်းလေးးး တွေ တေကြတဲ့🤭 ငါပြောတာ မဟုတ်ဘူးးး နော် ဇော်ဘုန်းဟိန်းက ပြောနေတာ 😁 သူတို့ချင်း မေတ္တာထားတတ်ကြပုံများ😂😂😂

  • ကိုမာဝီမှ ပြည်သူသို့ သတင်းစကား✉️

    ကိုမာဝီမှ ပြည်သူသို့ သတင်းစကား✉️

    by

    in

    ငြိမ်းချမ်းစွာနဲ့ ဆန္ဒတွေထုတ်ဖော်ခဲ့ကြတဲ့လမ်းတွေ၊ ပြည်သူ့ဆန္ဒ ပြည်သူလိုချင်တာ ပြည်သူမျှော်လင့်တာတွေဟာ တရားမျှတမှုပါ ဖယ်ဒရယ်ဒီမိုကရေစီပါ လူထုရွေးကောက်တဲ့အစိုးရပါဆိုတာကို ကိုယ့်မြိုကိုယ့်ရွာမှာ ဖော်ထုတ်ခဲ့ကြ တောင်းဆိုခဲ့ကြတာ ဒီလမ်းမတွေပေါ်မှာပေါ့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့တဲ့ပြည်သူတွေကို ရက်ရက်စက်စက်ဖမ်းဆီး ပစ်ခတ် Tတ်ဖြတ်ခဲ့တာတွေလည်း ဒီလမ်းမတွေပေါ်မှာပေါ့ ဘာလက်နက်မှ မပါတဲ့ ပြည်သူတွေကို ေTရဲတဲ့ကောင်ထွက်ခဲ့လို လက်နက်ကြီးတွေကိုင်ပြီး စိန်ခေါ်ခဲ့တာလည်း ဒီလမ်းမတွေပေါ်မှာပေါ့ အဲ့ဒီမတရားမှုတွေကို မခံနိုင်တော့တဲ့ကျနော်တိုလူငယ်တွေဟာ တော်လှန်ဖိုဆုံးဖြတ်ခဲ့ကြပြီး တရားမျှတမှုတွေကိုရှာဖွေဖို ကျနော်တိုမြို ကျနော်တိုရွာကိုပြန်လာခဲ့ပြီ။ ဒီမြိုဟာ ငါတိုမြို ငါတိုဟာ ငါတိုမြိုကို ပြန်ရောက်လာခဲ့ပြီ (ရောက်တာတော့ ၂ လကျော်ပါပြီ စာကအခုမှရေးတာ)။ This is our land, this is our city, this is our home, we are back…

  • ခေါင်းကို ရေအေးအေးနဲ့ ဖြန်းပေးပါ အယ်ဘ

    ခေါင်းကို ရေအေးအေးနဲ့ ဖြန်းပေးပါ အယ်ဘ

    😁😁 အဘခေါင်းကို ရေအေးအေးနဲ့ ဖြန်းပေးပါ အတွင်းသတင်းအရ အဘ ခေါင်းမီး တောက်နေတယ်လို့ သိရတယ်။ မြောက်ပိုင်းကိစ္စ၊ သန်းကောက်စာရင်းကိစ္စ၊ ရွေးကောက်ပွဲကိစ္စ၊ လူအချိန်း အပြောင်းကိစ္စ၊ စစ်ပွဲတွေ ရူံးရတဲ့ကိစ္စ၊ ရွှေကုက္ကိုလ် စောချစ်သူကိစ္စနဲ့ တပ်မတော်နေ့ ကျင်းပရေးကိစ္စတွေလို့ ထင်ကြပါလိမ့်မယ်။ မဟုတ်ပါဘူး။ ရုရှဆီကနေ လေယဥ်နဲ့ စစ်လက်နက် ပစ္စည်းတွေကို အကြွေးနဲ့ အားတိုင်းယားတိုင်း ယူထားမိခဲ့တဲ့ ကိစ္စပါ။ အရင်တခါ အကြွေးတောင်းခံရတုန်းက ကပစထုတ် လက်နက်ကြီး ကျည်ဆံတွေပို့ပြီး ပူတင်စိတ်ကျေနပ်အောင် ဆပ်ပေးခဲ့ရတယ်။ အခုတခါ ထပ်ပြီး ရုရှက နားပူနားဆာလုပ် တောင်းနေပြန်ပါတယ်။ လက်နက်ကြီးကျည်တွေ ပို့ဖို့ကလဲ ပြည်တွင်းအတွက်တောင် အနိုင်နိုင်မို့ အဘ တိုင်ပတ်နေပါတယ်။ တကယ်လို့ မဆပ်နိုင်ဘူးဆိုရင် ရုရှဘဏ်တွေမှာ လွှဲပြောင်းထားတဲ့ အဘရဲ့မိသားစုပိုင် အပ်နှံငွေတွေကို ယာယီ…